ငါးမွေးမြူသူများအတွက် ဈေးကွက်ချိတ်ဆက်ပေးနိုင်ရန်ရည်ရွယ်သည့် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

28/03/2023 18:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

ငါးမွေးမြူရေးလုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက်နေသူတွေအားလုံးကြား ဈေးကွက်ချိတ်ဆက်ပေးနိုင်ဖို့ ရည်ရွယ်တဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို မတ် ၂၈ ရက် ဒီနေ့ကစပြီး တောင်ကြီးမြို့နယ်၊ ဂနိုင်ရှည်ရွာရှိ ဂနိုင်ရှည်ခရစ်ယာန် ဘုရားကျောင်းမှာ ပြုလုပ်နေပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲကို BRAC Myanmar နဲ့ World Fish အဖွဲ့တို့  ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး ငါးမွေးမြူရေးလုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက်နေသူတွေအားလုံး ချိတ်ဆက်မှုပိုမိုလာခြင်းဖြင့် ဈေးကွက် ပိုမိုမြှင့်တင်နိုင်ရေးရည်ရွယ်ချက်နဲ့ ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ 

ယခုအလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရတဲ့ရည်ရွယ်ချက်တွေကတော့...

  • စီးပွားရေးအယူအဆများကို လုပ်ကွက်ငယ်ငါးမွေးတောင်သူများ ပိုမိုသိရှိနားလည်သဘောပေါက်လာစေရန်
  • ငါးစာထုတ်လုပ်သူများ၊ ငါးသားပေါက် ထုတ်လုပ်သူများ၊ ငါးအရောင်းအဝယ်လုပ်ငန်းရှင်များ၊ အခြားသွင်းအားစုလုပ်ငန်းရှင်များနှင့် လုပ်ကွက်ငယ်ငါးမွေးတောင်သူများကြား အချင်းချင်းချိတ်ဆက်နိုင်ခြင်းဖြင့် ရေရှည်တည်တံ့မည့် ငါးမွေးမြူရေးလုပ်ငန်းစဉ်များကို အဆင့်မြှင့်တင်နိုင်ရန်နှင့် 
  • World fish က ကူညီပံ့ပိုးပေးထားသော ငါးစာထုတ်လုပ်သူများက ထုတ်လုပ်သည့် ငါးစာလုံးများကို ရောင်းအားမြှင့်တင်သွားနိုင်ရန် 

စတာတွေဖြစ်တယ်လို့ သိရပါတယ်။

အလုပ်ရုံဆွေးနွေးပွဲမှာတော့ ငါးမွေးတောင်သူများ၊ ငါးမွေးတောင်သူများနှင့် ချိတ်ဆက်လုပ်ငန်း လုပ်ဆောင်နေ သူများနဲ့ WorldFish အဖွဲ့နှင့် BRAC Myanmar အဖွဲ့ဝန်ထမ်းများ ပါဝင်ဆွေးနွေးမှုတွေ ပြုလုပ်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်