အပင်များတွင် ဇင့် (သွပ်) ဓာတ်ချို့တဲ့ခြင်း  

26/08/2020 11:30 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

 

     ဇင့်ဓာတ်သည် အပင်များကြီးထွားရန်နှင့် ဆစ်ကြားများ ရှည်ထွက်လာစေရန်အတွက် အရေးပါသော အနည်းလို အာဟာရဓာတ် တစ်မျိုးဖြစ်ပါသည်။ အနည်းလို အာဟာရဓာတ်ဖြစ်သော်လည်း ဇင့်ဓာတ်ချို့တဲ့မှု ပြင်းထန်ပါက သီးနှံများ၏ အထွက်နှုန်းနှင့် အရည်အသွေးကို ထိခိုက််စေနိုင်ပါသည်။ ဇင့်ချို့တဲ့မှုသည် သီးနှံနှင့် မြေအမျိုးအစားမရွေး ဖြစ်နိုင်ပါသည်။ ဇင့် ချို့တဲ့မှုအား စပါး၊ ဂျုံ၊ ပြောင်း စသောသီးနှံများတွင် အများဆုံးတွေ့ရတတ်ပါသည်။ ဇင့်ဓာတ်ချို့တဲ့ခြင်းသည် အက်ဆစ်ဆန်သောမြေနှင့် အယ်ကာလိုင်း ဆန်သောမြေ ၂ မျိုးစလုံးတွင် တွေ့ရတတ်ပါသည်။ ထို့နည်းတူ တီစူပါနှင့် ကော့ပါး (ကြေးနီ) ဓာတ်ပါသော မြေသြဇာများ အများအပြားသုံးစွဲခြင်းသည်လည်း ဇင့် ချို့တဲ့မှုကို ပိုမို ဆိုးရွားစေပါသည်။ ဇင့် ဓာတ်ချို့တဲ့ခြင်း လက္ခဏာသည် သီးနှံအမျိုးအစား အပေါ်မူတည်ပြီး သိသိသာသာကွဲပြားပါသည်။ 

     အပင်များတွင် ဇင့် ဓာတ်ချို့တဲ့ပါက ယေဘူယျအားဖြင့် အောက်ပါ လက္ခဏာများကို တွေ့မြင်နိုင်ပါသည်။ 

     - ကလိုရိုဖီး အစိမ်းရောင် ကွက်ကြားများ ဖြစ်ပေါ်နေခြင်း 

     - အပင် တစ်ရှုးများသေခြင်း 

     - အရွက်များ ကြေးရောင်သမ်းလာခြင်း 

     - အပင်များ ကြီးထွားမှု ရပ်တန့်ပြီး အပင်ပုနေခြင်း 

      - အပင်၏ ဆစ်ကြားများ တိုလာခြင်း 

     - အပေါ် အရွက်များတွင် အညိုရောင် အစက်များတွေ့ရခြင်း 

     - ပုံမှန်အတိုင်းမဟုတ်ဘဲ အရွက်များ သေးနေခြင်း 

     - အရွက်များ တွန့်လိမ်နေခြင်း စသည့် လက္ခဏာများ တွေ့မြင်ရမည် ဖြစ်ပါသည်။ အပင် အာဟာရချို့တဲ့မှုကြောင့် ဖြစ်ပေါ်လာသော လက္ခဏာများမှာ ရောဂါကြောင့် ဖြစ်သော လက္ခဏာများနှင့် ဆင်တူသောကြောင့် သတိပြုရန်လည်း လိုအပ်ပါသည်။ အထူးသဖြင့် ဇင့် ဓာတ်ချို့တဲ့မှုသည် သံဓာတ်ချို့တဲ့ခြင်း၊ သံဆိပ်သင့်ခြင်းနှင့် ဗိုင်းရပ်စ်ရောဂါအချို့ တို့၏ လက္ခဏာနှင့် ဆင်တူလေ့ ရှိပါသည်။ ပတ်ဝန်းကျင် အခြေအနေများပေါ် မူတည်၍လည်း ဇင့် ဓာတ်ချို့တဲ့မှု ဖြစ်ပေါ်နိုင်ပါသည်။ ပတ်ဝန်းကျင်၏ အပူချိန်နိမ့်ခြင်း၊ အလင်းရောင်ရရှိမှုနည်းခြင်း၊ နေ့တာတိုခြင်း စသည်တို့ကလည်း ဇင့် ဓာတ်ချို့တဲ့ခြင်းနှင့် ဆက်စပ်မှုရှိကြောင်း သိရပါသည်။  

မြေဆီလွှာတွင် ဇင့် ဓာတ်ချို့တဲ့ ရသည့် အကြောင်းအရင်း တစ်ချို့မှာ 

     - မြေဆီလွှာတွင် ဇင့် ဓာတ်ပါဝင်မှုနည်းခြင်း 

     - သဘာဝမြေသြဇာများ ပါဝင်မှုနည်းလွန်းခြင်း/ များလွန်းခြင်း 

     - အမြစ်ကြီးထွားမှုနည်းခြင်း

     - မြေချဥ်လွန်းခြင်း 

     - မြေဆီလွှာ၏ အပူချိန်နည်းနေခြင်း 

     - မြေကြပ်ခြင်း၊ ရေစိမ့်ဝင်နိုင်မှု အားနည်းခြင်း

    - မြေဆီလွှာတွင် ဖော့စဖောရပ်စ် (တီစူပါ) ဓာတ် ပါဝင်မှုများနေခြင်း စသည်တို့ကြောင့် ဖြစ်လေ့ရှိပါသည်။ 

     ဇင့် ဓာတ်သည် အပင်ကြီးထွား ဖွံ့ဖြိုးရန်အတွက် အရေးပါသော အနည်းလို အာဟာရဓာတ် တစ်မျိုးဖြစ်ပါသည်။  သီးနှံများအပေါ်မူတည်ပြီး ဇင့် ဓာတ်လိုအပ်မှုကွဲပြားသော်လည်း အနည်းလို အာဟာရဓာတ် ဖြစ်သောကြောင့် ၂၀ မီလီဂရမ်မှ ၁၀၀ မီလီဂရမ် ပမာဏသည် ယေဘူယျအားဖြင့် အပင်အားလုံးအတွက် သင့်တော်သော ပမာဏဖြစ်ပါသည်။ မိမိ၏မြေတွင် ဇင့် ဓာတ်ချို့တဲ့နေပါက ဇင့်ဆာလဖိတ်၊ ဇင့်အောက်ဆိုက် ပါဝင်သော မြေသြဇာများ ထည့်သွင်းကာ ပြုပြင်နိုင်ပါသည်။ ယေဘူယျအားဖြင့် ၁ ဧကလျှင် ၄၀ ကီလိုဂရမ် ထည့်သွင်းပေးသင့်ပါသည်။ သို့သော် သီးနှံနှင့် မိမိစိုက်ခင်း အခြေအနေများ မူတည်ပြီး ပမာဏပြောင်းလဲ အသုံးပြုရမည် ဖြစ်ပါသည်။ မြေငံနေသော စိုက်ခင်းများတွင် ဇင့် ဓာတ်ချို့တဲ့ပါက ပြုပြင်နိုင်ရန် ခက်ခဲပါသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းမြေများတွင် ဇင့် မြေသြဇာထည့်ပေးသော်လည်း အပင်မှ မစုပ်ယူနိုင်သောကြောင့်ဖြစ်ပါသည်။ 

     အချို့သောစိုက်ခင်းများတွင် ဇင့် ဆာလဖိတ်ကို ရွက်ဖျန်းအနေဖြင့် သစ်သီးပင်များနှင့် စပျစ်စိုက်ခင်းများတွင်လည်း အသုံးပြုလေ့ရှိကြပါသည်။ ထို့အပြင် ဇင့်ကို မျိုးစေ့များ ကုသရန်နှင့် ပျိုးပင်များ ရွှေ့ပြောင်းမစိုက်မီ အမြစ်များကို စိမ်ရာတွင်လည်း အသုံးပြုကြပါသည်။ မိမိစိုက်ပျိုးမည့်  မျိုးစေ့များ ချမစိုက်ခင်နှင့် ရွှေ့ပြောင်းမစိုက်ခင် ကာလ ကပင် စိုက်ခင်းနှင့် ပျိုးခင်းများတွင် သဘာဝမြေသြဇာများ အသုံးပြုခြင်းဖြင့်လည်း ဇင့်ဓာတ်ချို့တဲ့မှုကို သက်သာစေနိုင်ပါသည်။ သီးနှံ မစိုက်သော ကာလများတွင် စိုက်ခင်းကို ရေလွှမ်ထားခြင်းဖြင့်လည်း ဇင့်ဓာတ်ချို့တဲ့မှုကို ကုသနိုင်ကြောင်း သိရပါသည်။ 

ဇင်ထူးနိုင် 

ကိုးကားချက် 

- https://en.wikipedia.org/wiki/Zinc_deficiency_(plant_disorder)

- http://www.knowledgebank.irri.org

- https://www.smart-fertilizer.com/articles/zinc-in-plants/

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်