မန်ချူးစပါး (သို့) စား၍ရသော စပါးရိုင်းအကြောင်း

29/12/2020 11:45 AM တွင် Nyan Thant Zin Nyan Thant Zin မှ ရေးသား

      စပါးရိုင်းတဖြစ်လည်း မန်ချူးစပါးသည် အာရှမျိုးရင်းဖြစ်ပြီးသိပ္ပံအမည်မှာ Zizania Latifoliaဖြစ်ပါသည်။ ၎င်းစပါးရိုင်းတွင်မူ အစေ့ရောပင်စည်ကိုပါ စားသုံး၍ရပါသည်။ လေ့လာချက်များအရ စပါးရိုင်းမျိုးများထဲမှ ရှေးခတ်တရုတ်ပြည်တွင် အရေးကြီးသောသီးနှံဖြစ်ခဲ့‌သော စပါးမျိုးရိုင်းဖြစ်ပါသည်။ ၎င်းမျိုးရိုင်းများကို လယ်မြေများတွင် အတွေ့ရများတတ်ပြီး ယခုအချိန်တွင် ၎င်းကိုစပါးရိုင်းအဖြစ် မသတ်မှတ်ကြတော့ပါ။ တရုတ်တွင် မူ၎င်းစပါးပင်၏ အစေ့ကို မစားကြတော့သည်အထိရှိလာပါသည်။အဘယ်ကြောင့်ဆိုသော် ၎င်းစပါးမျိုးတွင် ပင်စည်ကို အဓိကစားသုံးရသောကြောင့်ဖြစ်ပါသည်။မန်ချူးစပါးကို အာရှနိုင်ငံများတွင် စိုက်ပျိုးရေးသီးနှံအဖြစ် သတ်မှတ်ကာစိုက်ပျိုးကြပါသည်။

       ၎င်းစပါးမျိုးများ၏ သီးနှံအောင်မြင်မှုသည် Ustilago esculentaဟုခေါ်သော မှိုတစ်မျိုးအပေါ်မူတည်ပါသည်။ ၎င်းမှိုကျရောက်ခြင်းကိုခံရပါမှ ပင်စည်သည်အရည်ရွှမ်းလာပြီး နူးညံ့လာမည်ဖြစ်ပါသည်။ ၎င်းမှိုကျရောက်ခြင်းခံရပြီးနောက် ပင်စည်တွင်းရှိဆဲလ်များ အဆမတန်ကြီးလာပြီးဆဲလ်အရေအတွက်များ များပြားလာပြီးအရည်ရွှမ်းပါသည်။ ၎င်းမှိုသည် အပင်တွင်ပန်းပွင့်ခြင်း ၊ အသီးတည်ခြင်းတို့ကို တားဆီးသောကြောင့် ရိုင်ဇုမ်း(ပင်ပိုင်းမျိုးပွားနည်း)ဖြင့်သာ မျိုးပွားပေးရပါသည်။ဖောင်းပွနေသောပင်စည်များကိုမူ သီးနှံအဖြစ် ရိတ်သိမ်းရပါသည်။ ၎င်းပင်စည်များသည် ၃စင်တီမီတာမှ ၄ စင်တီမီတာအထိကျယ်တတ်ကြပြီး ၂၀စင်တီမီတာအထိရှည်လျားပါသည်။

        ယခုဆိုလျှင် ၎င်းစပါးရိုင်းမျိုးအားစိုက်ပျိုးလာသည်မှာ နှစ်ပေါင်း၄၀၀ကျော်ပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်အရပ်အခေါ်အရ ရေပြောင်းဖူးဟု ခေါ်ကြသည်ဟုလည်း မှတ်သားဖူးပါသည်။ ၎င်း၏အရသာနှင့် နူးညံ့မှုကြောင့် လူကြိုက်များသောသီးနှံဖြစ်ပြီး အစိမ်းလိုက်သုပ်စား၍ဖြစ်စေ ချက်စား၍ဖြစ်စေ စားသုံးနိုင်ပါသည်။ ၎င်းစပါးကိုစက်တင်ဘာလမှ အောက်တိုဘာလအထိ စိုက်ပျိုးရိတ်သိမ်းကြပါသည်။ ၎င်းရာသီသည် အခြားသီးနှံများ ရှားပါးချိန်ဖြစ်၍ စားသုံးသူများကိုပို၍ ဆွဲဆောင်နိုင်စေပါသည်။ ယခုအခါ၎င်းစပါးကို နယူးဇီလန်နိုင်ငံတွင် ပြည်ပမှလာသောစပါးအဖြစ် သတ်မှတ်ထားရှိပြီး စားသုံးကြပါသည်။ ဟာဝိုင်အီသို့လည်း တင်သွင်းနေကြပြီ ဖြစ်ပါသည်။အမေရိကန်‌နိုင်ငံသို့ တင်သွင်းခြင်းကိုမူQuarantineဥပ‌ဒေများအရ တားဆီးထားပါသည်

Source။ ။https://en.m.wikipedia.org/wiki/Zizania_latifolia

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်