လူမှုကွန်ယက်နဲ့ အင်တာနက် စာမျက်နှာ- ဘာ့ကြောင့် အစိမ်းရောင်လမ်းက website ကို အားပြုနေသလဲ

16/01/2018 09:04 AM တွင် သိန်းစိုးမင်း သိန်းစိုးမင်း မှ ရေးသား

အခု တစ်လော တော်တော် များများက  အစိမ်းရောင်လမ်းက ဝက်ဆိုဒ်ကို အားပြုလွန်းတယ်။ တော်ရုံ တန်ရုံဆိုFacebook မှာ တင်လိုက်ရင် လူပိုသိ တာပေါ့လို့ ပြောတတ် ကြ ပါတယ်။ ဒါဟာ ရုတ်တရက် စဉ်းစားရင်တော့ မှန်သလို လိုပါပဲ။ ဒါပေမဲ့ အစိမ်းရောင်လမ်း ရဲ့ ရည်ရွယ်ချက် တွေနဲ့ ပြန် စဉ်းစား လိုက်တဲ့ အခါမှာ Facebook  ဟာ အစိမ်းရာင်လမ်း အတွက် အားထားရတဲ့ လူမှုကွန်ယက် မဟုတ်ပါဘူး။ ကဲ ဒါဆိုရင် ဝက်ဆိုဒ် မှာ ဘာ အားသာချက်တွေ ရှိလည်း ကြည့်ကြည့် လိုက်ရအောင်။

ကိုယ်ပိုင်ဝက်ဆိုဒ်ရှိနေခြင်းရဲ့အကျိုးကျေးဇူးများ

၁။အချက်အလက်များကဏ္ဍအလိုက်တစ်စုတစ်စည်း တည်းရှိနေခြင်း

၂။Google, Yahoo စတော့အချက်အလက် ရှာဖွေပေးသောဝက်ဆိုဒ်ကြီး များမှအလွယ်တကူ ရှာဖွေ ပေးနိုင်ခြင်း

၃။အသုံးပြုသူများရှာဖွေရလွယ်ကူခြင်း

၄။အချက်အလက်များကိုကိုယ်ပိုင် စီမံခန့်ခွဲပြီးထိန်းသိမ်း နိုင်ခြင်း

၅။ယုံကြည် စိတ်ချရသောဝက်ဆိုဒ်နဲ့မယုံကြည် ရသောဝက်ဆိုဒ်များကိုခွဲခြားနိုင်ခြင်း

၆။နှစ်လအတန်ကြာ တင်ထားသောအကြောင်းအရာ များကိုအလွယ်တကူရှာဖွေ နိုင်ခြင်း

၇။တာဝန်ယူမှုမြင့်မားခြင်း

၈။အကိုးအကား အဖြစ်အသုံးပြု နိုင်ခြင်း

၉။ကြော်ငြာများကိုမိမိ စိတ်ကြိုက်လက်ခံခွင့် ပြုနိုင်ခြင်း

၁၀။မိမိ တင်ထားသောအချက် အလက် များကိုအရန် သိမ်းဆည်း ထားနိုင်ခြင်း/ အခြား ဆိုဒ် တစ်ခုသို့ကူးပြောင်း တင်နိုင်ခြင်း

၁၁။အဖွဲ့အစည်းရဲ့လုပ်ဆောင် ချက်တွေ၊အဖွဲ့ရဲ့အကြောင်း အရာကိုအများ သူငါအလွယ် တကူရှာဖွေတွေ့ရှိ နိုင်ခြင်း

ဒီအချက် အလက်တွေက အစိမ်းရောင်လမ်း ကိုယ်တိုင် ကြုံတွေ့ ရရှိနေတဲ့ အကျိုးကျေးဇူးများပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက ကိုယ့်အဖွဲ့  အကြောင်းကို ပြည်တွင်း မှာရော ပြည်ပမှာပါ လူသိများ စေချင်ရင် ဝက်ဆိုဒ်တစ်ခု ထောင်လိုက် ခြင်းဟာ အကောင်းဆုံး နည်းလမ်းဆိုတာ ပြောဖို့တောင် လိုမယ် မထင်ပါဘူး။ အစိမ်းရောင်လမ်း အဖွဲ့ရဲ့  ဝက်ဆိုဒ်ကို ဒီနေ့လို အခြေအနေ ဖြစ်လာအောင် Mspiral ကကူညီ တည်ထောင်ပြီး ကတည်းက Gmail က တစ်ဆင့် ဆက်သွယ်တဲ့သူ နည်းသွားပြီး Website ဖတ်ကြည့်ပြီး စိတ်ဝင်စားလို့ ဆက်သွယ်တာပါ ဆိုတဲ့ပြည်တွင်းပြည်ပက စိတ်ဝင်စားသူတွေဟာ သက်သေပါပဲ။

ကိုယ်ပိုင်ဝက်ဆိုဒ်

နောက် လိုအပ်ချက် တစ်ခုကတော့ တင်မယ့်ဝက်ဆိုဒ်ရဲ့ စာတွေဓာတ်ပုံတွေကို သိမ်းထားဖို့နေရာ (hosting) တစ်ခုလိုအပ်ပါတယ်။ အဲဒီအတွက်အလကား သိမ်းလို့ရမယ့်နေရာတွေရှိပေမယ့် သိမ်းနိုင်မယ့် ပမာဏကသေးငယ်ပါတယ်။ လိုရင်းကတော့ကိုယ်ပိုင် ဝက်ဆိုဒ်တစ်ခုကောင်းကောင်း ရဖို့အတွက် ဆိုရင်အားစိုက်ထုတ်မှု တွေတော့လိုအပ် နေပါတယ်။

လူမှုကွန်ရက်(Social Website)

လူမှုကွန်ရက်လို့ရေးရင်လူသိ နည်းမယ် ထင်ပါတယ်။Facebook လို့ပြောရင်တော့မြန်မာနိုင်ငံမှာရှိတဲ့ အင်တာနက် သုံးသူတိုင်း သိကြမှာပါ ။ဖေ့ဘုတ် အပြင် တွတ်တာ၊ ဂူဂဲပလပ်၊ တမ်ဗလာ၊ အင်စတာဂရမ်၊ ဖလစ်ကာအစ ရှိသဖြင့်အများကြီးရှိကြ ပါတယ် ။မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံး ဖြစ်တဲ့ဖေ့ဘုတ်ကို အစိမ်းရောင်လမ်းရဲ့ အဓိကစာမျက်နှာ အဖြစ်အသုံးပြုဖို့ စဉ်းစားခဲ့ ဖူးပါတယ်။ ဒါပေမယ့် အဆင် မပြေခဲ့ပါဘူး။ အခြားသူတွေ အားကိုးလောက်တဲ့ စိုက်ပျိုးရေး နည်းပညာဝက်ဆိုဒ် တစ်ခုဖြစ်ဖို့ဆိုရင် တကယ်တော့ဖေ့ဘုတ်က ယုံကြည်ရ လောက်တဲ့နေရာ တစ်ခု မဟုတ်ပါဘူး။ ဥပမာကျောင်းသား တစ်ယောက်က သူ့စာစောင် အတွက် ကိုးကား ကိုဖေ့ဘုတ်ကနေ ယူလိုက်မယ် ဆိုရင် စာစစ်တဲ့ဆရာ အတွက်တော့ထောက်ခံပေးဖို့တော်တော် စဉ်းစားရပါလိမ့်မယ်။ ဒါပေမဲ့ ဝက်ဆိုဒ်မှာရေးပြီး Facebook ပြန်ဝေမျှ ပေးရင်တော့ လူများများဆီ ရောက်နိုင်တယ်လို့ ယူဆတာကြောင့်Facebook ကိုလည်း ဆက်လက် သုံးစွဲ နေရပါတယ်။

နောက်တစ်ချက် ကတော့အကြောင်းအရာ တစ်ခုကိုလိုချင်လို့ပြန်ရှာတဲ့ အခါမှာမလွယ်ကူ ပါဘူး။ တစ်ခါတစ်လေ အကြောင်းအရာကို သိပြီးဘယ်အချိန် ဘယ်သူက တင်လိုက်လဲဆိုတာ မသိလိုက် ရတဲ့ အခါမှာ ဦးနှောက် ခြောက်ရုံ၊ အချိန်ကုန်ရုံက လွဲပြီး ဘာမှရှာမရပါဘူး။ တစ်ခါတစ်လေမှာ ကိုယ်တင် လိုက်တဲ့စာတစ်ခု ကိုတောင်ပြန်မရှာနိုင် လောက်အောင် ပါပဲ။ ဒီတော့ကျွန်တော်တို့အဖွဲ့ရဲ့ ရည်ရွယ်ချက် ဖြစ်တဲ့ စိုက်ပျိုးရေး ဆိုင်ရာ နည်းပညာ တွေကို ထားဖို့နေရာကောင်းတစ်ခု မဟုတ်ဘူး ဆိုတာနားလည်ခဲ့ ပါတယ်။ ဒီနေရာဟာ စိုက်ပျိုးရေး နည်းပညာတွေကို လိုအပ်နေသူ ရှာဖွေနေသူ အတွက်အ ဆင်ပြေ လွယ်ကူ လှတဲ့နေရာ တစ်ခုမဟုတ်ပါဘူး။

ဒါဆိုဘာ့ကြောင့်Facebook နဲ့ Twitter ကိုဆက်သုံးနေတာလဲ။

အပေါ်မှာ ပြောခဲ့တဲ့ အတိုင်း Facebook ပေါ်မှာ အစိမ်းရောင်လမ်း ဝက်ဆိုဒ်က တင်လိုက်သမျှ နည်းပညာ အသစ်သစ် တွေကိုဖေ့ဘုတ်ပေါ်၊ တွတ်တာပေါ် လင့်(Link) အဖြစ်ပြန်တင်ပေး ခြင်းအားဖြင့်ဖေ့ဘုတ် သုံးစွဲသူများ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ရန် ရည်ရွယ်ပါတယ်။

နိဂုံးချုပ်ပြောရရင် အင်တာနက်ကို ဖုန်းနဲ့ပဲသုံးလို့ အဆင်ပြေတဲ့ အခြေအနေမှာ ကိုယ်က အကြောင်းအရာတစ်ခုသိချင်လို့ ဖုန်းသုံးပြီး ရှာမယ် ဆိုရင်တောင် အင်တာနက်ထဲ ဝင်လိုက်ပြီဆိုတာနဲ့ သံသရာ စက်ဝိုင်းကြီးလည်နေ လိုက်တာများပါတယ်။ ဒါပေမဲ့လည်း အစိမ်းရောင်လမ်း ရဲ့  ဝက်ဆိုဒ်က Facebook နဲ့ ယှဉ်ဖွင့်ရင် ဝက်ဆိုဒ်က အရင်ပွင့် နိုင်အောင် ပေါ့ပေါ့ပါးပါး ပြုလုပ် ထားပေး ပါတယ်။ နောက်ဆိုပညာရေး စနစ် ကြီးလည်း ပြောင်းလို့ ဆရာကခေါင်းစဉ်ပဲ ချပေးကျောင်းသားက ကိုယ်တိုင်စာရှာ ကိုယ်တိုင်ရေးဆိုတဲ့ခေတ် ရောက်လာ ရင်တော့Website ဆိုတာဟာ မရှိမဖြစ်ဖြစ်လာပြီး website ရဲ့ အကျိုးကျေးဇူး တွေကို နားလည် လက်ခံ လာမယ်လို့ ယုံကြည်ရင်းဇွဲခတ်လျက်…………

သိန်းစိုးမင်း

 

 

သေသပ်လှပသော ဝက်ဆိုဒ်တစ်ခု ဖန်တီးပေးပါသော Mspiral ကို အထူးးကျေးဇူးတင်ပါတယ်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်