ငှက်နဲ့ချွတ်စွပ်တူတဲ့ ပန်းပွင့်တွေအကြောင်း

31/07/2019 19:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အမှတ်တမဲ့ကြည့်လိုက်ရင် ငှက်ပိတုန်းနဲ့ပုံစံတူတဲ့ ဒီအရာတွေကတော့ ပန်းပွင့်တွေသာ ဖြစ်ပါတယ်။ ငှက်နဲ့တူလို့ ငှက်ပန်းပွင့် green bird flower၊၊ regal birdflower လို့ခေါ်ကြတဲ့ သူ့ရဲ့နာမည်အမှန်က Crotalaria cunninghamii ဖြစ်ပါတယ်။ ဒီပန်းကို ရှာဖွေတွေ့ရှိခဲ့တဲ့ ၁၉ ရာစု အင်္ဂလိပ်ရုက္ခဗေဒပညာရှင် Allan Cunningham ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနာမည်ကိုပေးထားခြင်းဖြစ်ပါတယ်။ 

ဒီပန်းပွင့်ရာအပင်ဟာ ချုံပုတ်ပင်တစ်မျိုးသာဖြစ်ပြီး ပဲမျိုးရင်း family ဝင်ဖြစ်တဲ့ Fabaceae မျိုးစိတ်ထဲမှာ ပါဝင်ပါတယ်။ ဒီအပင်တွေကို သြစတြေးလျမြောက်ပိုင်းဒေသက သဲသောင်အစပ်တွေ၊ ကမ်းခြေတွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ ချုံပုတ်ပင်အမျိုးအစားဖြစ်တာကြောင့် ဒီအပင်ရဲ့အမြင့်ဟာ ၁ မီတာ ကနေ ၂ မီတာခန့်အထိပဲ အများဆုံးရှိတတ်ပါတယ်။ ဒီပန်းတွေရဲ့ ဝတ်မှုံကူးခြင်းကိုတော့ ပျားအကြီးစား (Solitary Bee) တွေနဲ့ Honeyeater ဆိုတဲ့ငှက်တွေက လုပ်ဆောင်လေ့ရှိပါတယ်။ အရွက်တွေကတော့ ဘဲဥပုံသဏ္ဍာန်ရှိကာ ၃၀ မီလီမီတာခန့် ရှည်လျားပါတယ်။

အမျှင်တွေထူထဲနေတဲ့ သစ်ကိုင်းတွေနဲ့ အစွန်းမှာတော့ ပန်းပွင့်တွေဟာ ပွင့်နေကြပါတယ်။ အမှတ်တမဲ့ကြည့်လိုက်ရင် ပန်းပွင့်ဆိုတာထက် အကိုင်းရဲ့ထိပ်ဖျားမှာ ငှက်တွေကို ချိတ်ဆွဲထားတာနဲ့ ပိုတူပါတယ်။ ပန်းပွင့်တွေဟာ ဆောင်း နဲ့ ဆောင်းဦးရာသီ ၊ နွေဦးရာသီတွေမှာ ပွင့်လေ့ရှိပါတယ်။ 

သြစတြေးလျတိုင်းရင်းသား Aboriginal လူမျိုးစုတွေကတော့ ဒီအပင်ရဲ့အရွက်တွေကို မျက်လုံးကြည်စေဖို့နဲ့ မျက်စိနဲ့ပတ်သက်တဲ့ရောဂါတွေ ကုသတဲ့နေရာမှာ အသုံးပြုလေ့ရှိပါတယ်။ အမျှင်တွေနဲ့ဖွဲ့စည်းထားတဲ့ ဒီအပင်ရဲ့ပင်စည်ကိုတော့ Aboriginal လူမျိုးစုတွေက သဲကန္တာရထဲမှာသွားတဲ့အခါ ခြေထောက်မပူစေဖို့ ကြိုးသိုင်းဖိနပ် ပြုလုပ်လေ့ရှိကြပါတယ်။

ဒီငှက်ပန်းပွင့်အပင်တွေကို နွေးထွေးတဲ့ရာသီဥတုရှိတဲ့ အရပ်တွေမှာပဲ စိုက်ပျိုးနိုင်ပြီး အေးမြတဲ့ဒေသတွေမှာတော့ စိုက်ပျိုးလို့မရပါဘူး။ မြေဆီလွှာကောင်းတဲ့နေရာအပြင် အပင်ဟာ နေအလင်းရောင်ကိုလည်း ပုံမှန်ရနေဖို့လိုအပ်ပါတယ်။

credit: သုတဇုန်

links -

https://en.wikipedia.org/wiki/Crotalaria_cunninghamii

https://mymodernmet.com/crotalaria-cunninghamii-hummingbir…/

https://www.bgpa.wa.gov.au/…/plant-of-the-m…/2617-march-2019


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်