ငှက်နဲ့ချွတ်စွပ်တူတဲ့ ပန်းပွင့်တွေအကြောင်း

31/07/2019 19:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အမှတ်တမဲ့ကြည့်လိုက်ရင် ငှက်ပိတုန်းနဲ့ပုံစံတူတဲ့ ဒီအရာတွေကတော့ ပန်းပွင့်တွေသာ ဖြစ်ပါတယ်။ ငှက်နဲ့တူလို့ ငှက်ပန်းပွင့် green bird flower၊၊ regal birdflower လို့ခေါ်ကြတဲ့ သူ့ရဲ့နာမည်အမှန်က Crotalaria cunninghamii ဖြစ်ပါတယ်။ ဒီပန်းကို ရှာဖွေတွေ့ရှိခဲ့တဲ့ ၁၉ ရာစု အင်္ဂလိပ်ရုက္ခဗေဒပညာရှင် Allan Cunningham ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနာမည်ကိုပေးထားခြင်းဖြစ်ပါတယ်။ 

ဒီပန်းပွင့်ရာအပင်ဟာ ချုံပုတ်ပင်တစ်မျိုးသာဖြစ်ပြီး ပဲမျိုးရင်း family ဝင်ဖြစ်တဲ့ Fabaceae မျိုးစိတ်ထဲမှာ ပါဝင်ပါတယ်။ ဒီအပင်တွေကို သြစတြေးလျမြောက်ပိုင်းဒေသက သဲသောင်အစပ်တွေ၊ ကမ်းခြေတွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ ချုံပုတ်ပင်အမျိုးအစားဖြစ်တာကြောင့် ဒီအပင်ရဲ့အမြင့်ဟာ ၁ မီတာ ကနေ ၂ မီတာခန့်အထိပဲ အများဆုံးရှိတတ်ပါတယ်။ ဒီပန်းတွေရဲ့ ဝတ်မှုံကူးခြင်းကိုတော့ ပျားအကြီးစား (Solitary Bee) တွေနဲ့ Honeyeater ဆိုတဲ့ငှက်တွေက လုပ်ဆောင်လေ့ရှိပါတယ်။ အရွက်တွေကတော့ ဘဲဥပုံသဏ္ဍာန်ရှိကာ ၃၀ မီလီမီတာခန့် ရှည်လျားပါတယ်။

အမျှင်တွေထူထဲနေတဲ့ သစ်ကိုင်းတွေနဲ့ အစွန်းမှာတော့ ပန်းပွင့်တွေဟာ ပွင့်နေကြပါတယ်။ အမှတ်တမဲ့ကြည့်လိုက်ရင် ပန်းပွင့်ဆိုတာထက် အကိုင်းရဲ့ထိပ်ဖျားမှာ ငှက်တွေကို ချိတ်ဆွဲထားတာနဲ့ ပိုတူပါတယ်။ ပန်းပွင့်တွေဟာ ဆောင်း နဲ့ ဆောင်းဦးရာသီ ၊ နွေဦးရာသီတွေမှာ ပွင့်လေ့ရှိပါတယ်။ 

သြစတြေးလျတိုင်းရင်းသား Aboriginal လူမျိုးစုတွေကတော့ ဒီအပင်ရဲ့အရွက်တွေကို မျက်လုံးကြည်စေဖို့နဲ့ မျက်စိနဲ့ပတ်သက်တဲ့ရောဂါတွေ ကုသတဲ့နေရာမှာ အသုံးပြုလေ့ရှိပါတယ်။ အမျှင်တွေနဲ့ဖွဲ့စည်းထားတဲ့ ဒီအပင်ရဲ့ပင်စည်ကိုတော့ Aboriginal လူမျိုးစုတွေက သဲကန္တာရထဲမှာသွားတဲ့အခါ ခြေထောက်မပူစေဖို့ ကြိုးသိုင်းဖိနပ် ပြုလုပ်လေ့ရှိကြပါတယ်။

ဒီငှက်ပန်းပွင့်အပင်တွေကို နွေးထွေးတဲ့ရာသီဥတုရှိတဲ့ အရပ်တွေမှာပဲ စိုက်ပျိုးနိုင်ပြီး အေးမြတဲ့ဒေသတွေမှာတော့ စိုက်ပျိုးလို့မရပါဘူး။ မြေဆီလွှာကောင်းတဲ့နေရာအပြင် အပင်ဟာ နေအလင်းရောင်ကိုလည်း ပုံမှန်ရနေဖို့လိုအပ်ပါတယ်။

credit: သုတဇုန်

links -

https://en.wikipedia.org/wiki/Crotalaria_cunninghamii

https://mymodernmet.com/crotalaria-cunninghamii-hummingbir…/

https://www.bgpa.wa.gov.au/…/plant-of-the-m…/2617-march-2019


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်