ဂျင်းတွေရမယ် ဂျင်းတွေရမယ်

10/09/2019 19:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   Genetically Modified Organism - GMO ဆိုတာ ဂျင်န်း (Gene) ဆိုတဲ့ မျိုးရိုးဗီဇကို ကိုယ်လိုချင်တဲ့အတိုင်းဖြစ်အောင်လို့ ပြောင်းလဲထားတဲ့ သက်ရှိတွေ အားလုံးကို ဆိုလိုပါတယ်။ ဘယ်လိုတွေပြောင်းထားတာလဲဆိုတော့ မျိုးရိုးဗီဇနည်းပညာနဲ့ ဓာတ်ခွဲခန်းတွေထဲမှာ အသေအချာ အကျအနကို မျိုးစပ်ဖော်ထုတ်ထားတာဖြစ်ပါတယ်။ အဲလို မျိုးရိုးဗီဇပြောင်းလဲထားတဲ့ သက်ရှိတွေမှာ အပင်တွေ၊ တိရိစ္ဆာန်တွေ၊ အင်ဇိုင်းတွေပါပါတယ်။ 

မျိုးရိုးဗီဇပြုပြင်ထားတဲ့ သက်ရှိတွေ ကို ဘာကြောင့်လုပ်ချင်ရတာလဲ။

(၁) ဖျက်ပိုးတွေခံနိုင်ရည်ရှိဖို့

   ရည်ရွယ်ချက်ကတော့ ကောင်းလိုက်တာ။ BT Cotton လို့ နာမည်ကြီးသွားတဲ့မျိုးဆို Bacillus thuringiensis ဆိုတဲ့ အကျိုးပြုဘက်တီးရီးယားကို မျိုးဗီဇထဲမှာ တစ်ခါတည်းထည့်ထားပေးလိုက်တာဖြစ်ပါတယ်။ အဲ့လိုထည့်ထားပေးတာကြောင့် သူတို့ဝါပင်မှာကျရောက်ဖျက်ဆီးတဲ့ သီးလုံးဖောက်ပိုးကို အပင်ကိုစားတာနဲ့ သူတို့ကို အဆိပ်ပြန်သင့်စေပါတယ်။ အဲ့တော့ အပင်တွေမှာ ပိုးတွေမကျနိုင်တော့ဘူးပေါ့။

(၂) ဗိုင်းရပ်စ်ပိုးတွေကို ခံနိုင်ရည်ရှိဖို့

   စီးပွားဖြစ်စိုက်ကြပျိုးကြတဲ့အခါ ကြိုမသိရပဲ အချိန်နှောင်းမှ သိလာရတဲ့ ရောဂါတွေက ဗိုင်းရပ်စ်ကြောင့်ဖြစ်လာတဲ့ ရောဂါတွေပါပဲ။ ဟာဝိုင်အီတက္ကသိုလ်ကနေ ထုတ်လုပ်ထားတဲ့ သင်္ဘောမျိုးမှာဆိုရင် ပျပိုးကနေဝင်တတ်တဲ့ ဗိုင်းရပ်စ်ရောဂါကို ကာကွယ်နိုင်ဖို့အတွက် မျိုးဗီဇကို ပြောင်းလဲထားပါတယ်။ သူတို့ကတော့ သူတို့မျိုးကို သက်တန့်လို့ နာမည်ပေးထားတာပါ။

(၃) ပေါင်းသတ်ဆေးတွေကို ခံနိုင်ရည်ရှိဖို့

   ဥပမာပေးရရင် ပဲပုပ်။ သူတို့ကဆိုရင် ပေါင်းသတ်ဆေးကို လုံးဝမခံနိုင်ဘူး။ ပေါင်းနဲ့ယှဉ်ပြိုင်မယ်ဆိုတော့လည်း သူတို့က မနိုင်ဘူးဆိုတော့ ခုလို ရွေးချယ်ပေါင်းသတ်ဆေးတွေကလည်း မရှိဆိုတော့ သူတို့က မျိုးဗီဇကို ပေါင်းသတ်ဆေးတွေ ခံနိုင်တဲ့မျိုးဖြစ်အောင် ပြောင်းလဲပေးလိုက်တာဆိုတော့ ပေါင်းသတ်ဆေး ဖျန်းလိုက်တယ်။ ကိုယ်စိုက်ထားတဲ့အပင်လေးတွေက ကျန်ခဲ့တယ်ဆိုတော့ အဆင်ပြေတာပေါ့။

(၄) ရွှေစပါးတွေကို ဥပမာကြည့်ကြတာပေါ့။ 

   ဘီတာကယ်ရိုတင်းကို သဘာဝနည်းနဲ့ ထုတ်လုပ်ပေးနိုင်တဲ့ မျိုးဗီဇကို ထည့်ပေးလိုက်တယ်။ အဲ့စပါးမှာ ဗီတာမင်-အေ ပါသွားရော။ ကမ္ဘာတစ်ဝှမ်းမှာ ဗီတာမင်အေချို့တဲ့နေတဲ့ နေရာဒေသတွေမှာ ဆေးအစားထိုးအနေနဲ့ လုပ်ပေးလိုက်နိုင်တာကလည်း ကောင်းကျိုးတစ်ချက်ပေါ့။ 

(၅) အလှအပရေးရာ

   အမေရိကန်နဲ့ ကနေဒါမှာ အလှအပနောက်လိုက်ပြီးတော့ ပန်းသီးစားရင် လှမယ်ဆိုတာမျိုး လုပ်လိုက်ကြပါသေးတယ်။

(၆) ကြီးထွားမှု မြန်စေဖို့

   ဒါတွေကတော့ အကောင်တွေအတွက်ပိုများပါတယ်။ ဆော်မွန်ငါးမျိုးတစ်ချို့မှာ အဲ့လို မျိုးဗီဇကို ပြောင်းလဲထားလိုက်တာကြောင့် အကြီးမြန်ပြီး စားနပ်ရိက္ခာဖူလုံစေပါတယ်။ 

   သိကြတဲ့အတိုင်း အစတုန်းကတော့ ကောင်းဖို့ထွင်ကြတာပဲ။ နောက်ကျတော့မှ ဘာတွေဆက်ဖြစ်လာလဲဆိုတာကို လေ့လာကြည့်ဦးစို့ရဲ့။

ထွန်းဝင်းကျော်

References; Center for ecogenetics & environmental health


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်