Pleco(ပလီကို) သို့မဟုတ် Sucker (စပ်ကာ) လို့ခေါ်တဲ့ စုပ်ခွက်ငါးအကြောင်း

14/01/2019 10:45 AM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

ဘာ့ကြောင့် ပွားများလာရသလဲ

မအူပင်၊ တွံတေး၊ မန္တလေး၊ ရွှေဘို က ငါးကန်တွေမှာ တွေ့ရတယ်။ ဒီဇင်ဘာလထဲမှာလည်း မြောက်ဥက္ကလာပ ငါးမိုးရိပ်ချောင်းထဲမှာ တွေ့ရတဲ့သတင်းဖတ်လိုက်ရတယ်။ မြင်တွေ့ရလေ့ မရှိတာကြောင့် အထူးအဆန်းဖြစ်နေကြတယ်။ အခု နေပြည်တော်က ငါးကန်တွေမှာတွေ့လာပြီဖြစ်တယ်။ လက်ရှိ မြန်မာ့ ရေမြေသဘာဝ ၊ ရာသီဥတုပြောင်းလဲခြင်း အထူးသဖြင့် အပူချိန်မြင့်မားလာခြင်းသည် ပလီကို (Pleco) စုတ်ခွက်ငါးများ ရှင်သန် ကြီးထွား မျိုးပွားသားပေါက်ခြင်းကို အားပေးသော အခြေအနေဖြစ်နေပါတယ်။ 

ဘယ်လိုကာကွယ်နိုင်မလဲ

ငါးမွေးကန်တွေမှာ ကန်အောက်ခြေကို အပုတ်အဆွေးများကို ပုံမှန် ရှင်းပေးခြင်း၊ ကန်အောက်ခြေ ရေကို (၁-၂) ပေခန့်ကို လစဉ် ရေသစ်လဲပေးခြင်း၊ ပိုက်စိတ်ဖြင့် ငါးကန်အောက်ခြေကို ဂျမ်းတိုက်ဆွဲ ပြီး စုတ်ခွက်ငါးကြီးငါးသေးအားလုံးကို ဖမ်းယူဖယ်ရှားခြင်းဖြင့်  အတော်အတန် ရှင်းလင်းနိုင်ပါ့မယ်။  အကောင်ဆုံးက ငါးကန်ကို ရေခန်းပြီး ငါးရိုင်းအားလုံးကို ရှင်းလင်းခြင်း၊ ကန်ကို နေခြောက်လှမ်းခြင်း ရေသစ်သွင်းတဲ့အခါ ဇကာစိတ်ဖြင့် အဆင့်ဆင့်စစ်ခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။ သည်လို ငါးမျိုးကို ကန်ထဲရောက်မှ ရှင်းလင်းခြင်းထက် ကန်ထဲမရောက်လာစေရန် ကြိုတင်ကာကွယ်ခြင်းက ပိုထိရောက်ပါတယ်။ 

စားလို့ရပါသလား

ပလီကိုငါးကို စားသုံးရန် ဈေးတင်ရောင်းပြီး ချက်ပြုတ်နည်းဖေါ်ပြထားတာမျိုးကို မိမိအနေဖြင့် ရှာဖွေဆဲဖြစ်ပါတယ်။ လက်တင်အမေရိကနိုင်ငံတချို့မှာ ငါးကင်လုပ်စားကြပြီး မြန်မာနိုင်ငံမှာလဲ ငါးကင်လုပ်ပြီး အပျော်စားကြတဲ့အခြေအနေလောက်ကိုဘဲ သိထားရပါတယ်။ စားတဲ့အခါမှာလည်း ငါးရဲ့ ရှေ့ဘက် အမာပိုင်းကို ဖယ်ပြီးစားကြတာ ကိုသိရပါတယ်။ 

ဒီနှစ်ပိုင်းမှာမှ စုတ်ခွက်ငါးပြန့်ပွားခြင်းနဲ့ အတူ ငါးမွေးသူများကလည်း ပိုမိုအာရုံစိုက်လာကြတာ ကောင်းမွန်တဲ့လက္ခဏာဖြစ်ပါတယ်။ လက်ရှိမှာ ငါးမွေးကန်တွေအတွက် အနှောက်အယှက်ဖြစ်နေတာကြောင့် ဒီငါးကို ဖယ်ရှားဖို့ အားထုတ်နေကြတာအမှန်ပါ။ ဒါပေမဲ့ ငါးရိက္ခာ ဖူလုံရေးနဲ့ လူသားများအတွက် အာဟာရ ပိုမိုဖြည့်ဆည်းပေးနိုင်ရန်  စုတ်ခွက်ငါးများကို စနစ်တကျ ချက်ပြုတ်စားသောက်နိုင်ဖို့ရာ နည်းလမ်းများကို ပူးပေါင်းရှာဖွေသွားရမှာ ဖြစ်ပါတယ်။

ဒေါက်တာခင်မောင်စိုး (အကြံပေး၊ World Fish Myanmar) 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်