မြေဖုံးပင်စိုက်ပါ ကောင်းကျိုးအဖြာဖြာ

03/07/2018 15:41 PM တွင် ရီဆွေအေး ရီဆွေအေး မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(က) မြေဖုံးပင်ဆိုသည်

ရေ၊ လေ၊ နေတိုက်စားခြင်းဒဏ်၊ ပေါင်းပင်နဲ့ ပိုးမွှားရောဂါဒဏ်တို့ကို သက်သာလျော့ပါးစေပြီး မြေဆီသြဇာ တိုးတက် ကောင်းမွန်စေရန်နဲ့ သဘာဝဂေဟစနစ်တို့ပိုမို ကောင်းမွန်သဟဇာတဖြစ်စေရန် ရည်ရွယ်ပြီး စိုက်ပျိုးလေ့ရှိတဲ့ အပင်မှန်သမျှကို မြေဖုံးလို့ခေါ်ပါတယ်။

ရေရှည်ခံတဲ့ စိုက်ပျိုးရေးစနစ်တစ်ခုကို အကောင်အထည်ဖော်နေသူတို့အတွက်တော့  မြေဖုံးပင်စိုက်ပျိုးခြင်း အလေ့နဲ့ ယင်းအလေ့အထရဲ့ ကောင်းကျိုးကျေးဇူးတွေကို မေ့ထားလို့မဖြစ်ပါဘူး။ ဒါကြောင့် မြေဖုံးပင်စိုက်ပျိုး ခြင်းအလေ့အထနဲ့ ပါတ်သက်ပြီး ကောင်းကျိုးဆိုးပြစ်များနဲ့ ဘာကြောင့် အလေးအနက်ထား လုပ်ဆောင်သင့် ကြောင်းကို ဝေမျှဆွေးနွေးသွားပါမယ်။

(ခ) မြေဖုံးပင်စိုက်သင့်လှတဲ့ အကြောင်းပြချက် ၁၀ခု

• တိုက်စားခြင်းကို ကာကွယ်ပေးခြင်း

ရေရှည်ကောင်းမွန်တဲ့ စိုက်ပျိုးရေးစနစ်မှာတော့ စိုက်ပျိုးမြေကို ဟာလာဟင်းလင်းထားခြင်းဟာ မိုက်မဲတဲ့ လုပ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ အပေါ်ယံစိုက်ပျိုးမြေလွှာကို ရေနဲ့လေတို့ တိုက်စားသွားနိုင်သလို နေရောင်ပြင်းပြင်းကြောင့် အဟာရဓါတ်များ ဆုံးရှုံးခြင်း၊ ဆားပေါက်ခြင်း၊ အစိုဓါတ်များဆုံးရှုံးခြင်း၊ အပေါ်ယံမြေသား ခြောက်သွေ့ မာကျောခြင်းစတဲ့ မလိုလားအပ်တဲ့ ပြသနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ မြေဖုံးပင်များ စိုက်ပျိုးထားခြင်းဟာ မြေကို စောင်တစ်ထည်နဲ့ ဖုံးအုပ်ထားသလို ကာကွယ်ထားနိုင်တာကြောင့် တိုက်စားခံရခြင်းကို လျော့ပါးသက်သာစေပါ တယ်။

• စိုက်ပျိုးမြေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ပိုမိုကောင်းစေခြင်း

ပဲမျိုးရင်းဝင်များကို စိုက်ပျိုးခြင်းဖြင့် မြေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ဓါတ်ပိုင်းဆိုင်ရာ အရည်အသွေးကိုပါ ပိုမိုကောင်းမွန်စေပါတယ်။ အစိုဓါတ်ကို ထိမ်းသိမ်းထားနိုင်ခြင်းကြောင့် သီးနှံအကျိုးပြု မြေတွင်းအောင်း အဏုဇီဝပိုးမွှားများကိုလဲ ပိုမိုပွားများစေပါတယ်။ မြေဖုံးပင်အမြစ်များရဲ့ လုပ်ဆောင်ချက်ကြောင့် မြေအတွင်း လေဝင်လေထွက်နဲ့ ရေစီးရေလာကို ပိုမိုကောင်းစေတာကြောင့် နောက်စိုက်ပျိုးမယ့်သီးနှံကိုပါ  အထွက်တိုးစေမှာ ဖြစ်ပါတယ်။

အော်ဂဲနစ်မတ္တာ များလာစေခြင်း

မြေဖုံးပင်များ စိုက်ပျိုးခြင်းပြီးနောက် ထယ်မှောက်ပေးခြင်း၊ ရေသွင်းခြင်းများ ပြုလုပ်ရပါတယ်။ မြေဖုံး ပင် ကြွင်းကျန်အစိတ်အပိုင်းများဟာ စိုက်ပျိုးမြေကို အနည်းလို အများလို အဟာရဓါတ်များ ဖြည့်တင်း ပေးနိုင်ရုံသာမက အော်ဂဲနစ်မတ္တာလို့ခေါ်တဲ့ သဘာဝပစ္စည်းများ တိုးပွားလာစေခြင်းဖြင့် မြေဆီလွှာရဲ့ ရုပ်ဂုဏ်သတ္တိကို ပိုမိုတိုးတက်လာစေပါတယ်။ တစ်ဆက်တည်းမှာပဲ ရေထိန်းအားကောင်းလာစေပြီး သီးနှံအကျိုးပြုအဏုဇီဝများရဲ့ ဇီဝကမ္မဖြစ်စဉ်များကို ပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။

ပေါင်းပြသနာ သက်သာစေခြင်း

မြေဖုံးပင်များကို သီးနှံခင်းအတွင်း ကွက်လပ်မရှိအောင် စိုက်ပျိုးထားခြင်းဖြင့် ပေါင်းစေ့များလည်း ပေါက်ရောက်မလာနိုင်တော့သလို ပေါင်းပင်များလည်း ချိနဲ့သွားပါတယ်။ ခွေးလျားပင်ကဲ့သို့သော မြေဖုံးပင် များကို စိုက်ပါက ခွေးလျားပင်တွင် ပါဝင်သော ဓါတုဒြပ်ပေါင်းတစ်မျိုးကြောင့် ပေါင်းစေ့ငယ်များကို သေစေတယ်လို့ မှတ်သားရပါ တယ် ။

ရေထိမ်းစွမ်းအား ကောင်းစေခြင်း

သီးနှံရာသီအတွင်း သီးနှံပင်များကြားတွင်ဖြစ်စေ၊ သီးနှံရာသီပြင်ပတွင်ဖြစ်စေ မြေဖုံးပင်များ စိုက်ပျိုးထားခြင်းဖြင့် မြေဆီလွှာမှ ရေငွေ့ပျံဆုံးရှုံးခြင်းကို သက်သာစေနိုင်သလို သီးနှံပင်ရဲ့ ရေအသုံးချမှု စွမ်းရည်ကိုလည်း ပိုမိုကောင်းမွန် စေပါတယ်။  ဥပမာ - ပြောင်းပင်များအကြားတွင် ပဲတစ်မျိုးမျိုး စိုက် ထားတယ်ဆိုပါစို့၊ ရေအစိုဓါတ်ကို ပြောင်းသီးနှံ သာမက  မြေဖုံးပင်ဖြစ်တဲ့ ပဲပင်ကပါ စုပ်ယူအသုံးချနိုင် တဲ့အတွက် အကျိုးအမြတ် ပိုမိုဖြစ်ထွန်းစေမှာဖြစ်ပါတယ်။

မြေဆီသြဇာ ပိုမိုကောင်းမွန်စေခြင်း

ပဲမျိုးရင်းပင်များကို မြေဖုံးပင်အဖြစ်စိုက်ပျိုးပေးခြင်းဟာ မြေဆီလွှာအတွင်း နိုက်ထရိုဂျင်မြေသြဇာ ပိုမိုအားကောင်းလာစေပါတယ်။ ပဲမြစ်ဖုများအတွင်း မှီတင်းနေထိုင်သော သီးနှံအကျိုးပြု နိုက်ထရိုဂျင် ဖမ်းယူသော ဘက်တီးရီးယားသက်ရှိများရဲ့ လုပ်ဆောင်ချက်ကြောင် မြေအတွင်း နိုက်ထရိုဂျင် တိုးပွား လာစေနိုင်သကဲ့သို့ ရာသီပြီးနောက်  ပဲပင်များကို ထယ်မှောက်လိုက်တဲ့အခါ သစ်စိမ်းမြေသြဇာအဖြစ် ပြောင်းလဲသွားခြင်းကြောင့်လည်း နိုက်ထရိုဂျင်မြေသြဇာဓါတ်ကို ပိုမိုကြွယ်ဝစေပါတယ်။

လုပ်အားနဲ့ စားရိတ်သက်သာ

စိုက်ပျိုးရေးလုပ်ငန်းမှာ ပေါင်းနှိမ်နှင်းခြင်းဟာ  အတော်လေးလက်ဝင်ပြီး စားရိတ်ကလည်း ထောင်းလှတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။  ယနေ့ခေတ်မှာ ပေါင်းသတ်ဆေးများကို တံဆိပ်မျိုးစုံနဲ့ အလွယ်တကူ ရရှိနေပြီ ဖြစ်သော်လည်း လက်တွေ့အသုံးပြုရာမှာတော့ ထိရောက်မှုအားနဲနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဓါတုပေါင်းသတ်ဆေးများမှာ ဘေးထွက်ဆိုးကျိုးနဲ့ ဓါတ်ကြွင်းအဆိပ်အာနိသင်များ ကျန်ရှိတတ်တာကြောင့် သဘာဝနှိမ်နှင်းနည်းများနဲ့ တွဲဖက် အသုံးချသင့်ပါတယ်။ မြေဖုံးပင်များကို စိုက်ပျိုးထားခြင်းက ပေါင်းပြဿနာကို ၄၀% မှ ၈၀% အထိ သက်သာစေတာမို့ အလွန်ထိရောက်တယ်ဆိုတာ ငြင်းမရနိုင်ပါ။ ဒါ့အပြင် အနည်းလို အများလိုအဟာရဓါတ်များကိုပါ မြေဆီလွှာအတွင်း သွတ်သွင်းဖြည့်ဆည်းပေးနိုင်တာမို့  အကျိုးကျေးဇူးကြီးလှပါတယ်။ မြေဖုံးပင်များစိုက်ပျိုးရုံနဲ့ သဘာဝမြေဆွေး ထည့်ပေးရခြင်းများလည်း သက်သာသွားမှာဖြစ်လို့ လုပ်အား၊ အချိန်အား၊ ငွေအားများကို အဖက်ဖက်မှ ခြွေတာနိုင်မှာ ဖြစ်ပါတယ်။

ဟင်းစားရနိုင်ခြင်း

ပဲတစ်မျိုးမျိုးကို အဓိကသီးနှံစိုက်ခင်းအတွင်း မြေဖုံးသီးနှံအဖြစ် စိုက်ပျိုးခြင်းဖြင့် ဟင်းစား ပူစရာမလိုတော့ပါဘူး။ ဂါနာနိုင်ငံမှာ ပြောင်း သို့မဟုတ် ပီလောပီနံကို ပဲလွမ်းဖြင့် သီးညှပ်စိုက်ပျိုးခြင်းအလေ့ ကျင့်သုံးခြင်းဖြင့် အဓိကသီးနှံအတွက် စားရိတ်စားက များစွာသက်သာသွားသည့်အပြင် ဟင်းစား ဖူလုံလာသောကြောင့် တောင်သူအများစု နှစ်ခြိုက်လက်ခံတာကို တွေ့ရပါတယ်။ မြန်မာ့လယ်သမားများ အတွက်လည်း ရေမြေရာသီဥတုနဲ့ ကိုက်ညီမည့် နည်းလမ်းများနဲ့ သီးနှံပင်အတွဲများကို ကြံဆဖော်ဆောင် သင့်လှပါတယ်။

ဗီဇမျိုးပေါင်းစုံအတွက် စားကျက်

စိုက်ခင်းအတွင်း တစ်မျိုးထက်ပိုတဲ့ သီးနှံပင်များကို စိုက်ပျိုးထုတ်လုပ်ခြင်း ဖြစ်တဲ့အတွက် အပင်များဟာလည်း မတူညီတဲ့ အလေ့အထနဲ့ ရှင်သန်ကြီးထွားကြမှာဖြစ်ပါတယ်။ အင်းဆက်ပိုးမွှားများနဲ့ အခြားသော အကျိုးပြုသက်ရှိများလည်း ပျော်မွေ့တဲ့အတွက် သီးနှံမြေဟာ ပုံမှန်စိုက်ခင်းတစ်ခုထက် ပိုမိုသက်ဝင်လှုပ်ရှားပါတယ်။ အမြစ်တိမ်တဲ့သီးနှံနဲ့ အမြစ်နက်နက်ဆင်းတဲ့ သီးနှံကို ရောစိုက်ခြင်းဖြင့် မြေဆီလွှာအတွင်းဆုံးက အဟာရဓါတ်များကို မျှဝေစားသုံးနိုင်ပါလိမ့်မယ်။ ထိုနည်းတူစွာ ဝတ်မှုန်ကူး အင်း ဆက်များကို နေကြာပင်က အဖော်သီးနှံပင်အတွက်ပါ ဆွဲဆောင်ပေးပါလိမ့်မယ်။ ပင့်ကူနဲ့ နဂျီကဲ့သို့သော မိတ်ဆွေပိုးမွှားများ ပိုမိုပျော်မွေ့တာကြောင့် ဓါတုအဆိပ် အသုံးပြုရခြင်းလည်း သက်သာစေပါတယ်။

ရေရှည်ကောင်းမွန်

အထက်ပါအချက်များကို ထောက်ရှု့ခြင်းအားဖြင့်

မြေကိုအနားမပေးဘဲ နှစ်စဉ်ဆက်တိုက် စိုက်ပျိုးထုတ်လုပ်နေရတဲ့ တောင်သူများအနေနဲ့ မြေဖုံးပင် စိုက်ခြင်းအလေ့ကို မပျက်မကွက် ကျင့်သုံးသင့်လှပါတယ်။ ပိုးမွှားရောဂါများ သက်သာစေခြင်း၊ ပေါင်း ပြဿနာ လျော့ပါးသွားခြင်း၊ လုပ်အားနဲ့ စားရိတ်စားက သက်သာခြင်းများနဲ့ သီးနှံအထွက်ကိုလည်း တိုး စေတဲ့အပြင် မြေဆီလွှာကိုပါ ကောင်းမွန်စေတာမို့ မြေဖုံးပင်စိုက်ခြင်းအလေ့ကို တစိုက်မတ်မတ် ကျင့် သုံးခြင်းအားဖြင့် လတ်တလောအကျိုးကို ခံစားရရုံသာမက ရေရှည်မှာ အကျိုးကျေးဇူး ကြီးမားလှကြောင်း ထင်ရှားလှပါတယ်။

ရီဆွေအေး(၂၀၀၈ BAg)

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်