ဩဂဲနစ်စိုက်ပျိုးရေး၏ အားသာချက်နှင့် အားနည်းချက်များ

25/01/2023 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဩဂဲနစ်စိုက်ပျိုးရေးဆိုသည်မှာ သဘာဝနှင့်လိုက်လျောညီထွေစွာ ဆောင်ရွက်လုပ်ကိုင်သော စိုက်ပျိုးရေးလုပ်ငန်း ဖြစ်ပါသည်။ ပတ်ဝန်းကျင်နှင့် လူသားတို့အား အန္တရာယ်မဖြစ်စေဘဲ သီးနှံများ ကောင်းစွာထွက်ရှိစေရန် ဆောင်ရွက်လုပ်ကိုင်သည့် နည်းစနစ်များပါဝင်ပါသည်။ ဩဂဲနစ် စိုက်ပျိုးရေးလုပ်ငန်းတွင် သဘာဝမှရရှိသော သွင်းအားစုများကို အသုံးပြုကြသော်လည်း ၎င်းကို မိရိုးဖလာ စိုက်ပျိုးရေးလုပ်ငန်းဟု မဆိုနိုင်ပေ။ ဩဂဲနစ်စိုက်ပျိုးရေးလုပ်ငန်းသည် မိရိုးဖလာစိုက်ပျိုးရေး နည်းစနစ်များနှင့် ခေတ်မီသိပ္ပံနည်းကျ စိုက်ပျိုးရေးနည်း စနစ်များကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ဩဂဲနစ်စိုက်ပျိုးရေးလုပ်ငန်းတွင် ပိုးမွှားများနှင့်ပေါင်းအားလုံးကို ဓာတုဆေးဝါးများဖြင့် အမြစ်ဖြတ် သုတ်သင်ရှင်းလင်းခြင်း မပြုသင့်ဘဲ သီးနှံပင်များအား မထိခိုက်နိုင်သော အခြေအနေတစ်ခုတွင် ရှိနေစေရန် ထိန်းသိမ်းဆောင်ရွက်သင့်ပါသည်။

သြဂဲနစ်စိုက်ပျိုးရေးကို ဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ

  • (၁) မြေဆီဩဇာထက်သန်မှုကို ရေရှည်တွင်ပိုမိုကောင်းမွန်လာစေခြင်း။
  • (၂) ပတ်ဝန်းကျင်ကို ဘေးဥပဒ်မဖြစ်စေဘဲ ပိုးမွှားရောဂါများ ကာကွယ်နှိမ်နင်းနိုင်ခြင်းကြောင့် လူတိရစ္ဆာန်များ မှီတင်းနေထိုင်လျက်ရှိသော သဘာ၀ပတ်၀န်းကျင်ကို ရေရှည်တည်တံ့စေခြင်း။
  • (၃) သောက်ရေနှင့် သုံးရေတို့အား သန့်ရှင်းစေခြင်းနှင့် ဘေးဥပဒ်ကင်းစေခြင်း။
  • (၄) ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ သုံးစွဲခြင်းမပြုသဖြင့် သွင်းအားစုကုန်ကျစရိတ် သက်သာစေခြင်း (မိမိစိုက်ခင်းမှ ရရှိနိုင်သော ရှိရင်းစွဲသြဂဲနစ်သွင်းအားစုများကို အသုံးပြုခြင်း)။
  • (၅) အာဟာရပြည့်ဝပြီး လူတို့၏ကျန်းမာရေးအတွက် စိတ်ချလုံခြုံမှုရှိစေသော သန့်ရှင်း
  • သည့် သီးနှံများကို ထုတ်လုပ်ရောင်းချပေးနိုင်ခြင်း။
  • (၆) ဩဂဲနစ်သီးနှံများအတွက် ဈေးကွက်သီးသန့်ရှိသော  ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ယင်းသီးနှံများသည် ဓာတ်မြေဩဇာနှင့် ပေါင်းသတ်ဆေးများကို သုံးစွဲ၍ စိုက်ပျိုးသည့် သီးနှံများထက် ၂၀% မှ ၃၀% ဈေးများ ပိုမိုရရှိစေခြင်းတို့ ဖြစ်ပါသည်။

ဩဂဲနစ်စိုက်ပျိုးရေးကို ဆောင်ရွက်ရာတွင် တွေ့ရှိရသောအားနည်းချက်များ

  • (၁) ဩဂဲနစ်စိုက်ပျိုးရေးစနစ်ဖြင့် စိုက်ပျိုးထားသောသီးနှံများ၏ အထွက်နှုန်းသည် ဓာတ်မြေဩဇာနှင့် ပေါင်းသတ်ဆေးများကို သုံးစွဲ၍ စိုက်ပျိုးသည့် စနစ်များထက် ပျမ်းမျှ၁၀% မှ ၁၅% အထွက်လျော့နည်းနိုင်ပါသည်။
  • (၂) ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဩဂဲနစ်သီးနှံများအတွက် ဈေးကွက်သီးသန့်ရှိလာစေရန်ဆောင်ရွက်ဖို့ လိုအပ်လျက်ရှိနေခြင်းတို့ဖြစ်ပါသည်။

Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်