စမုန်မျိုးငါးပါးထဲက စမုန်နက်ရဲ့ကောင်းကျိုးများ

28/04/2022 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အင်္ဂလိပ်အမည် - Fennel

ရုက္ခဗေဒအမည် - Foeniculum vulgare

စမုန်မျိုးငါးပါးထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ စမုန်နက်ဟာ မုန်လာဥနီမျိုးရင်းဝင် အပင်ဖြစ်ပါတယ်။ သို့သော်လည်း အမြစ်ကို စားသုံးရတဲ့ ဟင်းသီးဟင်းရွက် အပင်တော့ မဟုတ်ပါဘူး။

စမုန်နက်မှာ အရောင်ခပ်ဖျော့ဖျော့ ပင်စည်ဥနဲ့ ရှည်လျားတဲ့ ရိုးတံတွေပါရှိပါတယ်။ စမုန်နက်အပင်ဟာ ဥကနေ ရိုးတံ၊ အရွက်၊ အပွင့်နဲ့ အစေ့အထိ အပင်ရဲ့ အစိတ်အပိုင်းအားလုံးကို စားသုံးနိုင်တာ ဖြစ်ပါတယ်။

သူရဲ့မူရင်းဒေသကတော့ မြေထဲပင်လယ် တောင်ပိုင်းဒေသပဲ ဖြစ်ပါတယ်။ စမုန်နက်ဟာ ဆေးဘက်ဝင်အပင်ဖြစ်သလို ဟင်းခတ်အမွှေးအကြိုင် အနေနဲ့လည်း အသုံးပြုနိုင်တာကြောင့် အစားအသောက်နဲ့ ဟင်းလျာတွေထဲမှာ ထည့်သွင်းအသုံးပြုကြပါတယ်။ အထူးသဖြင့် ငါး၊ သိုးသား ချက်ပြုတ်တဲ့နေရာတွေနဲ့ အသားစင်းကော လုပ်တဲ့နေရာတွေမှာ စမုံနက်ကို အဓိကအသုံးပြုကြလေ့ရှိပါတယ်။

ယခုဆောင်းပါးမှာတော့ စမုံနက်ရဲ့ ကောင်းကျိုးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

အာဟာရဓာတ်များ

စမုံနက်ဟာ ကယ်လ်လိုရီပါဝင်မှုနည်းပြီး အာဟာရဓာတ်တွေကြွယ်ဝစွာ ပါဝင်နေတဲ့အတွက် ကျန်းမာရေးအတွက် သင့်တော်တဲ့ ဆေးဘက်ဝင် အပင်တစ်မျိုးဖြစ်ပါတယ်။ စမုံနက်ရဲ့ ပင်စည်ဥမှာ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ဖော့စဖောရပ်စ်နဲ့ ကယ်လ်စီယမ်ဓာတ်တွေအပြင် အော်ဂဲနစ်ဒြပ်ပေါင်းတွေ (fatty acid) နဲ့ မဂ္ဂနီစီယမ် ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် စမုံနက်အစေ့မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ မှို၊ ဗိုင်းရပ်စ် စတာတွေကို ဆန့်ကျင်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။  

အရိုး သန်မာစေခြင်း

စမုံနက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဟာ အရိုးတွေရဲ့ ဖွဲ့စည်းတည်ဆောက်မှုကို ထိန်းသိမ်းပေးပြီး အရိုးတွေကို ကျန်းမာသန်စွမ်းစေပါတယ်။

ဖော့စဖောရပ်စ်နဲ့ ကယ်လ်စီယမ် - အရိုးတွေရဲ့ ဖွဲ့စည်းတည်ဆောက်မှုနဲ့ ကြီးထွားမှုကိုအားပေးပါတယ်။

အိုင်းယွန်းနဲ့ ဇင့် - သဘာဝအတိုင်း ကော်လာဂျင် (collagen) ထုတ်လုပ်မှုနဲ့ အရိုးတွေသန်မာစေဖို့ အားပေးပါတယ်။

မဂ္ဂနိစ် - အရိုးတွေ ကျစ်လျစ်မှုရှိစေဖို့ အားပေးပါတယ်။

ဗီတာမင် ကေ - အရိုးတွေ ကျွတ်ဆတ်တာ၊ ကျိုးတာမျိုးတွေ မဖြစ်အောင် ကူညီပေးပါတယ်။

 

သွေးဖိအား ထိန်းညှိပေးခြင်း

ခန္ဓာကိုယ်မှာ ပိုတက်စီယမ်ဓာတ် မလုံလောက်တဲ့အခါ သွေးဖိအားတွေကို တက်လာစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ စမုန်နက်မှာပါဝင်တဲ့ ပိုတက်စီယမ်၊ ကယ်လ်စီယမ်နဲ့ မဂ္ဂနီစီယမ် ဓာတ်တွေကြောင့် သွေးဖိအား ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် စမုန်နက်မှာပါဝင်နေတဲ့ နိုက်ထရိတ်ဓာတ်တွေဟာ သွေးကြောဆိုင်ရာ ပြဿနာတွေမဖြစ်ပွားအောင် ကူညီပေးနိုင်ပါတယ်။

နှလုံးကျန်းမာရေး ကောင်းစေခြင်း

စမုန်နက်မှာ နောက်ထပ်ပေါပေါများများ ပါဝင်နေတာက အမျှင်ဓာတ်ဖြစ်ပါတယ်။ ၎င်းဓာတ်တွေဟာ သွေးတွင်းမှာရှိတဲ့ ကိုလက်စထရောဓာတ်တွေကို လျော့ကျသွားအောင် ကူညီနိုင်ပြီး နှလုံးရောဂါ ဖြစ်ပွားမှုကို လျော့နည်းစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တွင်းမှာ သွေးကြောတွေကို ပျက်စီးစေနိုင်ပြီး နှလုံးဆိုင်ရာ ပြဿနာတွေဖြစ်ပေါ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေ ဖွဲ့စည်းဖြစ်ပေါ်မှုကို စမုံနက်မှာပါဝင်တဲ့ ဗီတာမင် ဘီ ၆ (B-6) နဲ့ ဖောလိတ် (folate) ဓာတ်တွေက တားဆီးပေးနိုင်ပါတယ်။

ကင်ဆာ ကာကွယ်ပေးနိုင်ခြင်း

စမုန်နက်မှာ ပါဝင်တဲ့ ဆလီနီယမ် (Selenium) ဓာတ်ဟာ အခြားသော သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက် အတော်များများမှာ တွေ့ရလေ့မရှိတဲ့ သတ္တုဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ၎င်းဓာတ်ဟာ အသည်းရဲ့ အင်ဇိုင်းလုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးပြီး ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေကို ခန္ဓာကိုယ်ထဲကနေ ဖယ်ရှားရာမှာ ကူညီပေးပါတယ်။ ဒါ့အပြင် ရောင်ရမ်းမှုတွေနဲ့ အကျိတ်တွေရဲ့ ကြီးထွားလာမှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ စမုံနက်မှာပါဝင်တဲ့ ဗီတာမင် စီ၊ ဗီတာမင် အေနဲ့ ဘီတာ ကယ်ရိုတင်းတို့ဟာ ခန္ဓာကိုယ်တွင်း ဆဲလ်တွေပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်တဲ့ အစွမ်းထက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်ပါတယ်။

အသားအရေ ကောင်းမွန်စေခြင်း

စမုံနက်ဟာ ဗီတာမင် စီ ကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပြီး အသားအရေကို ကျန်းမာစိုပြေအောင် ကူညီပေးနိုင်ပါတယ်။ ဗီတာမင် စီဟာ နေရောင်ခြည်၊ လေထုညစ်ညမ်းမှုနဲ့ ဖုန် (အမှုန်) တွေကြောင့် အရေပြားတွေပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။

ဇင်ထူးနိုင်

ကိုးကားချက်

https://www.medicalnewstoday.com/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်