ရို့စ်မေရီကို အိမ်မှာ စိုက်ပျိုးထားခြင်းဖြင့် အသုံးဝင်နိုင်မယ့် အချက် (၄) ချက်

01/12/2022 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ရို့စ်မေရီအပင်ကို ဟင်းခတ်အမွှေးအကြိုင်အပင်အနေနဲ့ သိရှိပြီးသားဖြစ်ပါလိမ့်မယ်။ အိမ်မှာ ရို့စ်မေရီ အပင်လေးတွေ စိုက်ပျိုးထားခြင်းဖြင့် ဟင်းလျာချက်ပြုတ်ရာကနေ ဆေးဝါးအဖြစ်အသုံးပြုနိုင်ရုံမက ပိုးမွှား ထိန်းချုပ်ခြင်းတွေအထိ ထိရောက်တဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် သောက်စရာ အဖျော်ယမကာတွေမှာ အလှဆင်ဖို့သာမက အနံ့အရသာအတွက်ပါ ဖန်တီးထည့်သွင်းနိုင်တာ ဖြစ်ပါတယ်။ 

ရို့စ်မေရီအပင်တွေဟာ အပြာရောင်ပန်းပွင့်တဲ့ နှစ်ရှည်ပင်တစ်မျိုးဖြစ်ပါတယ်။ သူ့သဘာဝအတိုင်းဆိုရင် ၁၅ နှစ်လောက်အထိကို သက်တမ်းရှည်နိုင်တာဖြစ်ပါတယ်။ မြေထဲပင်လယ်ဒေသကနေ စတင်ပျံ့နှံလာခဲ့တာဖြစ်ပြီး လူအများနှစ်သက်ကာ ထူးခြားအစွမ်းထက်တဲ့ ရနံ့တွေရှိနေတာကြောင့် ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အသုံး ပြုကြတာဖြစ်ပါတယ်။ သို့ပေမယ့်လည်း ဒီအပင်တွေကို အခြားရည်ရွယ်ချက်တွေအတွက်လည်း စိုက်ပျိုး နိုင်ပါသေးတယ်။ ဒါ့ကြောင့် ယခုဆောင်းပါးမှာတော့ ရို့စ်မေရီအပင်တွေကို အိမ်မှာတနိုင်တပိုင် စိုက်ပျိုးထားခြင်း ဖြင့် အသုံးဝင်နိုင်မယ့်  အကျိုးကျေးဇူး ၄ ချက်ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

(၁) အစားအစာ ချက်ပြုတ်ရာတွင် ထည့်သွင်းအသုံးပြုနိုင်ခြင်း

အိမ်မှာ ဟင်းသီးဟင်းရွက်နဲ့ ဟင်းခတ်အမွှေးအကြိုင် အပင်တွေကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားခြင်းဟာ ဈေးကနေ ဝယ်ယူချက်ပြုတ်ရတာထက် ကုန်ကျစရိတ် ပိုသက်သာနိုင်ပါတယ်။ ထို့နည်းတူ ရို့စ်မေရီကဲ့သို့ မီးဖိုချောင်အတွက် လိုအပ်တဲ့ ဟင်းခတ်အမွှေးအကြိုင်အပင်တွေကို စိုက်ပျိုးထားခြင်းဖြင့် ဟင်းလျာတွေ ချက်ပြုတ်ရာမှာ အကျိုးရှိရှိ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ ရို့စ်မေရီရဲ့ စူးရှတဲ့ရနံ့ဟာ ပွဲလမ်းသဘင်တွေမှာ ပြုလုပ်တဲ့ အစားအစာတွေနဲ့ ဆက်စပ်မှုရှိနေတယ်လို့ ဆိုကြပါတယ်။ အထူးသဖြင့် ကြက်ဆင်၊ အာလူး၊ ဟင်းသီးဟင်းရွက်တွေနဲ့ ပေါင်မုန့်များ ကဲ့သို့ အနံ့အရသာပြည့်စုံတဲ့ အစားအစာတွေမှာ မကြာခဏ ထည့်သွင်းအသုံးပြုကြတာ ဖြစ်ပါတယ်။ 

ရို့စ်မေရီဟာ အစိုဓာတ်ပါဝင်မှုလည်း နည်းတာကြောင့် ခြောက်သွေ့သွားသည့်တိုင် ၎င်းရဲ့ လတ်ဆတ်တဲ့ရနံ့ကို ထိန်းသိမ်းထားနိုင်ပါတယ်။ ဒါ့ကြောင့် အရွက်စိုတွေကို အသုံးပြုတာထက် အရွက်ခြောက်တွေကို အသုံးပြုတဲ့အခါ အနံ့ပိုပြင်းတာကို တွေ့ရပါလိမ့်မယ်။ အရွက်တွေကို ပင်စည်ကနေ ချိုးဖဲ့ဖြုတ်ယူပြီး အသားဟင်းလျာတွေဖြစ်တဲ့ ကြက်သား ငါးဟင်း စတဲ့ ဟင်းလျာတွေပေါ်မှာ ပေါပေါများများ ထည့်သွင်းအသုံး ပြုနိုင်ပါတယ်။ 

(၂) အဖျော်ယမကာများတွင် အသုံးပြုနိုင်ခြင်း 

ရို့စ်မေရီကို အချိုရည်နဲ့ အဖျော်ယမကာတွေမှာ အလှဆင်ဖို့အတွက်သာမက အနံ့အရသာအတွက်ပါ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ အဓိကအားဖြင့် ပွဲလမ်းသဘင် အခမ်းအနားတွေရဲ့ အဖျော်ယမကာတွေမှာ အလှဆင် ဖို့အတွက် အများဆုံးအသုံးပြုကြတာ ဖြစ်ပါတယ်။  စပျစ်သီး၊ ပန်းသီး၊ နာနတ်သီးတို့နဲ့အတူ တက်ကြွ လန်းဆန်းစေနိုင်တဲ့ ကော့တေးတွေမှာ ရို့စ်မေရီကို ထည့်သွင်းအသုံးပြုခြင်းဖြင့် ပါဝင်ပစ္စည်းတွေရဲ့ အချဉ်ဓာတ်ကို မျှတစေနိုင်တာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ရှောက်၊ သံပုရာ၊ လိမ္မော်၊ ဘယ်ရီသီး စတဲ့ အသီးဖျော်ရည်တွေထဲမှာ ရို့စ်မေရီကို ထည့်သွင်း အသုံးပြုခြင်းဖြင့် ယမကာ မသောက်သုံးတဲ့ သူတွေအတွက် ထပ်တူထပ်မျှ ကောင်းမွန်တဲ့အရသာကို ရရှိစေမှာ ဖြစ်ပါတယ်။ ရေနွေးသောက်ရတာ ကြိုက်နှစ်သက်တဲ့သူတွေဆိုရင်တော့ လက်ဖက်ရည်ကြမ်းကို ရို့စ်မေရီအရွက်နဲ့ ဖျော်စပ်ပြီး သောက်သုံးမယ်ဆိုရင် ပင်ပန်းနွမ်းနယ်မှုရှိတဲ့ အာရုံကြောတွေကို သက်သာစေနိုင်မှာလည်း ဖြစ်ပါတယ်။ 

(၃) အဖျက်ပိုးများ နှင်ပေးနိုင်ခြင်း

ရို့စ်မေရီအပင် စိုက်ပျိုးထားခြင်းဖြင့် ယင်ကောင်၊ ဂေါ်ဖီထုပ်မှာ ကျရောက်တတ်တဲ့ စိန်ကွက်ဖလံနဲ့ ခြင် ကဲ့သို့သော မလိုလားအပ်တဲ့ အင်းဆက်တွေ မလာရောက်နိုင်အောင် ဟန့်တားထားနိုင်မှာ ဖြစ်ပါတယ်။ ၎င်းရဲ့ စူးရှပြင်းထန်တဲ့ ရနံ့ဟာ အင်းဆက်ပိုးမွှားတွေ မလာရောက်နိုင်အောင် နှင်ပေးနိုင်တာဖြစ်ပြီး အပင်ကနေထုတ်ပေးတဲ့ သဘာဝအဆီ တွေဟာ အင်းဆက်ပိုးမွှားတွေကို အနှောက်အယှက် ဖြစ်စေနိုင်တာ ဖြစ်ပါတယ်။

ရို့စ်မေရီဟာ အဖျက်ပိုးတွေမလာအောင် နှင်ပေးနိုင်ပြီး ပျားကဲ့သို့ ဝတ်မှုန်ကူးအင်းဆက်တွေကိုတော့ လာရောက် နိုင်အောင် ဆွဲဆောင်နိုင်တဲ့အတွက် အကျိုးရှိစေတဲ့ အပင်တစ်မျိုး ဖြစ်ပါတယ်။ 

(၄) ကျန်းမာရေးအတွက် အကျိုးရှိခြင်း 

ရို့စ်မေရီ စိုက်ပျိုးခြင်းဟာ ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးများစွာ ရှိပါတယ်။ ဒီ ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်အပင်မှာ ဗီတာမင် အေ၊ စီ နဲ့ ဘီ 6 တွေ ပါ၀င်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရို့စ်မေရီဟာ သံဓာတ်နဲ့ ကယ်လ်စီယမ် ဓာတ်တွေရဲ့ အရင်းအမြစ်ကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

အိမ်မှာ ရို့စ်မေရီအပင် စိုက်ပျိုးထားရှိတာက ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း အကျိုးပြုနိုင်ပါတယ်။ ဒီဆေးဖက်ဝင်အပင်ကို စားသုံးခြင်းဖြင့် ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေကို ရရှိစေနိုင်ပြီး ကိုယ်ခံအားကောင်းမွန်စေကာ ကျန်းမာသန်စွမ်းစေမှာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ရနံ့ဟာ စိတ်ကိုပြေလျော့စေပြီး စိတ်ဖိစီးမှုနဲ့ ဟော်မုန်းမညီမျှမှုတွေကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။  ဒါ့အပြင် အာရုံစူးစိုက်မှုကိုလည်း တိုးမြှင့်ပေးနိုင်ပြီး ကိုလက်စထရောပမာဏကို လျှော့ချပေးနိုင်တာကြောင့် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုတွေကိုလည်း လျော့နည်းစေမှာ ဖြစ်ပါတယ်။ ၎င်းဟာ ကောင်းမွန်စွာ အိပ်စက်နိုင် ဖို့အတွက်လည်း အထောက်အကူ ဖြစ်စေပါတယ်။

စိုက်ပျိုးပြုစုနည်း

ရို့စ်မေရီအပင်တွေဟာ သဘာဝအားဖြင့်  ရေငတ်တဲ့ဒဏ်ကို ခံနိုင်ရည်ရှိပေမယ့်လည်း ရေဝပ်နေတာမျိုးကိုတော့ မကြိုက်တာကြောင့် ရေလောင်းတဲ့အခါ သတိပြုရမှာဖြစ်ပါတယ်။ ရေလောင်းများတဲ့အခါ အမြစ်ပုပ်တာမျိုး ဖြစ်တတ်တာကြောင့် အထူးသတိပြုသင့်ပါတယ်။  ပုံမှန်အားဖြင့် ၁ ပတ်လျှင် ၁ ကြိမ်ရေလောင်းပေးရုံနဲ့ လုံလောက်ပါတယ်။ ဆောင်းရာသီလို ကာလမျိုးမှာဆိုရင်တော့ ၂ ပတ် ၁ ကြိမ် ရေလောင်းပေးရုံနဲ့ လုံလောက် ပါတယ်။ အိမ်မှာစိုက်ပျိုးမယ်ဆိုရင်တော့ ရာသီအလိုက် ပြုစုစောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။ ဒီအပင်ဟာ အစိုဓာတ်ရှိပြီး ရေကောင်းစွာစိမ့်ဝင်နိုင်တဲ့ မြေဆီလွှာမှာ ရှင်သန်နိုင်တာ ဖြစ်ပါတယ်။ 

အိုးနဲ့စိုက်ပျိုးမယ်ဆိုရင်တော့ စတင်စိုက်ပျိုးမယ့်အချိန်ကတည်းက မြေဆွေးထည့်ပေးထားသင့်ပါတယ်။ လိုအပ်တဲ့ အာဟာရဓာတ်တွေအနေနဲ့ကတော့ နိုက်ထရိုဂျင်၊ ဖော့စ်စဖောရပ်စ်၊ ပိုတက်စီယမ်၊ ဆာလ်ဖာနဲ့ မဂ္ဂနီစီယမ် စတဲ့ဓာတ်တွေဖြစ်ပါတယ်။ နွေရာသီလို အချိန်မှာဆိုရင်တော့ နေရောင်ခြည်ကို အနည်းဆုံး ၆ နာရီလောက်အထိ လုံလောက်စွာရရှိဖို့ လိုအပ်ပါတယ်။ သို့ပေမယ့် ဆောင်းရာသီလိုအချိန်မျိုးမှာဆိုရင်တော့ အေးမြပြီးစိုစွတ်တဲ့ အခြေအနေတွေကို ပိုပြီးကြိုက်နှစ်သက်ပါတယ်။ အိုးနဲ့ စိုက်ပျိုးတဲ့အခါ အပင်အတွက်လုံလောက်တဲ့ နေရာ အကျယ်အဝန်းရှိဖို့ လိုအပ်ပါတယ်။ ဒီအပင်ဟာ အမြင့်အားဖြင့် ၄ ပေအထိ ကြီးထွားနိုင်သလို ဘေးဘက်ကိုလည်း ၄ ပေခန့်အထိ ဖြန့်ကျက်ကြီးထွားနိုင်တာကြောင့် ဖြစ်ပါတယ်။ သီးနှံစိုက်ခင်းတွေထဲမှာ စိုက်ပျိုးချင်တယ် ဆိုရင်တော့ ပဲပင်၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ ကိုက်လန်၊ မုန်လာဥနီ၊ ကလျာဏီ စတဲ့အပင်တွေရဲ့ အနီးအနားမှာ တွဲဖက်စိုက်ပျိုးနိုင်ပါတယ်။ 

Ref: 

https://www.backyardboss.net/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်