စိုက်ပျိုးသုတ နိုဝင်ဘာလ

06/11/2025 09:30 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

နိုဝင်ဘာလသည် ဆောင်းသီးနှံများစိုက်ပျိုးရေးနှင့် မိုးစပါးသီးနှံရိတ်သိမ်းရေး တို့အတွက် အရေးကြီးသောလ ဖြစ်ပါသည်။ 

၁။ မိုးစပါးသီးနှံ

သာမန်စိုက်ခင်းများ

အများစုရိတ်သိမ်းကြမည်။ အဓိကပြောကြားလိုသည်မှာ-

မရိတ်သိမ်းမီ လယ်ကွက်တွင် ရေမကျန်စေရန် ၁၅ ရက်ခန့်ကြိုတင်၍ ရေထုတ်ပေးရန်လိုပါသည်။ 

စပါးစေ့အကြွေနည်းပြီး ဆန်ကြိတ်ရာတွင် အဆင့်အတန်းမြင့်သောဆန်များ ရရှိနိုင်ရန် ကောင်းစွာရင့်မှည့်သည့် မောင်းညိုချိန်တွင် ရိတ်သိမ်းရန် ဖြစ်ပါသည်။

မောင်းညိုချိန်ထက်စော၍ ရိတ်ပါက အမှည့်လိုသေးသောကြောာင့် စပါးလုံးပိန်၊ လုံးညှပ်နှင့် ဆန်လုံးစိမ်းများပါဝင်နိုင်ပါသည်။ စပါးအမှည့်လွန်က ရိတ်သိမ်းရာတွင် စပါးအကြွေများပြီး နှံခက်ကျိုးသောကြောင့် စပါးအထွက်နည်းနိုင်ပါသည်။ 

မျိုးစေ့ထုတ်စပါးစိုက်ခင်းများ

စီးပွားဖြစ်မျိုးသန့်မျိုးစေ့(Certified Seed)မျိုးစေ့ထုတ်စိုက်ခင်း၊ ကိုယ့်အား ကိုယ်ကိုယ်ကိုးမျိုးသန့်(Good Seed)မျိုးစေ့ထုတ်စိုက်ခင်းများစသည့် မျိုးစေ့ထုတ်စိုက်ခင်း (Seed Production Field)များတွင် မျိုးကွဲများ တစ်နှံမျှမကျန်ရှိအောင် နှုတ်ပယ်ရန် ဖြစ်ပါသည်။  

မျိုးစစ်မှန်သောစပါးအနှံမဟုတ်သည့် ကွဲပြားခြားနားသောစပါးနှံများ၊ ရောဂါကျရောက်သော အပင်/အနှံတို့ကို ကုန်စင်အောင် အကြိမ်ကြိမ်နှုတ်ပယ်ပြီးမှသာ ရိတ်သိမ်းရန် ဖြစ်ပါသည်။

၂။ ယာသီးနှံများ

နိုဝင်ဘာလသည် လယ်မြေမှာ မိုးစပါးရိတ်သိမ်းအပြီး သီးထပ်သီးနှံစိုက်ရန်အတွက်  အထူးအလေးထားရမည့်လ ဖြစ်ပါသည်။ 

မတ်ပဲသီးနှံ

မိုးကောင်းသောက်ဒေသလယ်မြေများ(Rain-fed Lowland)နှင့် ဆည်ရေသောက် ဒေသလယ်မြေများ(Irrigated Lowland)နှစ်မျိုးလုံးတွင်  မတ်ပဲသီးနှံကို စိုက်ပျိုးရန် ဖြစ်သည်။ ဆည်ရေသောက်ဒေသလယ်မြေများတွင်မူ မတ်ပဲအပြီး နွေစပါးကို ဆက်လက် စိုက်ပျိုးကာ သုံးသီးစားသီးနှံပုံစံ စပါး-မတ်ပဲ-နွေစပါး သီးနှံပုံစံကို ဆောင်ရွက်နိုင်ပါသည်။

မတ်ပဲကိုစိုက်ပျိုးရာတွင် မိုးစပါးရိတ်သိမ်းအပြီး နိုဝင်ဘာလကုန် နောက်ဆုံးထား ပြီး စိုက်ပျိုးရန်ဖြစ်သည်။ အပင်ပေါက်စုံရန်အတွက် မြေအစိုဓာတ်မီဖို့တော့ လိုပါသည်။

ပဲတီစိမ်းသီးနှံ

နိုဝင်ဘာလလယ် နောက်ဆုံးထား စိုက်ပျိုးသင့်ပါသည်။

ပဲတီစိမ်းတွင် အဝါရောင်မိုစေ့ရောဂါကျရောက်တတ်သည်။ ရောဂါခံနိုင်သော မျိုးကို အသုံးပြုသင့်သည်။ ယခင်နှစ်က ရောဂါကျရောက်သော လယ်မြေကို ယခုနှစ်တွင် စိုက်ပျိုးခြင်း မပြုသင့်ပါ။

ကုလားပဲသီးနှံ

ကုလားပဲသီးနှံကို စိုက်ချိန်နောက်မကျစေဘဲ နိုဝင်ဘာလအတွင်း စိုက်ပျိုး သင့်သည်။ စိုက်ချိန်တွင် မြေအစိုဓာတ်လုံလောက်စွာရှိရန် လိုသည်။ 

နုံးမြေစေး၊ စနယ်မြေစေးတို့တွင် ကောင်းစွာဖြစ်ထွန်းသည်။ မြေတွင်းအစိုဓာတ်ကို ထိန်းထားနိုင်သည့် ရေမဝပ်သောမြေမျိုးတွင်စိုက်ပျိုးသင့်ပါသည်။ 

ပဲပုပ်သီးနှံ

နိုဝင်ဘာလတွင် ပဲပုပ် စတင်စိုက်သင့်ပါသည်။ သဲဆန်သောမြေအမျိုးအစားမှအပ မြေဆီသြဇာအသင့်အတင့်မှ ထက်သန်သည့်မြေတို့တွင် ဖြစ်ထွန်းသည်။

မြေပဲသီးနှံ

မိုးနှောင်းမြေပဲကို စတင်စိုက်ပျိုးရန် ဖြစ်သည်။  နုံးမြေနှင့်သဲနုံးမြေတို့သည် မြေပဲစိုက်ပျိုးရန် အသင့်တော်ဆုံးမြေအမျိုးအစားများ ဖြစ်သည်။ 

တစ်ဧကအပင်ဦးရေ တစ်သိန်းခန့်ဝင်ဆန့်အောင် စိုက်ပျိုးရန် ဖြစ်ပါသည်။

နေကြာသီးနှံ 

မြေအစိုဓာတ်လုံလောက်စွာရှိသည့်မြေများတွင် စိုက်ပျိုးရန် ဖြစ်သည်။ 

နေကြာသည် မြေသားနက်ရှိုင်းပြီးကောင်းစွာ မွနေသော နုန်းဆန်သဲမြေ(သို့) သဲနုန်းမြေများတွင် ဖြစ်ထွန်းသည်။ ရွှံ့စေးမြေ(သို့) မြေကျစ်လွှာခံသောမြေများတွင် မစိုက်ပျိုးသင့်ပါ။

တစ်ဧကတွင် အပင်ဦးရေ (၂၉,၀၀၀) ရရှိအောင် စိုက်ပျိုးရန် ဖြစ်သည်။

အပင်သက်တမ်း ၁၅ ရက်သားအတွင်း တစ်ကျင်းလျှင် တစ်ပင်ချန်၍ အပြီး သားခွဲရန် ဖြစ်ပါသည်။  

ကြံသီးနှံ

ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက်ဖြင့် စိုက်ပျိုးရန် လိုသည်။

ကြံမျိုးပိုင်းချရာတွင် အပင်ပေါက်ညီပြီး အပင်ပေါက်စုံစေရန် ကြံမျက်စိများအား ဘေးတစ်ဖက် တစ်ချက်ထား၍ စိုက်ရန်ဖြစ်သည်။ 

အပင်ပေါက်နှုန်းကောင်းရန် မျိုးပိုင်းအဖြစ် အဖျားပိုင်းကိုသာ အသုံးပြုရန် ဖြစ်သည်။

အစိုဓာတ်အနေတော်တွင် ကြံမျိုးပိုင်းများအားနဘေထပ်၍ စိုက်ပျိုးရန် ဖြစ်ပါသည်။

နိုဝင်ဘာလအတွင်း ဆောင်းယာသီးနှံများကို စိုက်ပျိုးရာတွင် အထူးဂရုပြုစေလိုသည်မှာ

မြေတွင်းကျန်ရှိသည့်အစိုဓာတ်ကို အားကိုးစိုက်ပျိုးရခြင်းဖြစ်သဖြင့် သီးနှံနှင့် မြေအမျိုး အစားအလိုက် စိုက်ပျိုးသင့်သည့်အချိန်ကို မှန်ကန်စွာဆုံးဖြတ် စိုက်ပျိုးစေလိုပါသည်။

မြေတွင်းအစိုဓာတ်ထိန်းသိမ်းရေးအတွက် ထယ်ရေးပြုပြင်မှုလုပ်ငန်း မှန်ကန်မြန်ဆန်ရန် လို ပါသည်။

မြေအမျိုးအစားအလိုက် မြေတွင်းအစိုဓာတ်ကြာရှည်တည်ရှိနိုင်မှုအရ စိုက်ပျိုးမည့်သီးနှံ မျိုးသည် သက်လျင်မျိုးဖြစ်သင့်ပါသည်။

မြေပဲနှင့် ပဲမျိုးစုံသီးနှံတစ်မျိုးမျိုးဖြစ်ပါက နိုက်ထရိုဂျင်မြေသြဇာ သုံးစွဲမှုကို လျော့ချနိုင်ရန်အတွက် မျိုးစေ့ကို သက်ဆိုင်ရာ ပဲမြစ်ဖုဇီဝမြေသြဇာနှင့် လူးနယ်စိုက်ပျိုး သင့်ပါသည်။

သီးနှံအလိုက် အပင်ငယ်စဥ်ကျရောက်သောရောဂါများ၊ ပိုးမွှားများကို ကြိုတင် ကာကွယ်သင့်ပါသည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်