လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အပူပိုင်းဇုန်ဒေသများတွင်း ဦးစားပေးဆောင်ရွက်မည်

Photo - AMIA

လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ ဖွံ့ဖြိုးရေးလုပ်ငန်းများအား အပူပိုင်းဇုန် ဒေသအတွင်း ဦးစားပေးကဏ္ဍအလိုက် ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သ တင်းရရှိသည်။

အဆိုပါစီမံကိန်းမှ လက်ရှိဆောင်ရွက်နေသော ချောင်းမကြီးဆည်နှင့် နတ်မောက်ဆည်ရေသောက် ဧရိယာများ အပါအဝင် လျာထားစီမံကိန်း (၁၁) ခုအား အကောင်အထည်ဖော် ဆောင်ရွက်ရန် ကိစ္စရပ်များကိုလည်းကောင်း၊ စီမံကိန်းဒေသနေ ပြည်သူများ ရေကို စနစ်တကျ စီမံခန့်ခွဲ အသုံးချနိုင်ရေးနှင့် တောင်သူများထံ ပိုမိုကောင်းမွန် သည့် စိုက်ပျိုးနည်းစနစ်များ ပေးနိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးထားကြောင်း အမြဲတမ်း အတွင်းဝန် ဒေါက်တာခင်ဇော်က ပြောသည်။

“ စီမံကိန်းအတွင်းမှာ စိုက်ပျိုးရေး၊ ဆည်မြောင်းကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍတွေ ထည့်သွင်ရေးဆွဲထားမှု အ ခြေအနေတွေအပြင် လုပ်ငန်းတွေ ဖြည့်ဆည်း ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေ ပါဝင်တယ်” ဟု ၎င်းက ပြော သည်။

ဆက်လက်ဖတ်ရှု့ရန်..



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

ကျူး၊ လာ၊ မိုးသက် ပျိုးကြဲရက်