ဓညင်းပင် မြေထုပ်စည်းနည်း

22/10/2020 12:45 PM တွင် နန္ဒာအိလှိုင် နန္ဒာအိလှိုင် မှ ရေးသား

    ဓညင်းပင်ဟာ ပဲမျိုးရင်းဝင် သစ်မာပင်တစ်မျိုးဖြစ်ပြီး အရှေ့တောင်အာရှဒေသတွေမှာ တွေ့ရများပါတယ်။ မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့မှာ ဓညင်းသီးအစေ့ကို ဟင်းလျာအဖြစ် ထည့်သွင်းချက်ပြုတ်ကြပါတယ်။ အဝင်ကောင်းပြီး အထွက်ဆိုးတဲ့ ဓညင်းသီးဟာ djenkolic acid ခေါ် အက်ဆစ်တစ်မျိုးပါဝင်သည့်အတွက် အနည်းငယ်အဆိပ်အတောက်ဖြစ်စေပြီး အချို့က မကြိုက်ကြပေမဲ့  ကြိုက်တဲ့သူတွေအတွက်ကတော့ ထမင်းမြိန်စေမဲ့ ရှယ်ဟင်းလျာပဲပေါ့။ (ငပိနဲ့ရောပြီး ဓညင်းသီးငပိချက်ချက်လို့ကတော့ လွှတ်ကိုစားကောင်းပီပဲဗျို့)။ ဓညင်းပင်ဟာ အပင်ကြီးမျိုးဖြစ်တဲ့အတွက် အိမ်မှာစိုက်ထားရင် အရိပ်လည်းရသလို စားလည်းစားရတာပေါ့။ ဓညင်းပင်ကို အစေ့နဲ့မျိုးပွားကြတဲ့အခါ အပင်ကြီးမျိုးဖြစ်တဲ့အတွက် စောင့်ရတာအရမ်းကြာပါတယ်။ ဒါ့ကြောင့်နောက်ပိုင်းမှာ အပင်ကြီးထွားမြန်ပြီး စီးပွားရေးအရအမြောက်အများပွားများနိုင်တဲ့ မြေထုပ်စည်းနည်းကို အသုံးပြုလာကြပါတယ်။ 

    မြေထုပ်စည်းခြင်းကို အပူပိုင်း၊ သမပိုင်းသစ်ပင်များနဲ့ ချုံနွယ်ပင်များကို အမြောက်အများပွားများရာမှာ အသုံးပြုကြပြီး မြန်မာနိုင်ငံမှာလည်း သစ်သီးပင်တွေဖြစ်တဲ့ လိုင်ချီး၊ ရှောက်သံပုရာ၊ မာလကာတို့သာမက အလှစိုက်ပင်တွေဖြစ်တဲ့ နှင်းဆီ၊ ခေါင်ရမ်း၊ရွက်လှ၊ စက္ကူပန်းတို့မှာလည်း မြေထုပ်စည်းနည်းဖြင့် ပွားများကြပါတယ်။ မြေထုပ်စည်းခြင်းဟာ အကိုင်းများကို အပင်ပေါ်မှာပဲမြေထုပ်စည်းရသည့်အတွက် မိခင်အပင်မှ အာဟာရအထောက်အပံ့ကို ရရှိနိုင်ပါတယ်။

     ဓညင်းပင် မြေထုပ်စည်းနည်းအကြောင်းကို အချက်များနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။

၁) ဦးစွာ မြေထုပ်စည်းမည့်အကိုင်းကို ရွေးချယ်ရပါမယ်။ ကျန်းမာသန်စွမ်းပြီး လက်မဝက်အထူရှိတဲ့ အကြမ်းခံနိုင်တဲ့အကိုင်းကို ရွေးချယ်ပါ။

၂) နောက် ရွေးချယ်လိုက်တဲ့အကိုင်း၏ ထိပ်ပိုင်းမှ ၁ ပေ- ၁ ပေခွဲနောက်ပိုင်းရှိ အရွက်များ၊ ဘေးအကိုင်းများကို ဖယ်ပစ်လိုက်ပါ။

၃) အကိုင်း၏ပင်စည်ကို ပတ်ပတ်လည်တွင် ၁ လက်မအကျယ်ခန့် အပေါ်ယံအခေါက်ခွာလိုက်ပါ။

၄)  အခေါက်ဖယ်ရာတွင် အစာကြောနဲ့ အသားတိုးလွှာတို့ကို ကုန်အောင်ခွာရပါမယ်။

၅) အခေါက်ခွာထားသော နေရာ၏အထက် ၄ လက်မ ၆ လက်မခန့် နေရာမှာ အမြစ်အားဆေးဟော်မုန်း တစ်မျိုးမျိုးကို သုတ်လိမ်းပေးပါ။

၆) အဲ့ဒီနောက် ဒဏ်ရာပေးထားသောနေရာကို စပ်ထားသောမြေကြီး လက်တစ်ဆုပ်စာအုပ်လိုက်ပါ။ (အထူးသဖြင့် ဒဏ်ရာရဲ့အပေါ်ပိုင်းက အမြစ်သစ်များထွက်နိုင်တဲ့ အစိတ်အပိုင်းဖြစ်သည့်အတွက် ၎င်းနေရာကို အဓိကထားအုပ်ပေးရပါမယ်။)

၇) ထို့ကြောင့် မြေကြီးကို ပလတ်စတစ်ဖြင့်ထပ်အုပ်ပြီး တင်းကျပ်နေအောင်စည်းလိုက်ပါ။ (သတိထားရမှာက မြေကြီးကို ပလတ်စတစ်ဖြင့်မအုပ်မီ စိုစွတ်နေပါစေ)

    အကယ်၍ ထုပ်ထားသောမြေထုပ်က အလေးချိန်စီးပါက အောက်ကထောက်ထားပေးဖို့လိုပါလိမ့်မယ်။ အထက်ကအချက်များပြီးသွားပါက မြေထုပ်မှာ ရက်စွဲကိုမှတ်သားထားနိုင်ပါတယ်။ မြေထုပ်ထဲကနေ အမြစ်ဖွေးဖွေးတွေမြင်ရပြီဆိုလျှင် မြေထုပ်စည်းကို မိခင်အပင်ကနေ ဖြတ်ယူနိုင်ပါပြီ။ ဖြတ်ယူပြီးနောက် ပလတ်စတစ်ကိုဖယ်ပြီး  အိုး သို့မဟုတ် ဘောင်မှာ မြေလုံးမပျက်ယူပြီး ရွှေ့စိုက်ထားနိုင်ပါတယ်။ မြေထုပ်စည်းရာမှာ သတိထားရမှာတွေကတော့.

- မြေထုပ် အရမ်းမစိုစေရန်။

- မြေထုပ် အရမ်းမခြောက်နေစေရန်။

- မြေထုပ်စည်းမည့်အကိုင်း အရမ်းမရင့်စေရ။

- ဒဏ်ရာပေး များသွားခြင်း။

- ဒဏ်ရာပေးရာတွင် အသားတိုးလွှာများ၊ အစာကြောများကျန်နေခြင်း။ စတဲ့အချက်တွေကို မြေထုပ်စည်းရာမှာ သတိထားပေးရပါမယ်။ 

    ကဲ အထက်မှာဖော်ပြခဲ့တဲ့အချက်တွေကတော့ ဓညင်းပင်မြေထုပ်စည်းနည်း အကြောင်းပဲဖြစ်ပါတယ်။ ဓညင်းပင်မှ မဟုတ်ပါဘူး။ အထက်မှာဖော်ပြခဲ့တဲ့ သစ်သီးပင်များ အလှစိုက်ပင်များကို မြေထုပ်စည်းရာတွင်လည်း ဒီအချက်တွေနဲ့ သွေဖယ်မသွားပါဘူး။ အခုကစပြီး စီးပွားဖြစ်ပဲဖြစ်ဖြစ် ဝါသနာအရပဲဖြစ်ဖြစ် မိခင်အပင်ပေါ် မှာပဲ ကျန်းမာသန်စွမ်းတဲ့အကိုင်းများကို မြေထုပ်စည်းပြီး အချိန်တိုအတွင်းပွားများနိုင်တဲ့အတွက် စာဖတ်သူတို့ လက်တည့်စမ်းကြည့်ကြပါဦးလို့ တိုက်တွန်းလိုက်ရင်း ဆောင်းပါးကို ဒီမှာပဲရပ်ပါရစေ။

Ref; https://web.archive.org/web/20010614031022/http://www.hort.purdue.edu/ext/ho-1.pdf

       https://en.wikipedia.org/wiki/Archidendron_pauciflorum

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်