စည်ပင်ပိုင် မြေဧက ၃၀၀ ကျော်ကို မွေးမြူရေးဇုန်အဖြစ် လုပ်ကိုင်ခွင့်ပြုမည်

04/11/2019 14:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရန်ကုန်၊ နိုဝင်ဘာ ၁ ရက်။ 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင် မြေဧက ၃၀၀ ကျော်ကို မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးလျှင် တစ်ဧကနှုန်းဖြင့် မွေးမြူရေးဇုန်အဖြစ်သို့ သတ်မှတ်လုပ်ကိုင်ခွင့်ပြုပေးမည်ဖြစ်‌ကြောင်း သိရသည်။ 

ရန်ကုန်တိုင်းဒေသကြီးရှိ ဖောင်ကြီး-မင်းကုန်း ကားလမ်းဘေးတွင် စည်ပင်သာယာရေးကော်မတီပိုင် မြေဧက ၃၀၀ ကျော်ရှိပြီး မြေဧကပေါ်မှာ မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးလျှင် တစ်ဧကဆီပေးကာ  လုပ်ကိုင်ခွင့်ပေးရန်အတွက် လျာထား‌ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။

မြေဧက ၃၀၀ ကျော်မှာ တစ်ဧကကွက်တွေဖော်ပြီးတော့ လမ်းတွေပါလုပ်ဖို့လိုသေးတယ်။ ဒါတွေလုပ်ပြီးရင် စနစ်တကျ နေရာချထားပေးမယ်။ မွေးမြူရေးဇုန်လုပ်မယ်။ ဒီလိုလုပ်ဖို့ တိုင်းဒေသကြီးကို တင်ပြမယ်။ အတည်ပြုပြီးသွားရင် အဲ့နေရာကို ပြောင်းရွှေ့မယ်

လက်ရှိတွင် တောင်ဥက္ကလာပ၊ သင်္ဃန်ကျွန်း၊ သာကေတ၊ မြောက်ဥက္ကလာပ၊ ဒေါပုံမြို့နယ်အပြင် downtown နှင့် ၁၉ မြို့နယ်ကို  တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်မရှိသည့် နယ်မြေအဖြစ် သတ်မှတ်ထား‌ကြောင်းသိရသည်။ 

ထို့ကြောင့် ရန်ကုန်မြို့တွင်း၌ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခြင်းကို ခွင့်ပြုပေးမည်မဟုတ်ဘဲ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ချင်ပါက ယင်းနေရာသို့ ပြောင်းရွေ့ဆောင်ရွက်ခွင့်ပေးမည်ဖြစ်သည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စည်ပင်သာယာနယ်နမိတ် ၃၃ မြို့နယ်ကို နောက်ပိုင်းမှာ လုံးဝ မွေးမြူရေးလုပ်ခွင့်ပြုတော့မည်မဟုတ်ကြောင်း ရန်ကုန်မြို့တော်  စည်ပင်သာယာရေးကော်မတီမှ သိရသည်။ 

အေးအေးမြင့်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်