ရိတ်သိမ်းဆဲသီးနှံများ ပျက်စီးမှုမရှိစေရေး တောင်သူကြီးများသို့ အကြံပြုနှိုးဆော်ချက်

04/05/2020 17:00 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၁။​ မကြာမီ မိုးဦးလေဦးကာလ စတင်တော့မည်ဖြစ်ပါသည်။ မိုးကြိုကာလ မုန်တိုင်းမိုးများကြောင့် ရိတ်သိမ်းဆဲနွေစပါးများ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် နွေနှမ်း၊ ပဲမျိုးစုံသီးနှံများ ပျက်စီးဆုံးရှုံးမှု မရှိစေရေး အောက်ပါလုပ်ငန်းများကို ကြိုတင်ပြင်ဆင် လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

​(က) ​နွေစပါးများအား မုန်တိုင်းတိုက်ခတ်မိုးရွာသွန်းနေချိန်တွင် ရိတ်သိမ်းခြင်းမပြုဘဲ၊ မုန်တိုင်းကင်းစင်မှသာ ရိတ်သိမ်းခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ပါ။

​(ခ)​ ရိတ်သိမ်းစက်၊ ချွေလှေ့စက်၊ ရိတ်သိမ်းချွေလှေ့စက်များ အသုံးပြုရိတ်သိမ်းပါ။ စက်ကိရိယာရရှိမှု အခက်အခဲကြောင့် လူလုပ်အားဖြင့် ဆောင်ရွက်ရပါက တစ်ကွက်ချင်းကို အပြီးရိတ်သိမ်းပြီး ချက်ချင်းချွေလှေ့ပါ။ တစ်ကွက်ပြီးမှ နောက်တစ်ကွက် ဆက်လက် ဆောင်ရွက်ပါ။

(ဂ)​မိုးရွာသွန်းခြင်း၊ လေတိုက်ခြင်းတို့ကြောင့် ရင့်မှည့်ပြီးစပါးခင်းများ ယိုင်လဲမှုဖြစ်ပေါ်ပါက အမြန်ဆုံးရေထုတ်၍ ချက်ချင်းရိတ်သိမ်းပါ။ ချက်ချင်းမချွေလှေ့နိုင်သည့် ကောက်လှိုင်းထုံးများကို ကန်သင်းပေါ်တွင် စုပုံထားရှိခြင်းမပြုဘဲ၊ အမိုးအကာအောက်သို့ အမြန်ဆုံးသယ်ယူ ၍ စနစ်တကျ စုပုံထားရှိပါ။ အမိုးအကာ လုံလောက်မှုမရှိလျှင် မိုးရေလျောကျစေရန် တက်ဖက်စောင်းနိမ့် ပုံစံဖြင့် စုပုံပါ၊ (သို့မဟုတ်) ကောက်လှိုင်းများအား ဖိုခနောက်ဆိုင် ထောင်ထားပါ။

(ဃ)​ စုပုံထားသော ကောက်လှိုင်းပုံများကို နေသာချိန်တွင် အမြန်ဆုံး ချွေလှေ့ပါ။ ချွေလှေ့ပြီး စပါးများကို အစိုဓါတ်(၁၄)ရာခိုင်နှုန်း ရရှိသည်အထိ အ​ခြောက်ခံစက်အသုံးပြု၍ (သို့မဟုတ်) နေလှန်း၍ အခြောက်ခံပါ။

(င) ​နွေနှမ်း၊ ပဲမျိုးစုံသီးနှံခင်းများတွင် မိမိတို့ စိုက်ခင်းပတ်ဝန်းကျင်ရှိ ရေထုတ်မြောင်းများ ပိတ်ဆို့နေခြင်းမရှိအောင် ရှင်းလင်းခြင်းအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားပါ။ ရေများအလွယ်တကူ ထုတ်နိုင်ရေးအတွက် စိုက်ခင်းပတ်လည်တွင် ပတ်မြောင်းများ၊ စိုက်ခင်းအလယ်တွင် စိမ့်မြောင်းများ ကြိုတင်တူးဖော်ပြင်ဆင်ထားပါ။

(စ)​ မိမိတို့စိုက်ခင်းမှ ရေထုတ်မြောင်းအတွင်းသို့ တိုက်ရိုက်ရေထုတ်နိုင်ခြင်းမရှိပါက အနိမ့်ပိုင်းစိုက်ခင်းများမှတစ်ဆင့် ရေထုတ်နိုင်ရေး နီးစပ်ရာတောင်သူများအချင်းချင်း ကြိုတင်ညှိနှိုင်း ပြင်ဆင်ထားပါ။ မိုးရေချိန်များပါက စိုက်ခင်းအတွင်းမှ ရေများအား ချက်ချင်းထုတ်နိုင်ရန် ရေစုပ်စက်များ ကြိုတင်ပြင်ဆင်စုဆောင်းထားပါ။

(ဆ)​ နှမ်းရိတ်သိမ်းရန် သက်တမ်းရောက်ရှိပါက ချက်ချင်းရိတ်သိမ်းထားပြီး နှမ်းထောင်ခြင်းလုပ်ငန်းများကို အမိုးအကာအောက်တွင် ဆောင်ရွက်နိုင်ရေး (သို့မဟုတ်) သင့်လျော်မည့် နည်းလမ်းများဖြင့် နှမ်းစည်းများ အခြောက်ခံနိုင်ရေး ကြိုတင်ပြင်ဆင်ထားပါ။

(ဇ)​ ရိတ်သိမ်းပြီးသီးနှံများအား စိုက်ခင်းအတွင်း စုပုံထားခြင်းကို လုံးဝရှောင်ကြဉ်ပါ။

၂။​ သီးနှံများရိတ်သိမ်းချိန်တွင် လေလွင့်ဆုံးရှုံးမှုများမရှိစေရေးနှင့် ပျက်စီးဆုံးရှုံးမှုများမရှိစေရေးအတွက် အထက်ပါလုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် အကူအညီလိုအပ်ပါက တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ စိုက်ပျိုးရေးဦးစီးဌာနရုံးများနှင့် စက်မှုလယ်ယာ ဦးစီးဌာနရုံးများသို့ ဆက်သွယ်အကူအညီရယူနိုင်ပါကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်