ပင်ကြွင်းပင်ကျန်များကို အသုံးပြုပြီး စိုက်နိုင်တဲ့ မှိုရဲ့ အကျိုးသက်ရောက်မှုများ

25/07/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာ မှို အပိုင်း (၆၁)

အင်အော်ဂဲနစ်ဓာတ်မြေသြဇာ သုံးစွဲနှုန်းလျှော့ချပြီး ကုန်ကျစရိတ်သက်သာသည့် ဇီဝနှိုးဆွတီမြေဆွေး၊ မြေဆွေးများအစားထိုး (သို့မဟုတ်) ဖြည့်စွက်အသုံးပြုခြင်း (၁၃)

စားမှိုစိုက်ခြင်းသည် ပတ်ဝန်းကျင်ညစ်ညမ်းစေသော ပင်ကြွင်းပင်ကျန်များ အလေအလွင့်များကို လျှော့ချသည့်နည်းဖြစ်သည် ။

ဘိုင်အိုကွန်ဗားရှင်း (ဇီဝဆိုင်ရာပြောင်းလဲမှုဖြစ်စဥ်) ဆိုသည်မှာ

ဇီဝဆိုင်ရာ ပြောင်းလဲမှုဖြစ်စဥ် ဘိုင်အိုကွန်ဗားရှင်းဆိုသည်မှာ အပင်အကြွင်းအကျန်၊ တိရစ္ဆာန်အညစ်အကြေးစသော အော်ဂဲနစ်ပစ္စည်းများမှ  မြေနေသက်ရှိများ၏ ဇီဝကမ္မပြောင်းလဲမှုအကူအညီဖြင့်  တန်ဖိုးမြင့်ပစ္စည်းများ၊ ထုတ်ကုန်များနှင့် စွမ်းအင်များရရှိသော ဖြစ်စဥ်တစ်ခုဖြစ်သည်။ တန်ဖိုးဖြည့်အသုံးချခြင်းတွင် တန်ဖိုးမြင့်ပစ္စည်းများ ဇီဝနှိုးဆွအစိတ်အပိုင်များ  ( ခိုက်တင်၊ ဟူးမစ်ပစ္စည်းများ၊ ပရိုတင်း၊ အကျိုးပြုသက်ရှိများ) နှင့် ဇီဝဆိုင်ရာပြောင်းလဲလာသောမြေဆွေးများ ( တီကောင်များ၊ တီမြေဆွေး) များ ပါဝင်သည်။  စားမှိုနှင့် မှိုစိုက်ပြီး ပွားစာဟောင်း/ ပွားစာဆွေးများသည် အော်ဂဲနစ်ပစ္စည်းများ၏ ဇီဝဆိုင်ရာ ပြောင်းလဲမှုမှ ရရှိသည်။

   မှိုစိုက်တောင်သူများအတွက် လွယ်ကူရိုးရှင်းသော ဘိုင်အိုကွန်ဗားရှင်း(ဇီဝဆိုင်ရာပြောင်းလဲမှု) ဆိုသည်မှာ

အထက်ဖော်ပြပါ ဇီဝဆိုင်ရာပြောင်းလဲမှုကို တောင်သူများ၊ မှိုစိုက်တောင်သူများအတွက် လွယ်ကူရိုးရှင်သော အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်မှာ အပင်အကြွင်းအကျန်၊ လစ်နင်ပစ္စည်းများပါသော အမှိုက်သရိုက်များ (Lignocellulosic waste) တိရစ္ဆာန်အညစ်အကြေးများ စနစ်တကျရောစပ်ထားသောပွားစာတွင် စားမှိုအမျိုးမျိုး၏ မျိုးစများထည့်မွေးသည်။ ထွက်ကုန်အဖြစ်  အာဟာရတန်ဖိုးမြင့်၊ ဆေးဖက်ဝင်စားမှိုများ ရလာသည်။ တစ်နည်းအားဖြင့်ပြောရပါလျှင် မှိုစိုက်ပျိုးခြင်းသည် စားသုံးသူအကြိုက် လွယ်ကူသော အာဟာရဇောင်းပေးသည့် ခေတ်မီစိုက်ပျိုးရေး ဖြစ်သည်။ လွယ်ကူရိုးရှင်းသောမှိုစိုက်ခြင်း အနုပညာသည် အဆင့်မြင့်လေလာမှုဖြစ်သော ဘိုင်အိုကွန်ဗားရှင်း ဇီဝဆိုင်ရာပြောင်းလဲမှုဖြစ်စဥ်များအနက် အရေးကြီး သော အခန်းကဏ္ဍအစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်သည်။

 စားမှိုစိုက်ပျိုးရေး၏ ဇီဝဆိုင်ရာပြောင်းလဲမှုသည် မှိုတစ်ခါထွက်၊ တစ်ခါထုတ်မှသာ ပြီးဆုံးသွားသော စိုက်ပျိုးရေး မဟုတ်ပါ။ တစ်ပတ်လည် စိုက်ပျိုးရေးကွင်းဆက်အဖြစ် မှိုစိုက်ပြီးကျန်သော ပွားစာဟောင်းများသည် မှိုစိုက်စဥ်သုံးသော အာဟာရဖြည့် ပစ္စည်းများအပေါ်မူတည်ပြီး ဇီဝမြေသြဇာအဖြစ်သုံးနိုင်ခြင်းဖြစ်သည်။ ပညာရှင်နှင့်တောင်သူကွာဟချက် စိန်ခေါ်မှုများ ရှိနေသေးသည်။ မှိုတောင်သူ၏အတွေ့အကြုံများအခြေခံပြီး ခေတ်နှင့်အညီတိုးတက်လာသော စိုက်ပျိုးရေးနည်းပညာများ၊ အသုံးချမှုတွေ့ရှိချက်များစွာနှင့် ပေါင်းစပ်ဆောင်ရွက်ရန်လိုအပ်သည်။ လက်တွေ့စားမှိုစိုက်ပျိုးရေး တန်ဖိုးမြင့်လာစေရန် မှိုအကြောင်းနားလည်ပြီး မှိုကို ကျန်းမာရေးရှုထောင့်ဖြင့်လည်း စားသုံးတတ် လာကြရန် ပညာပေးဖြန့်ဝေရန်လည်းအရေးကြီးပါသည်။

မှိုကို ကျန်းမာရေးဖြည့်စွက်စာအဖြစ် ဘာကြောင့် စားကြတာလဲ?

မှိုကို ဖြည့်စွက်စာအဖြစ် စားကြသည်မှာ

  •  ၁။ မှိုသည်ပရိုတင်း အရင်းအမြစ်တစ်ခုဖြစ်သည်။ စားမှိုတွင်ပါဝင်သော ပရိုတင်းသည် ကျန်းမာရေးအကျိုး ပြုမှုများသည်။ အာဟာရ တန်ဖိုးမြင့်သည်။
  • ၂။ အဆီနည်းသည်၊ အမျှင်များသည်။
  • ၃။ အချဥ်ဖောက်ထားသော ပွားစာ၏ ဇီဝဆိုင်ရာပြောင်းလဲမှုမှထွက်သော တန်ဖိုးမြင့်ထွက်ကုန် ဖြစ်သည်။
  • ၄။ ကျန်းမာရေးအကျိုးပြုမှုများသည်။
  • ၅။ ဖြည့်စွက်စာပစ္စည်းဖြစ်သည်။ ရောဂါများခံနိုင်ရည်ရှိသော ဆန့်ကျင်သတ္တိရှိသည်။ (Ayimbila  and Keawsompong  2023)

ဘာကြောင့် စားမှိုများနှင့် မှိုစိုက်ပြီးပွားစာကျန်များတွင် ဇီဝဆိုင်ရာ အရည်အသွေးမျာကွဲပြားရတာလဲ

မှိုစိုက်မည့် ပွားစာအမျိုးအစား၊ ပွားစာစပ်သော ပစ္စည်းအချိုးအစားပေါ်မူတည်ပြီး ပွားစာများ၏ ဇီဝဆိုင်ရာ အရည်အသွေးများ သက်ရှိများစွာလှုပ်ရှားမှု၊ ဇီဝဆိုင်ရာအကျိုးသက်ရောက်မှု (Biological efficiency) ကွဲပြားသည်။ ကောက်ရိုးမှိုကို ဆွေးမြည့်ပွားစာတွင် စိုက်ပျိုးသည်။ ငွေမိုးမှိုကိုမူ မဆွေးမြည့်ပွားစာတွင် စိုက်ပျိုးသည်။ အထူးသဖြင့် ကောက်ရိုးမှိုစိုက်မည့် ပွားစာ၏ စီအမ်အချိုးသည် ၄ဝ–၆ဝ : ၁  ဖြစ်ရမည်။ ငွေမိုးမှိုစိုက်မည့် ပွားစာ၏ စီအမ်အချိုးသည် ၄၅–၆ဝ : ၁  ဖြစ်ရမည်။ အသုံးပြုဖြည့်စွက် ပစ္စည်းများဖြစ်သော ဆားခါး၊ ကျောက်မှုန့် နှင့် ထုံးကျောက်များသည် မှိုမျှင်ကြီးထွားမှုနှင့် မှိုငုံများဖြစ်ရန် လိုအပ်သည် (Huang S et al., 2021)။ 

ကောက်ရိုးမှိုနှင့် အခြားမှိုများတွင် အာဟာရတန်ဖိုးပရိုတင်းပါဝင်မှု

စားမှိုများ

 

မှိုစားသုံးသူများသည် စားမှိုများ၏ အာဟာရဓာတ်ပါဝင်မှုမြင့်ပြီး ပရိုတင်း ကြွယ်ဝသော ဆေးဖက်ဝင်သည့် အစားအစာ ဖြစ်သည်ကို နားလည်ပြီးမှ စားသုံးပါ။

မှိုစိုက်ပျိုးရေး၏ အကျိုးပြုဇီဝကမ္မဖြစ်စဥ်မှတဆင့် စားသုံးသူ၊ ပတ်ဝန်းကျင်နှင့် စိုက်ပျိုးရေးအတွက် လက်တွေ့အကျိုးပြုမှုနှင့် အသုံးချနိုင်မှု ဆက်စပ်သုံးသပ်ချက်

၁၉၈ဝ မတိုင်မီကတည်းက အစားအစာဘေးကင်းရေးစီမံချက်က ကျယ်ပြန့်ခဲ့သည်။ မှိုစားသုံးခြင်းကို အရသာရှိသော သဘာဝအစားအစာအဖြစ် စိတ်ဝင်စားမှုများလာသည်။ အာဟာရဇောင်းပေးသော စိုက်ပျိုးရေးမှရသော အာဟာရမြင့်၊ ဆေးဖက်ဝင်စားမှိုများ၊ မှိုပရိုတင်းကြွယ်ဝအစားအစာအဖြစ် ကယ်လိုရီတွက်ကာ စားသုံးသော အလေ့အထသည် နည်းနေသေးသည်။ မှိုစိုက်တောင်သူများ ကိုယ်တိုင်ကလည်း လုံခြုစိတ်ချရသော မှန်ကန်သော ကျန်းမာရေးမထိခိုက်သော ဖြည်စွက်ပစ္စည်းများသာ အသုံးချမှု၊ ကိုင်တွယ်မှု၊ သိုလှောင်မှုကအစ အာမခံချက်ထားရန်လိုအပ်ပါသည်။

မှိုစိုက်ပျိုးခြင်းသည် လွယ်ကူပြီး ကျန်းမာရေးရှုထောင့်အရ ခေတ်မီကာ စားသုံးသူကြိုက်သော ထုတ်ကုန်ရသည့် စိုက်ပျိုးရေးဖြစ်သည်။ လွယ်ကူရိုးရှင်းသော မှိုစိုက်ပျိုးခြင်းသည် အဆင့်မြင့် နည်းပညာဖြစ်သော ဘိုင်အိုကွန်ဗားရှင်း (ဇီဝဆိုင်ရာပြောင်းလဲမှု) အရင်းအမြစ်တစ်ခုဖြစ်သည်ကို မှိုစိုက်တောင်သူများကိုယ်တိုင် နားလည်သဘော ပေါက်စေလိုပါသည်။ မှိုစားသုံးသူများသည်လည်း စားမှိုများသည် အာဟာရဓာတ်ပါဝင်မှုမြင့်ပြီး ပရိုတင်းကြွယ်ဝသည်။ ကျန်းမာရေးအထောက်အကူဖြစ်သည် ကို နားလည်စေချင်ပါသည်။ မှိုစိုက်တောင်သူများကိုယ်တိုင်က မှိုစျေးကွက်တွင် မှိုစားသုံးသူများနားလည်နိုင်သော သင်္ကေတအဖြစ် အာဟာရဓာတ်ပါဝင်မှု ၊ ဆေးဖက်ဝင်မှုများကို ကြေငြာပြီး ရောင်းချပေးရန်လိုအပ်ပါသည်။

မည်သို့ဆိုစေ အော်ဂဲနစ်ပစ္စည်း အလေအလွင့်များစီမံခန့်ခွဲမှု၊ တစ်နည်းဆိုရသော် ဇီဝဆိုင်ရာ ပြောင်းလဲမှု ဖြစ်သည့်  မှိုစိုက်ခြင်းအနုပညာသည် လွယ်ကူရိုးရှင်းသော အာဟာရဇောင်းပေးသည့် ခေတ်မီသော စိုက်ပျိုးရေးဖြစ်သည်။ ရေရှည်တည်တံ့သည်။ ပတ်ဝန်းကျင်ကိုကာကွယ်သော တစ်ပတ်လည် စီးပွားရေးကွန်ယက်အတွက် ခိုင်မာမှုရှိသည်။  

ကိုးကား

Ayimbila  F and Keawsompong S. Nutritional Quality and Biological Application of Mushroom Protein as a Novel Protein Alternative. Curr Nutr Rep. 2023; 12(2): 290–307. doi: 10.1007/s13668-023-00468-x

Huang S et al., Biostimulants in bioconversion compost of organic waste: A novel booster in sustainable agriculture. Journal of Cleaner Production Volume 319, 15 October 2021, 128704

Scholtmeijer K. et al., Potential Protein Production from Lignocellulosic Materials Using Edible Mushroom Forming Fungi. J. Agric. Food Chem. 2023, 71, 11, 4450–44

 ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း) ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်