မှိုပွားစာဟောင်းများကို စိုက်ပျိုးရေးမှာ ဘယ်လိုပြန်လည်အသုံးချနိုင်ပါသလဲ..?

14/11/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်း စေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရောစိုးက်ဇာ မှို အပိုင်း (၇၇)

စားမှိုများမှ တန်ဖိုးမြှင့် ပစ္စည်းအမျိုးမျိုး ထုတ်ကြရအောင် (၄)

စားမှိုစိုက်ပျိုးခြင်းမှရသော ဘေးထွက်ပစ္စည်းများသည် စိုက်ပျိုးရေးတွင်ပြန်လည် အသုံးချနိုင်ခြင်း

ပွားစာဟောင်းဆိုသည်မှာ

မှိုခူးဆွတ်ပြီးကျန်ခဲ့သော အော်ဂဲနစ်ကြွယ်ဝသည့် မီဒီယာ အကြွင်းအကျန်များဖြစ်သည်။ မြေဆွေး အရင်းအမြစ်လို့လည်းဆိုနိုင်သည်။ တပိုင်းတစ  ဆွေးမြည့်စပြုနေသော လွှစာ၊ ကြံမြုပ်ချေး၊ ဆီအုန်းသီးကိုင်းများ။ တိရစ္ဆာန်ချေးများ၊ ပြောင်းဖူးရိုးများ၊ ဝါစေ့ကြိတ်ဖတ်များ၊ ကိုကိုးအခွံများ၊ ဂျစ်ဆန်နှင့် စိုက်ပျိုးရေးဇီဝဆိုင်ရာ အကြွင်းအကျန်များဖြစ်သည်။ တန်ဖိုးရှိသော ဘေးထွက်ပစ္စည်းများ ပါဝင်သည်။

မှိုစိုက်ပြီးကျန်သည့် ပွားစာဟောင်းများသည် အပင်များအတွက် အာဟာရပြည့်ဝသည်။ ကယ်လိုရီနည်းသော အစားအစာများကို စားသုံးလာသည်နှင့်အမျှ မှိုသည် အာဟာရဓာတ်ကြွယ်ဝသဖြင့် စားသုံးသူများလာသဖြင့် ၂ဝ၂၆ ခုနှစ်များတွင် မှိုစျေးကွက်သည် ၂ဝ.၈၄ မီလီယံတန်ထိ ရောက်ရှိမည်ဟုခန့်မှန်းထားသည်။ မှိုစျေးကွက်တွင် စားသုံးသူ ရာခိုင်နှုန်းများမှာ ကြယ်သီးမှို (၈၅%)၊ ငွေနှင်း၊ ငွေမိုးမှို (၂၇%)၊ ရှီတာကီ (၁၇%)၊ ကြွက်နားရွက်မှို  (၆%)နှင့် အပ်မှို (၅%) ဖြစ်သည်။ မှိုစျေးကွက်မြင့်မားလာသည်နှင့်အမျှ မှိုစိုက်ပျိုးထုတ်လုပ်မှုကလည်း အလျင်အမြန် ဖွံ့ဖြိုးလာသည်။ အလားတူ စားမှိုစိုက်ပြီးပွားစာဟောင်းဖြစ်သည့် ဘေးထွက်ပစ္စည်းများကလည်း မှို ၁ ကီလိုဂရမ်ထွက်တိုင်း  အစိုချိန် ၅-၆ကီလို ဂရမ်ထွက်သည်။ စားမှိုစိုက်ပြီးပွားစာဟောင်းဖြစ်သည့် ဘေးထွက်ပစ္စည်းများစုပုံလာသည်နှင့်အမျှ ပတ်ဝန်းကျင်ညစ်ညမ်းသည်အထိ များပြားလာမည်ဖြစ်သည်။ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မြေအောက်ရေညစ်ညမ်းပြီး သဘာဝအရင်းအမြစ်များပျောက်လာနိုင်သည်။ သို့ဖြစ်၍ မှိုစိုက်ပြီး ပွားစာဟောင်းများကို ပြန်လည်အသုံးချခြင်းသည် မှိုစိုက်ပျိုးထုတ်လုပ်သူများ နှင့် စိုက်ပျိုးရေးတောင်သူများအတွက် အကျိုးရှိသည်။ ပတ်ဝန်းကျင်ညစ်ညမ်းစေမှုပါ လျော့ကျသည်။

မှိုစိုက်ပျိုးထုတ်လုပ်သူများသည် ဘေးထွက်ပစ္စည်းဖြစ်သည့် စားမှိုစိုက်ပြီးပွားစာဟောင်းများကို  အရည်အသွေးရှိအောင်ဆောင်ရွက်ပြီး ဘက်စုံပြန်လည်အသုံးချနိုင်ပါသည်။ ၎င်းတို့မှာ - 

စားမှိုစိုက်ပြီးပွားစာဟောင်းသည် လစ်နိုဆဲလူးလိုစ်စစ် ဘေးထွက်ပစ္စည်း ဖြစ်သည်။ တပိုင်းတစ (၄ဝ-၈ဝ%)  ဆွေးမြည့်စပြုနေသောအကြွင်းအကျန်များဖြစ်ပြီး၊ ရှီတာကီမှိုပွားစာဟောင်းသည် ၅ဝ%-၈ဝ% ဆွေးမြည့်သည်။ ငွေနှင်း၊ ငွေမိုးမှိုမျိုးဝင် ပွားစာဟောင်းသည် ၄ဝ%-၈ဝ% ဆွေးမြည့်သည်။ လွှစာ၊ ကြံမြုပ်ချေး၊ ဆီအုန်းသီးကိုင်းများ၊ တိရစ္ဆာန်ချေးများ၊ ပြောင်းဖူးရိုးများ၊ ဝါစေ့ကြိတ်ဖတ်များ၊ ကိုကိုးအခွံများ၊ ဂျစ်ဆန်နှင့် စိုက်ပျိုးရေးဇီဝဆိုင်ရာ အကြွင်းအကျန်များဖြစ်သည်။ တန်ဖိုးရှိသော ဘေးထွက်ပစ္စည်းများ ပါဝင်သည်။ အထူးသဖြင့် အော်ဂဲနစ်ပစ္စည်းများနှင့် အင်ဇိုင်းပါဝင်မှုမြင့်မားသည်။ စိုက်ပျိုးသော မှိုမျိုး၊ နေရာနှင့် မှိုထွက်ရန်အတွက် အသုံးပြုသော ဖြည့်စွက် ပစ္စည်းများအပေါ်မူတည်ပြီး  ပွားစာဟောင်းတွင်ပါသော အာဟာရဓာတ် အချိုးအစားကွာသည်။ တပတ်လည်စီးပွားရေးကွင်းဆက်အတွက် ပွားစာဟောင်းများကို တန်ဖိုးသတ်မှတ်ရာတွင်ပါသော အာဟာရဓာတ် အချိုးအစားကို ကောင်းစွာနားလည်ရန်လိုသည်။ မှိုစိုက်ပျိုးထုတ်လုပ်သူများသည် မှိုစိုက်ပျိုးစဥ် မိမိတို့သုံးစွဲနေကျပစ္စည်းအလိုက် စားမှိုစိုက်ပြီးပွားစာဟောင်း အရည်အသွေးကို ထိန်းနိုင် ပါသည်။

  • ၁။ မှိုစိုက်ရာတွင်အသုံးပြုသော အလေအလွင့် များ
  • ၂။ မှိုစိုက်ရာတွင်အသုံးပြုသော အာဟာရဖြည်စွက်ပစ္စည်းများ
  • ၃။ မှိုစိုက်နည်း (ပလတ်စတစ်အိပ် ဖြင့် (သို့) မှိုပုံဖြင့် စိုက်ခြင်း)
  • ၄။ ပွားစာအသစ်/အဟောင်း pH
  • ၅။ စိုက်ပျိုးသော မှိုမျိုးစိတ်
  • ၆။ ပွားစာဟောင်းအသက်
  • ၇။ ပွားစာဟောင်းတွင် ပျော်လွယ်ဆားပါဝင်မှု
  • ၈။ ပွားစာဟောင်းတွင်ပါသော ပစ္စည်းအပိုင်းအစများ၏ အရွယ်၊ အာဟာရ၊ အစိုဓာတ်နှင့် မိုက်ခရုပ်များ

စိုက်ပျိုးရေးတောင်သူများ ပြန်လည်အသုံးချနိုင်သောနည်းများ 

စားမှို စိုက်ပြီးပွားစာဟောင်းများ ပြန်လည်အသုံးချမှု

  • ၁။ ပြန်လည်ပြုပြင်ပြီး မှိုအသစ်စိုက်ဘောင်အဖြစ်သုံးခြင်း 
  • ၂။ ဇီဝမြေသြဇာနှင့် မြေပြုပြင်ပစ္စည်း 
  • ၃။ တိရစ္ဆာန် အစားအစာ 
  • ၄။ ဇီဝစွမ်းအင်ထုတ်ရာတွင်သုံးခြင်း 
  • ၅။ မြေညစ်ညမ်းမှုကို ကာကွယ်ခြင်း နှင့်ပြုပြင်ရာတွင် အသုံးချနိုင်ခြင်း 

မြေညစ်ညမ်းမှုကို ကာကွယ်ရန်နှင့်  လစ်နင်နှင့်တူသော ကွန်ပေါင်းများ ချေဖျက်သည့် နေရာတွင် ပိုအသုံးကျသည်။ စားမှိုစိုက်ပြီးပွားစာဟောင်းများကို ပြန်လည်အသုံးချရာတွင် စိန်ခေါ်မှုများလည်းရှိသည်။ အလားအလာကောင်းပြီး ထိရောက်စွာ အသုံးချနိုင်သော လမ်းကြောင်းများလိုလာပြီဖြစ်သည်။

စားမှိုစိုက်ပြီးပွားစာဟောင်းများကို မြေပြုပြင်ရာတွင် အကျိုးရှိရှိ အသုံးပြုနိုင်ပါသည်။ 

 

စားမှို စိုက်ပြီးပွားစာဟောင်းများကို မြေပြုပြင်ပစ္စည်းအဖြစ်သုံးသည်။ မြေထဲတွင် အော်ဂနစ်ပစ္စည်းတိုးခြင်းမှတဆင့် မြေအာဟာရများတိုးသည်။ အာဟာရဓာတ်ပါဝင်မှု မြင့်သည်နှင့်အမျှ မြေနေသက်ရှိများ လှုပ်ရှားမှုတိုးသည်။ အပင်အတွက် မြေအာဟာရများ ပိုရသည်။ သို့ဖြစ်၍ အင်အော်ဂဲနစ်မြေသြဇာသုံးမှု လျှော့ချနိုင်သည်။ အခြားမြေပြုပြင်ပစ္စည်းများသည် မြေ၏ရုပ်ပိုင်းဓာတုပိုင်းဆိုင်ရာ အရည်အသွေးများဖြစ်သော မြေထုထည်၊ မြေသား၊ မြေစိုင်မြေခဲဖွဲ့စည်းပုံ၊ မြေအစိုဓာတ်ကို ထိန်းသိမ်းသော စွမ်းအင်များကို ကျဆင်းစေသည်။ သို့ဖြစ်၍ စားမှို စိုက်ပြီးပွားစာဟောင်းများ၏ ဇီဝကမ္မဖြစ်စဥ်ကို ကောင်းစွာနားလည်ခြင်းသည် အရေးကြီးသည်။   

ဇီဝကမ္မဖြစ်စဥ်ကို အခြေခံပြီး ပွားစာဟောင်းများ ကို မြေဆွေးပြုလုပ်ခြင်း၊ တီမြေဆွေးအဖြစ်ပြုပြင်ပြီးမှ သုံးပါက ပျော်လွယ်ဆိုဒီယံ နှင့် ကယ်စီယံ ဆားများသည် မြေဆွေးပုံစဥ် ခိုင်မာစွာ ကျသွားသည်။ အင်အော်ဂဲနစ်မြေသြဇာနှင့်ဖြစ်စေ၊ နွားချေးနှင့်ဖြစ်စေ ပွားစာဆွေးကို ၂ဝ-၅ဝ% ထည့် သုံးနိုင်သည်။ အင်အော်ဂဲနစ်မြေသြဇာ ၂ ဆ နှင့် ပွားစာဆွေး ၁ ဆ ကို ရောသုံးခြင်းသည် အပင်ကို အကျိုးပြုမှု ပိုများသည်။

ကိုးကား

 Alves LDS. et al., Recycling spent mushroom substrate into fuel pellets for low-emission bioenergy producing systems. Journal of Cleaner ProductionVolume 313, 1 September 2021, 127875

Domínguez-Gutiérrez M et al., Composting and vermicomposting of spent mushroom substrate to produce organic fertilizer. Emirates Journal of Food and Agriculture. 2022. 34(3): 220-228 doi: 10.9755/ejfa.2022.v34.i3.2828

Pathak P et al., Fertilizing with spent mushroom compost .Resent trends in musroom biology 2021

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

 

 


Farm Link Co.,Ltd ကြော်ငြာ
County 24 SC ( ကောင်တီ ၂၄ အက်စ်စီ) Active Ingredient : Chlofenapyr 24% သီးနှံခင်းများရှိ လှေး ၊ ငမြောင်တောင်၊ သီးလုံးဖောက် ၊ စိန်ကွက်ဖလံ ၊ ရွက်ထွင်း ၊ မွှားပင့်ကူကဲ့သို့ ပိုးများစွာကို နှိမ်နင်းနိုင်သည်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်