ဝါးပင်များသည် အခြားအပင်မျိုးများနှင့်မတူ တမူထူးခြားသောဇီဝကမ္မဖြစ်စဉ်တစ်ခုရှိပါသည်။ ယင်းမှာနှစ်အပိုင်းအခြားတစ်ခုအတွင်း ပွင့်းခြင်းသီးခြင်းဖြစ်ပေါ်ပြီး သေဆုံးခြင်းပင်ဖြစ်ပါသည်။ မျိုးရင်း (Poaceae)၊ မျိုးရင်းခွဲ (Bambusoideae) ဝင်ဝါးမျိုးစိတ်များအားလုံးနီးပါးသည် ဝါးမျိုးကိုလိုက်၍ပုံမှန်နှစ်ရှည်အပိုင်းအခြား ( Regular long tome interval) အတွင်း ဝါးသီးပွင့်ခြင်း (Bamboo flowering) ဖြစ်စဉ် ဖြစ်ပေါ်လေ့ရှိပါသည်။ မျိုးစိတ်ကိုလိုက်၍သော်လည်းကောင်း ဒေသကိုလိုက်၍သော်လည်းကေင်း ဝါးသုဉ်းခြင်းကာလအပိုင်းအခြား (Bamboo flowering interval) မှာ (၂၀) နှစ်မှ (၆၀) နှစ် ခန့်ရှိပါသည်။ ဝါးသုဉ်းခြင်းဖြစ်စဉ်တွင် ဖြစ်ပေါ်သည့် ဧရိယာပမာဏနှင့် အနေအထားပေါ်မူတည်၍ဝါးသုဉ်းခြင်း (၃)မျိုးရှိပါသည်။
၎င်းတို့မှာ-
(က) ဧရိယာတခွင်တပြင်တွင် အစုလိုက်ဝါးသုဉ်းခြင်း (Gregarious flowering)
(ခ) ကွက်ကြားဝါးသုဉ်းခြင်း ( Sporadic flowering) နှင့်
(ဂ) နှစ်စဉ်ဝါးသုဉ်းခြင်း ( Annual flowering) တို့ဖြစ်ပါသည်။
ဝါးသည်သဘာဝအလျောက်မျိုးဆက်ပြန့်ပွားကြသည်။ ဝါးသီးပွင့်ခြင်းမှ မျိုးဆက်ကြသည် မဟုတ်ဘဲ ရှိနှင့်ပြီးဝါးရုံများမှ မျှစ်နှင့်ဝါး လုံးများတိုးပွား၍ မျိုးပွားခြင်းသာဖြစ်ပေသည်။ ဝါးပင်သည်အခြားသစ်ပင်များနှင့်မတူ ထူးခြားသော ဇီဝကမ္မဖြစ်စဉ်ရှိသည်။ ယင်းမှာ နှစ်အပိုင်းခြားတစ်ခုရောက်မှသာဝါးပွင့်ခြင်း၊ သီးခြင်းဖြစ်ပေါ်သည်။ ဝါးမျိုးနှင့်ဒေသလိုက်၍ ဝါးသည် (၂၀)နှစ် မှ (၆၀) နှစ်ခန့်ကြာမှ ဝါးသုဉ်းခြင်းဖြစ်ပေါ်ပြီး အသီးတစ်ကြိမ်သီးလေ့ရှိသည်။ အချို့သော ဝါးမျိုးများသည် ဝါးသုန်းခြင်းဖြစ်ပြီးပါက ဝါးရုံများ ခြောက်သွေ့သေကြေသွားတတ်သည်။ ဝါးသုဉ်းခြင်းဖြစ်ပေါ်ပြီးမှသာ ရင့်မှည့်သောဝါးစေ့များမှ ဓမ္မတာအလျောက် မျိုးဆက်ပြန့်ပွားကြသည်။
Three Types of Bamboo Seed ( ဝါးမျိုးစေ့သုံးမျိုး)
သဘာ၀ဝါးတောမျိုးဆက်ပြန့်ပွားရေးဆောင်ရွက်ခြင်း ( Natural regeneration of Bamboo)
ဝါးသုဉ်းသည့်ဧရိယာအတွင်းရှိ ဝါးသယံဇာတများကို အချိန်နှင့်တပြေးညီ အကျိုးရှိရှိထုတ်ယူသုံးစွဲရန်လိုအပ်ပါသည်။ ဝါးသုဉ်းသည့်ဧရိယာသည် သဘာ၀ဝါးတောမျိုးဆက်ပြန့်ပွားခြင်းလုပ်ငန်းကို ဆောင်ရွက်သွားရပါမည်။ သဘာ၀ဝါးတောမျိုးဆက်ပြန့်ပွားစေရန် ဦးစွာပြုလုပ်ရမည့်လုပ်ငန်းမှာ မီးဘေးကာကွယ်ပေးခြင်းဖြစ်သည်။ မိုးဦးကျကာလတွင် ဝါးသုဉ်းတောရှိ ကြွေကျပြီးရင်မှည့်သည့်ဝါးစေ့များမှ ဝါးပင်ငယ်လေများ(စပါးပျိုးခင်းကဲ့သို့) ပြွတ်သိတ်စွာ ပေါက်ရောက်လာသည်ကို တွေ့ရှိရပါမည်။ ဝါးပင်ငယ်များဝါးရုံငယ်များကောင်းမွန်စွာ ကြီးထွားပေါက်ရောက်နိုင်စေရန် ဝါးပင်ငယ်များအား သက်တမ်း (၆)လခန့်ရှိသော အချိန်တွင်ပင်ကြပ်နှုတ်ပေးခြင်းဆောင်ရွက်ရမည်။ ဤသို့ဆောင်ရွက်ပေးခြင်းဖြင့် ဝါးပင်များလျှင်မြန်စွာထွားလာကာ အချိန် (၃)နှစ် (၄)နှစ်အတွင်း ဝါးပင်ငယ်များ ဝါးရုံငယ်များအဖြစ် ဖွဲ့ဖြိုးကြီးထွားလာနိုင်မည်ဖြစ်ပါသည်။ 
ဝါးစေ့များစုဆောင်းခြင်းနှင့် (Bamboo Seed collection)
ဝါးစေ့များကို အသုံးချပျိုးထောင်ရန်အတွက် ဝါးသုဉ်းခြင်းဖြစ်ပေါ်ပြီး ဝါးသီးရင့်မှည့်သည့်အချိန်တွင် စုဆောင်းထားရှိရန်လိုအပ်ပါသည်။ ဝါးစေ့များစုဆောင်းရန် ဝါးရုံများ၏အောက်ခြေအား ပေါင်းမြက်ရှင်းလင်းခြင်း၊ တံမျက်စည်းလှည်းခြင်းကို ကြိုတင်ဆောင်ရွက်ထားရပါမည်။ သို့မှသာ ဝါးသီးများကိုအလွယ်တကူစုဆောင်းနိုင်မည်ဖြစ်သည်။ စုဆောင်းလာသောဝါးစေ့များကို ရောနှောနေသော အမှိုက်သရိုက်များသန့်စင်သွားအောင် စပါးလှေ့သကဲ့သို့ ဆောင်ရွက်ပြီး နေတစ်ရက်လှမ်းခြင်းဖြင့် သန့်စင်ပြီးထိုဝါးစေများကို ပျိုးထောင်ခြင်းမပြုမှီလေလုံသည့်နေရာတွင် သိမ်းဆည်းထားရပါမည်။
ဝါးစေ့များ၏ ဈေးကွက်အလားအလာ (Potential Market for Bamboo Seeds)
ဝါးစေ့များကို တခြားသီးနှံများကဲ့သို့ နှစ်စဉ်သီးပွင့်ခြင်းမရှိသည့်အတွက် ဝါးပွင့်ချိန်ကို သတိမူပြီး ဝါးစေ့များကို စနစ်တကျ ကောက်ယူထိန်းသိမ်းရပါမည်။ ဝါးစေ့များကိုကောက်ယူရာတွင် ကောက်ယူသည့်နေရာ၊ ကောက်ယူထားသည့် အချိန်များကို တိတိကျကျမှတ်သားထားရပါမည်။ ဝါးမျိုးစေ့များ ဈေးကွက်အတွင်းပို့လိုပါက မှန်ကန်သောမျိုးရင်း၊ အပင်ပေါက်နှုန်း၊ မျိုးသန့်စင်နှုန်း၊ ရွှေ့ပြောင်းစိုက်သင့်သောကာလအဆင့်ဆင့် အစရှိသည်များကိုလည်း တိတိကျကျဖော်ပြနိုင်ရပါမည်။ မြန်မာနိုင်ငံတွင် ဝါးမျိုးစိတ်များ ရောင်းချခြင်း၊ ဝါးမျိုးစိတ်များဝယ်ယူခြင်းများကို အဓိကချိတ်ဆက်ပေးနေသော အဖွဲ့များနှင့် ချိတ်ဆက်နိုင်ပါသည်။ ဥပမာ မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်း ( Myanmar Bamboo Society)
Source - BIF
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more