လင်းနို့တွေက ကောင်းသလား မောင်တို့ ..

05/07/2024 14:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

တစ်ကမ္ဘာလုံးမှာဆိုရင် မျိုးစိတ်ပေါင်း ၁၃၀၀ ကျော်ရှိတဲ့ လင်းနို့တွေက စိုက်ပျိုးရေးလုပ်ငန်းမှာ ဘယ်လိုတွေ ပါဝင်နေလဲဆိုတာကို လေ့လာကြည့်ကြရအောင်ပါ။

ငယ်ငယ်တုန်းကတော့ လင်းနို့တွေမြင်ရင် သွေးစုပ်ဖုတ်ကောင်တွေလို့ မြင်ခဲ့တာပဲ။ အခြားအမြင်တွေမှာဆိုရင်လည်း လင်းနို့တွေကကြောက်စရာကောင်းတဲ့ အသွင်အပြင်မျိုးတွေနဲ့ပဲ မြင်ခဲ့ကြတာပါပဲ။ တကယ်တမ်းဟုတ်လားဆိုတော့ မဟုတ်ပြန်ပါဘူး။

လင်းနို့ ကောင်ရေတွေထဲက (၁) ရာခိုင်နှုန်းအောက်ပဲရှိတဲ့ လင်းနို့တွေကသာ ခွေးရူးပြန်ရောဂါကို သယ်ဆောင်နိုင်ပါတယ်။ အဲ့ထက်နည်းတဲ့ ကောင်ရေတွေကပဲ လူနားကို ကပ်ရဲပါတယ်။ အန္တရာယ်မရှိတဲ့ အကောင်လေးတွေဖြစ်ပါတယ်။

ပြီးတော့ သူတို့စားတဲ့ အစားအစာတွေကလည်း ဝတ်မှုန် ဝတ်ဆံတွေနဲ့ အင်းဆက်ပိုးမွှားတွေဖြစ်ပါတယ်။

တစ်နာရီကို အင်းဆက်ကောင်ရေ (၆၀၀) လောက်စားနိုင်ကြပြီးတော့ ခြင်တို့လိုမျိုး အင်းဆက်တွေကိုလည်း စားပေးပါတယ်။

ညထွက်တဲ့ကောင်တွေဖြစ်တဲ့ လင်းနို့တွေဟာဆိုရင် ညဖက်မှာတင် အင်းဆက်ပိုးကောင်ရေကို တန်နဲ့ချီပြီးတော့တောင် စားနိုင်ကြတဲ့ အကောင်တွေပါ။ ဝတ်မှုန်တွေလည်း စားပြီးတော့ မျိုးစေ့တွေကို ပျံ့နှံ့စေနိုင်ပါသေးတယ်။ 

ညဖက် ထွက်တဲ့ ဒီ လင်းနို့တွေက ညဖက်မှာထွက်တဲ့ ခြင်၊ ကျိုင်းကောင်၊ ပိုးဟပ်၊ Chinch Bug (ချင့်ချ်ဘက်) တွေနဲ့ အခြားကောင်ရေ တော်တော်များများကို စားနိုင်ပါတယ်။ 

သူတို့စားတဲ့ အကောင်တွေထဲမှာ တစ်ချို့က သစ်တောကို နှောက်ယှက်ဖျက်ဆီးကြတဲ့ ကောင်တွေပါတယ်။ စိုက်ခင်းကို ဖျက်ဆီးနိုင်တဲ့ အကောင်တွေလည်းပါတယ်။ လူတွေဆီကို ရောဂါတွေ ပျံ့နှံ့စေနိုင်တဲ့ အင်းဆက်ပိုးမွှားတွေလည်း ပါဝင်ပါတယ်။ 

လင်းနို့တွေရှိခြင်းအားဖြင့် အင်းဆက်ပိုးမွှားနှိမ်နင်းရေးမှာ  တစ်နှစ်ကို ဘီလီယံ နဲ့ချီပြီး ကုန်ကျစရိတ် သက်သာစေနိုင်ပါတယ်။ 

လင်းနို့တွေက အင်းဆက်ပိုးမွှားနှိမ်နင်းရေးမှာတင်ပဲ ကူညီတာလားဆိုတော့ မဟုတ်ပြန်သေးဘူး။

ဝတ်မှုန်ကူးတဲ့နေရာမှာလည်း ဝင်ရောက် ကူညီပါသေးတယ်။ 

သိကြတဲ့အတိုင်း သူတို့က ညထွက်တဲ့ အကောင်တွေဖြစ်တာကြောင့်မို့ 

  • ညဖက်မှာပွင့်နေတဲ့ ပန်းဖြစ်ရင်
  • ၁ လက်မကနေ ၃ လက်မခွဲလောက်အထိ အရွယ်အစားရှိရင်
  • အဖြူရောင် (သို့) အဖြူဖျော့ အရောင်ရှိကြရင်
  • အနံ အားကောင်းတဲ့ အပွင့် ဒါမှမဟုတ် အသီးနံ့ ရတဲ့ အပွင့်ဖြစ်ရင်
  • အပွင့်လေးတွေက ချိုတဲ့ ဝတ်မှုန်ရည်ကို ထုတ်ပေးနိုင်ရင် လင်းနို့လေးတွေ အကြိုက်တွေ့တဲ့ ပန်းကလေးတွေ ဖြစ်လာမှာပါ။ 

ဒီပန်းလေးတွေမှာ လာကပ်တဲ့ အင်းဆက်ပိုးမွှားတွေကို လင်းနို့တွေက လာစားကြတယ်။ ပြီးတော့ လင်းနို့တွေကိုယ်တိုင်ကလည်း ပန်းပွင့်ရဲ့ ဝတ်မှုန်နဲ့အခြား အစိတ်အပိုင်းလေးတွေကို စားတာမျိုးရှိတယ်ဆိုတော့ အဲ့ကနေတစ်ဆင့် ဝတ်မှုန်တွေက ပျံ့နှံ့ပြီး ဝတ်မှုန်ကူးစေနိုင်ပါတယ်။ 

လင်းနို့တွေကို မှီခိုတယ်လို့ ပြောလို့ရတဲ့ လင်းနို့အားဖြင့်ဝတ်မှုန်ကူးနိုင်တဲ့ အပင်မျိုးစိတ်ပေါင်းက ၃၀၀ ကျော်လောက်ရှိပါတယ်။ ဘာတွေပါလဲဆိုတော့ ကိုယ်တွေလည်းကြိုက်တဲ့ နာမည်ကြီးသရက်ပင် (မျိုးစိတ်တွေ)၊ ငှက်ပျောမျိုးစိတ်တွေနဲ့ မာလကာပင်မျိုးစိတ်တော်တော်များများ ပါဝင်ပါတယ်နော်။ တစ်ချို့ကလည်း အရမ်းကြိုက်သလို တစ်ချို့လည်း အရမ်းမုန်းတဲ့ ဒူးရင်းသီးလည်း ပါပါသေးတယ်။ 

ကဲ့ ဒါဆိုရင် လင်းနို့တွေကလည်း စိုက်ရေးပျိုးရေးမှာ ဘယ်လိုကူညီနိုင်တယ်ဆိုတာကို နားလည်လောက်ပြီထင်ပါတယ်။ အရာရာတိုင်းမှာတော့ ကောင်းကျိုး ဆိုးကျိုးရှိတာမို့ တန်ဆေးလွန်ဘေးလည်းဖြစ်သလို မရှိရင်လည်းမဖြစ်တဲ့အရာတွေမို့ သတိနဲ့ ချင့်ချိန်နိုင်တဲ့ တောင်သူကြီးများဖြစ်ကြပြီး တိုးတက်အောင်မြင်ကြပါစေခင်ဗျာ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်