အကျိုးပြုတဲ့ နီမတုတ်တွေ

27/12/2019 14:15 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြစ်ဖု နီမတုတ် ဆိုတာ နာမည်မကြီးဘူးလား။။

ကြီးတာပေါ့။ အမြစ်တွေမှာ အဖုတွေ အဖုတွေဖြစ်ပြီးတော့ အပင်တွေကို တိုက်ခိုက်ကြတာကလား။ အဲ့လို ဖြစ်တာက မြေကြီးထဲက နီမတုတ်တွေ တိုက်ခိုက်တာကြောင့်ဖြစ်ပါတယ်။

နီမတုတ် (Nematode) ဆိုတာဘာလဲ

မြေကြီးထဲမှာ ရှိနေတတ်ကြတဲ့ အနုဇီဝသက်ရှိတွေပါ။ အလွန်သေးငယ်ပြီးတော့ အနုကြည့်မှန်ပြောင်းနဲ့ အဆပေါင်းများစွာ ချဲ့ပြီးတော့မှ မြင်ရတာမျိုးပါ။ မျိုးစိတ်တွေအများကြီး ရှိပြီးတော့ အပင်တွေကို တိုက်ခိုက်တဲ့ မြစ်ဖုနီမတုတ်ဆိုရင်တော့ သိကြပါလိမ့်မယ်။

အကျိုးပြု နီမတုတ်တွေ

အရာအားလုံးမှာ ကောင်းတာနဲ့ ဆိုးတာနဲ့အမြဲဒွန်တွဲပြီး ရှိကြတာပဲ ဆိုတော့ မြစ်ဖု နီမတုတ်တွေရှိသလို လူတွေ အပင်တွေကို ပြန်ပြီးတော့ အကျိုးပြုတဲ့ နီမတုတ်တွေလည်း ရှိပါတယ်တဲ့။ အဓိက ()မျိုးပါ။ မျိုးရင်း ()မျိုးပါ။ အဲ့အထဲကတော့ မျိုးစိတ်တွေ အများကြီး ရှိဦးမယ်။

() Steinernematidae

() Heterorhabditidae ဆိုတဲ့ မျိုးရင်းဝင် ()မျိုးက လူတွေကို ကူညီပါတယ်တဲ့။

သူတို့တွေ ဘာလို့ အကျိုးရှိတာလဲ

အကြောင်းပြချက် ()ချက်ရှိပါတယ်။

ပထမအချက်ကတော့ မျိုးရင်းထဲမှာ မျိုးစိတ်တွေမျိုးကွဲတွေ တော်တော်များများပါတာကြောင့် အင်းဆက်မျိုးတော်တော်များများမှာ ကပ်တွယ်ပြီးတော့ ကပ်ပါးအဖြစ်နေထိုင်နိုင်ပါတယ်။ ကပ်ပါးကောင်တွေအဖြစ်နေပြီးတော့ အင်းဆက်တွေဆီကနေ အာဟာရတွေကို ရယူစားသုံးပါတယ်။

ဒုတိယအချက်ကတော့ အကျိုးပြု နီမတုတ်တွေက သူတို့ ကပ်တွယ်လိုက်တဲ့ အင်းဆက်တွေကို (၄၈)နာရီအတွင်းမှာ သေဆုံးစေနိုင်တာပါ။

တတိယအချက် - ဖန်တီးထားတဲ့ မီဒီယာပစ္စည်းပေါ်မှာ ရှင်သန်နိုင်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူတို့တွေ ကို များများထုတ်လုပ်နိုင်ပြီး အသုံးချနိုင်ပါတယ်။

စတုတ္ထအချက် - အချိန်ကြာကြာ သိမ်းထားလို့ရပါတယ်။ တာရှည်ခံပါတယ်။ ပုံမှန် အခန်း အပူချိန် (၆၀-၈၀ ဒီဂရီဖာရင်ဟိုက်) မှာဆိုရင် ()လလောက် ထားလို့ရပြီးတော့ အအေးခန်းလို အပူချိန် (၂၇-၅၀ ဒီဂရီဖာရင်ဟိုက်)မှာ ထားရင်တော့ ()လလောက်အထိ သိမ်းထားလို့ရပါတယ်။ တစ်ချို့မျိုးတွေက ပိုးသတ်ဆေး ပေါင်းသတ်ဆေးနဲ့ မြေသြဇာတွေ အတူတကွ ရောစပ်ပြီး သုံးလို့ရပါတယ်။ ခံနိုင်ရည်ရှိပါတယ်။ လက်ခံကောင်မရှိလို့ အာဟာရပြတ်ပြီးသေတယ်ဆိုတာကလည်း တော်တော်ကြာမှ ဖြစ်တာပါ။ အာဟာရမရှိပဲ တော်တော်ကြာကြာနေနိုင်ပါတယ်။

ပဉ္စမ အချက် - အကျိုးပြု အင်းဆက်ပိုးမွှားလေးတွေဟာ ဘက်တီးရီးယားလို အကောင်လေးတွေကို နှိမ်နင်းရာမှာ အခက်အခဲလေးတွေရှိတတ်ပါတယ်။ အကျိုးပြု နီမတုတ်ကတော့ ဘက်တီးရီးယားတွေရဲ့ ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်ပြီးတော့ အကျိုးပြုနိုင်ပါတယ်။

ဆဌမ - ပိုးသတ်ဆေးတွေ သုံးရသလို မဟုတ်ပဲနဲ့ အကျိုးပြု နီမတုတ်တွေဟာ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတာမျိုး မရှိသလောက်နည်းပါးပါတယ်။

ကဲ အဲ့လောက်ဆို နီမတုတ်မှာ အကျိုးပြုတဲ့ နီမတုတ်တွေလည်း ရှိတယ်။ လူတွေအတွက် ဘယ်လိုတွေ အကျိုးပြုနိုင်တယ်ဆိုတာကို သိသွားလောက်ပြီထင်ပါတယ်။

ထွန်းဝင်းကျော်

Reference - http://www.ladybug.uconn.edu/FactSheets/beneficial-nematodes_7_631898323.pdf

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်