အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စိုက်ပျိုးရေးမှာ ထုံးထည့်ခြင်းက ဘာတွေကောင်းလာမလဲ

စိုက်ပျိုးရေးမှာ ထုံးထည့်ခြင်းက ဘာတွေကောင်းလာမလဲ

Thein Soe Min
Thein Soe Min • 29/06/2021

    ထုံးထည့်ခြင်းက အကျိုးကျေးဇူးအများကြီးရှိပါတယ်။ ချဉ်တဲ့မြေကြီးတွေကို သမအခြေနေ (ကောင်းတဲ့အခြေအနေ) ရောက်အောင် ပို့ပေးနိုင်ပြီး မြေချဉ်ငန်ဓာတ် (pH) ကို ထိန်းပေးတာကြောင့် အထွက်နှုန်းတိုးလာစေပါတယ်။ pH မြင့်ခြင်း နိမ့်ခြင်းတွေကို အာဟာရဓာတ်တွေ အပင်က ရယူမှုဟန့်တာခြင်း အလွန်အကျွံပေးပို့ခြင်းကို ဖြစ်စေတာကြောင့် အာဟာရဓာတ်ချို့တဲ့တာ၊ အဆိပ်သင့်တာတွေကို ဖြစ်စေပါတယ်။ pH ကိုညှိပေးဖို့ လိုအပ်ပါတယ်။ 

  • ထုံးထည့်ပေးခြင်းက ဖော့စဖိတ်နဲ့ မိုလက်ဒီနမ်ချို့တဲ့ခြင်းကနေ သက်သာစေပါတယ်။ မိုလက်ဒီနမ်ဆိုတာ နိုက်ထရိုဂျင် (ပုလဲ) ဓာတ်ကို အပင်က အာဟာရအဖြစ် ပြောင်းလဲပေးတဲ့အနေရာမှာ အဓိကျကပါတယ်။ 
  • မြေကြီးထဲမှာရှိတဲ့ တီကောင်တွေ၊ နိုက်ထရိုဂျင်ဖမ်းပေးတဲ့ ဘက်တီးရီးယားတွေရဲ့ လုပ်ငန်းစဉ်တွေကို မြှင့်တင်ပေးနိုင်ပါတယ်။
  • သစ်ဆွေးဓာတ် (အပင်အကြွန်းအကျန်) တွေ ဆွေးမြေ့ရာကနေ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ ဆာလဖာ နဲ့ အနည်းလိုအဟာရဓာတ်တွေ ထွက်လာအောင်လည်း စွမ်းဆောင်ပေးပါတယ်။​
  • အလူမီနီယမ်နဲ့ မဂ္ဂနိ အဆိပ်သင့်ခြင်းကနေ ကာကွယ်ပေးပြီး အပင်တွေကို ဒီအာဟာရဓာတ်ချို့တဲ့ခြင်းမဖြစ်အောင်လည်း လုပ်ပေးနိုင်ပါတယ်။
  • ထုံးမှာ ကယ်လဆီယမ်ဓာတ်ပါပါတယ်။ ကယ်လဆီယမ်ဆိုတာ အပင်တွေကို မာကျောသန်မာစေပါတယ်။ ချို့တဲ့ရင် အပင်ပုတာ၊ အသီးကွဲတာမျိုးတွေ ဖြစ်ပါတယ်။ 

    ချဉ်တဲ့မြေကြီးတွေမှာ မြေသြဇာတွေထည့်ရင် ထည့်သလောက်အပင်ကမရပါဘူး။ ထုံးထည့်လိုက်တဲ့အချိန်မှာ မြေကြီးရဲ့ pH က မျှခြေကို ရောက်သွားတဲ့အတွက် အာဟာရတွေကို အပင်က အလွယ်တကူရယူနိုင်ပါတယ်။ မြေသြဇာကျွေးတိုင်း မထိရောက်တာ ဒီအချက်လည်းပါတာမို့ သိထားဖို့လိုပါတယ်။​

ထုံးကို ဘယ်အချိန်တွေမှာ ထည့်သင့်လဲ။ 

  ထုံးက တဖြေးဖြေးချင်းပြိုကွဲတဲ့ဓာတ်ရှိတာကြောင့် အခုထည့် အခုအာနိသင်ပြတာတော့ မဟုတ်ပါဘူး။ မြေကြီးထဲကို ထည့်မယ်ဆိုရင် အပင်မစိုက်ခင် ၁ လလောက် ကြိုထည့်ထားပေးဖို့လိုပါတယ်။ မြေချဉ်ငန်ဓာတ်ပေါ်မူတည်ပြီး လိုအပ်ချက်ကလည်း ကွာတာကြောင့် မြေချဉ်ငန်ဓာတ် (pH) လေးလည်း နှစ်စဉ်တိုင်းပေးနိုင်ရင် ပိုကောင်းပါတယ်။

မြေချဉ်လားမြေငန်လားအလွယ်တိုင်းတာနည်းး ကိုလည်း ထပ်လေ့လာလို့ရအောင် တင်ပေးထားပါတယ်။

18
မင်မင်း

မင်မင်း

လွန်ခဲ့သော ၂ ပတ် က

ထုံးနိုက်ထရိုဂျင်နဲ့ရောပီးညသိပ်‌ကျဲပက်ရင်ကောကောင်းလားဗျ

KoNay

KoNay

လွန်ခဲ့သော ၁ နှစ် က

ကျွန်တော်ကတော့နှောက်ချီးနဲ့ထည့်သုံးဘာတယ်မှန်လာဗျ

Saw Ye Yint Thu

Saw Ye Yint Thu

လွန်ခဲ့သော ၂ နှစ် က

ထုံးကိုတီစူပါနဲ့ပိုတက်နဲ့တွဲပြီးဖြုန်းလို့ရပါသလား

yan paing oo

yan paing oo

လွန်ခဲ့သော ၃ နှစ် က

ထုံးထည့် မြေကြီးနဲ့သမအောင် ထည်ထိုးပြီးရင် ရေလောင်းဖို့လိုသေးလားဗျာ

theinwin

theinwin

လွန်ခဲ့သော ၄ နှစ် က

ထုံး ကန့် ကိုချက်ပြီးရင် အရည်ဖြန်းပေမယ်ဆိုရင် ရလက်က ဘယ်လောက်ထိရောက်ပါလေး

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မိုးကောင်းမြို့နယ် တောင်နီကျေးရွာမှာ၁၀လပိုင်းထဲမှာပြောင်းချိုစိုက်လို့ရပါသလားခင်ဗျာ။

yan Naing Htwe • ဖြေကြားချက် 4 ခု

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 2 ခု

မြေ ph level တိုင်းတာရန် တိုင်းစက်အပြင် အခြား မည်သည့်နည်းလမ်းဖြင့် တိုင်းတာလို့ရနိုင်ပါလဲ ခင်ဗျ

U Soe • ဖြေကြားချက် 5 ခု

ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ

Nyan Lwin Tun • ဖြေကြားချက် 2 ခု

ပဲပုပ် စစိုက်မှာမလို့ပါ ပဲမြစ်ဖုဘက်တီးရီးယား ဘယ်မှာဝယ်လို့ရနိုင်ပါလဲ ပဲပုပ်အတွက်

Nay • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။