စိုက်ပျိုးရေးမှာ ထုံးထည့်ခြင်းက ဘာတွေကောင်းလာမလဲ

29/06/2021 17:00 PM တွင် သိန်းစိုးမင်း သိန်းစိုးမင်း မှ ရေးသား

    ထုံးထည့်ခြင်းက အကျိုးကျေးဇူးအများကြီးရှိပါတယ်။ ချဉ်တဲ့မြေကြီးတွေကို သမအခြေနေ (ကောင်းတဲ့အခြေအနေ) ရောက်အောင် ပို့ပေးနိုင်ပြီး မြေချဉ်ငန်ဓာတ် (pH) ကို ထိန်းပေးတာကြောင့် အထွက်နှုန်းတိုးလာစေပါတယ်။ pH မြင့်ခြင်း နိမ့်ခြင်းတွေကို အာဟာရဓာတ်တွေ အပင်က ရယူမှုဟန့်တာခြင်း အလွန်အကျွံပေးပို့ခြင်းကို ဖြစ်စေတာကြောင့် အာဟာရဓာတ်ချို့တဲ့တာ၊ အဆိပ်သင့်တာတွေကို ဖြစ်စေပါတယ်။ pH ကိုညှိပေးဖို့ လိုအပ်ပါတယ်။ 

  • ထုံးထည့်ပေးခြင်းက ဖော့စဖိတ်နဲ့ မိုလက်ဒီနမ်ချို့တဲ့ခြင်းကနေ သက်သာစေပါတယ်။ မိုလက်ဒီနမ်ဆိုတာ နိုက်ထရိုဂျင် (ပုလဲ) ဓာတ်ကို အပင်က အာဟာရအဖြစ် ပြောင်းလဲပေးတဲ့အနေရာမှာ အဓိကျကပါတယ်။ 
  • မြေကြီးထဲမှာရှိတဲ့ တီကောင်တွေ၊ နိုက်ထရိုဂျင်ဖမ်းပေးတဲ့ ဘက်တီးရီးယားတွေရဲ့ လုပ်ငန်းစဉ်တွေကို မြှင့်တင်ပေးနိုင်ပါတယ်။
  • သစ်ဆွေးဓာတ် (အပင်အကြွန်းအကျန်) တွေ ဆွေးမြေ့ရာကနေ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ ဆာလဖာ နဲ့ အနည်းလိုအဟာရဓာတ်တွေ ထွက်လာအောင်လည်း စွမ်းဆောင်ပေးပါတယ်။​
  • အလူမီနီယမ်နဲ့ မဂ္ဂနိ အဆိပ်သင့်ခြင်းကနေ ကာကွယ်ပေးပြီး အပင်တွေကို ဒီအာဟာရဓာတ်ချို့တဲ့ခြင်းမဖြစ်အောင်လည်း လုပ်ပေးနိုင်ပါတယ်။
  • ထုံးမှာ ကယ်လဆီယမ်ဓာတ်ပါပါတယ်။ ကယ်လဆီယမ်ဆိုတာ အပင်တွေကို မာကျောသန်မာစေပါတယ်။ ချို့တဲ့ရင် အပင်ပုတာ၊ အသီးကွဲတာမျိုးတွေ ဖြစ်ပါတယ်။ 

    ချဉ်တဲ့မြေကြီးတွေမှာ မြေသြဇာတွေထည့်ရင် ထည့်သလောက်အပင်ကမရပါဘူး။ ထုံးထည့်လိုက်တဲ့အချိန်မှာ မြေကြီးရဲ့ pH က မျှခြေကို ရောက်သွားတဲ့အတွက် အာဟာရတွေကို အပင်က အလွယ်တကူရယူနိုင်ပါတယ်။ မြေသြဇာကျွေးတိုင်း မထိရောက်တာ ဒီအချက်လည်းပါတာမို့ သိထားဖို့လိုပါတယ်။​

ထုံးကို ဘယ်အချိန်တွေမှာ ထည့်သင့်လဲ။ 

  ထုံးက တဖြေးဖြေးချင်းပြိုကွဲတဲ့ဓာတ်ရှိတာကြောင့် အခုထည့် အခုအာနိသင်ပြတာတော့ မဟုတ်ပါဘူး။ မြေကြီးထဲကို ထည့်မယ်ဆိုရင် အပင်မစိုက်ခင် ၁ လလောက် ကြိုထည့်ထားပေးဖို့လိုပါတယ်။ မြေချဉ်ငန်ဓာတ်ပေါ်မူတည်ပြီး လိုအပ်ချက်ကလည်း ကွာတာကြောင့် မြေချဉ်ငန်ဓာတ် (pH) လေးလည်း နှစ်စဉ်တိုင်းပေးနိုင်ရင် ပိုကောင်းပါတယ်။

မြေချဉ်လားမြေငန်လားအလွယ်တိုင်းတာနည်းး ကိုလည်း ထပ်လေ့လာလို့ရအောင် တင်ပေးထားပါတယ်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်