Best Aquaculture Practices (BAPs) အကောင်းဆုံးငါးမွေးမြူရေးကျင့်စဉ်မှာ အဓိက စစ်ဆေးတာတွေက
- Food Safety (အစားအစာဘေးကင်းရေးနှင့် အရည်အသွေးကို အာမခံခြင်း)
- Environmental Responsibility (ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို မြှင့်တင်ခြင်း)
- Animal Health & Welfare (တိရစ္ဆာန်ကျန်းမာရေးနှင့် ကောင်းမွန်ရေးကို အာမခံခြင်း)
- Social Responsibility (လူမှုရေးတာဝန်ယူမှုနှင့် အလုပ်သမားဘေးကင်းရေးကို ထိန်းသိမ်းခြင်း)
- Traceability (ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် လိုက်လံစစ်ဆေးနိုင်မှုကို မြှင့်တင်ခြင်း)
“ငါးမွေးမြူရေးထုတ်ကုန်တွေကို ဘေးကင်းလုံခြုံစိတ်ချ၊ စံနှုန်းပြည့်မီပြီး တာဝန်ယူမှုရှိစွာ ထုတ်လုပ်ထား ကြောင်းကို အတည်ပြုတဲ့ နိုင်ငံတကာလက်မှတ်စနစ်” ဖြစ်ပါသည်။
အာဆီယံ၊ အာရှနှင့် ကမ္ဘာလုံးဆိုင်ရာ BAP စနစ်၏ လက်ရှိအခြေအနေ
အကောင်းဆုံးငါးမွေးမြူရေးကျင့်စဉ် လက်မှတ်စနစ်ကို ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံများကဲ့သို့ ငါးမွေးမြူရေး ထုတ်လုပ်မှုမြင့်မားသော နိုင်ငံများတွင်ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိသည်။ အာဆီယံဒေသတွင် ပုစွန် နှင့် ငါးတန် (pangasius) ငါးမွေးမြူရေးကဏ္ဍ၌ ပို့ကုန်လိုအပ်ချက်များကြောင့် BAPလက်မှတ်ရရှိမှုများ တွေ့ရသည်။ ကမ္ဘာတစ်ဝှမ်းတွင်လည်း အမေရိကန်၊ ဥရောပနှင့် ဂျပန်နိုင်ငံများရှိစျေးကွက်များတွင်BAP လက်မှတ်ကို အသိအမှတ်ပြုထားပြီး လိုအပ်ချက်တဖြည်းဖြည်း တိုးလာလျက်ရှိသည်။
ငါးမွေးမြူရေးကန်များတွင် BAP စနစ် အကောင်အထည်ဖော်ရာတွင်
- ကန် (farm level) အဆင့်တွင် BAP အကောင်အထည်ဖော်ခြင်း
- နေရာရွေးချယ်ခြင်းနှင့် ပတ်ဝန်းကျင်ထိခိုက်မှု လေ့လာခြင်း
- ရေ၏အရည်အသွေး စောင့်ကြည့်ထိန်းချုပ်မှု
- အစာနှင့်ဓာတုပစ္စည်းများကို တာဝန်ယူမှုရှိစွာ အသုံးပြုခြင်း
- ရောဂါကာကွယ်ရေးနှင့် ဇီဝလုံခြုံရေး (Biosecurity) စနစ်များ
- မှတ်တမ်းတင်ခြင်းနှင့် ခြေရာခံနိုင်မှု (traceability) စနစ်များ
- အမှိုက်နှင့် စွန့်ပစ်ရေ စီမံခန့်ခွဲမှု
- အလုပ်သမား ကျန်းမာရေး၊ ဘေးကင်းရေးနှင့် အကျိုးခံစားခွင့်များ
လက်မှတ်ရ ပြင်ပအဖွဲ့အစည်း (Certified Third Party) မှ Audit ပြုလုပ်ရာတွင်
Audit များကို အသိအမှတ်ပြုထားသော Third-party အဖွဲ့အစည်းများမှ ဆောင်ရွက်သည်။ အဆိုပါ စစ်ဆေးမှုများတွင် စာရွက်စာတမ်းများ စစ်ဆေးခြင်း၊ လက်တွေ့နေရာ (Onsite) တွင် စစ်ဆေးခြင်း၊ ဝန်ထမ်းများနှင့် တွေ့ဆုံမေးမြန်းခြင်းနှင့် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးခြင်းတို့ ပါဝင် သည်။ စစ်ဆေးမှု (Audit) ကို ကြိုတင်ကြေညာပြီး သို့မဟုတ် မကြေညာဘဲ ပြုလုပ်နိုင်သည်။

Certification Body မှ လက်မှတ်ထုတ်ပေးရာတွင်
Audit အောင်မြင်ပါက Certification Body မှ BAP လက်မှတ်ထုတ်ပေးသည်။ လက်မှတ်အဆင့်ကို (1-star မှ 4-star အထိ) supply chain အစိတ်အပိုင်းများ ဘယ်လောက်ပါဝင် လက်မှတ်ရရှိထား သည့်အပေါ်မူတည်၍ သတ်မှတ်သည်။ လက်မှတ်သည် များသောအားဖြင့် တစ်နှစ်သက်တမ်းရှိပြီး ပြန်လည်စစ်ဆေးမှုဖြင့် သက်တမ်းတိုးရမည် ဖြစ်သည်။
⭐ 1-Star BAP (အဆင့် ၁)
Processing Plant (ထုတ်လုပ်ရေးစက်ရုံ) တစ်ခုသာ BAP လက်မှတ်ရရှိထားသည်။
Farm (မွေးမြူရေးကန်)၊ Hatchery (သားပေါက်)၊ Feed Mill (အစာစက်ရုံ) မပါဝင်သေး
မှတ်ချက် - အခြေခံအဆင့်၊ Traceability အပြည့်မရှိသေး။
⭐⭐ 2-Star BAP (အဆင့် ၂)
Processing Plant + Farm နှစ်ခု လက်မှတ်ရရှိထားသည်
မှတ်ချက် - မွေးမြူရေးအဆင့်ထိ စစ်ဆေးနိုင်ပြီး Traceability တိုးတက်လာသည်။
⭐⭐⭐ 3-Star BAP (အဆင့် ၃)
Processing Plant + Farm + Hatchery သုံးခု လက်မှတ်ရရှိထားသည်
မှတ်ချက် - ငါး/ပုစွန်မွေးမြူမှု၏ အစပိုင်း (သားပေါက်ထုတ်လုပ်မှု) အထိထိန်းချုပ်နိုင်သည်။
⭐⭐⭐⭐ 4-Star BAP (အမြင့်ဆုံးအဆင့်)
Processing Plant + Farm + Hatchery + Feed Mill အားလုံး လက်မှတ်ရရှိထားသည်။
မှတ်ချက် - Supply chain တစ်လျှောက်လုံး (အစာထုတ်လုပ်မှုမှ စပြီး export အထိ) ပြည့်စုံစွာ ထိန်းချုပ်ထားနိုင်သည်။
အရေးကြီးသောအချက်
Star များများရလာလေ → Food Safety + Traceability + Market Trust ပိုမြင့်။
4-Star BAP သည် International Market (US, EU) တွင် အလွန်တန်ဖိုးရှိသည်။
Export - oriented aquaculture တွင် 3-star / 4-star ကို Target လုပ်လေ့ရှိ။
၈။ အဓိက အခက်အခဲများ (Major Constraints)
- လက်မှတ်ရရှိရန် ကုန်ကျစရိတ် မြင့်မားခြင်း
- အသေးစားမွေးမြူရေးလုပ်ငန်းရှင်များတွင် နည်းပညာဗဟုသုတ အကန့်အသတ်ရှိခြင်း
- အခြေခံအဆောက်အအုံ မလုံလောက်ခြင်း (ရေသန့်စင်စနစ်၊ စမ်းသပ်ဓာတ်ခွဲခန်းများ)
- မှတ်တမ်းထိန်းသိမ်းမှုနှင့် traceability စနစ်ကို ထိန်းသိမ်းရန် ခက်ခဲခြင်း
- နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်ရန် အခက်အခဲများ
BAP ထုတ်ကုန်များ၏ အကျိုးကျေးဇူးများနှင့် ဈေးကွက်အလားအလာ
- နိုင်ငံတကာ အဆင့်မြင့်ဈေးကွက်များသို့ ဝင်ရောက်နိုင်ခြင်း
- စားသုံးသူများ၏ ယုံကြည်မှု တိုးတက်လာခြင်း
- ကန်စီမံခန့်ခွဲမှုနှင့် ထုတ်လုပ်မှု တိုးတက်လာခြင်း
- ပတ်ဝန်းကျင်နှင့် လူမှုရေးလိုက်နာမှု ကောင်းမွန်လာခြင်း
- လက်မှတ်မရှိသော ထုတ်ကုန်များထက် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားခြင်း
ဆက်လက်တိုးတက်မှုအတွက် BAP လက်မှတ် လက်မှတ်ကို ဆက်လက်ထိန်းသိမ်းရန်အတွက်
- Internal Audit များ ပုံမှန်ပြုလုပ်ခြင်း
- မှတ်တမ်းများ အမြဲတမ်း update ပြုလုပ်ခြင်း
- ဝန်ထမ်းများကို ဆက်လက် လေ့ကျင့်သင်ကြားခြင်း
- Audit စစ်ဆေးမှုအရတွေ့ရှိသော ချို့ယွင်းချက်များကို ပြင်ဆင်ခြင်း
မြန်မာနိုင်ငံတွင် ငါးနှင့် ပုစွန်မွေးမြူရေးကဏ္ဍ၌ အလားအလာများစွာ ရှိသော်လည်း BAP စနစ်အသုံးပြု မှုမှာများစွာမတွင်ကျယ်သေးပါ။ အဓိကအခက်အခဲများမှာ အသိပညာနည်းပါးခြင်း၊ အခြေခံအဆောက် အအုံ မလုံလောက်ခြင်းနှင့် နည်းပညာစွမ်းရည် အကန့်အသတ်ရှိခြင်းတို့ ဖြစ်သည်။ သင့်လျော်သောပံ့ပိုး မှုများရရှိပါက နိုင်ငံတကာဈေးကွက်သို့ဝင်ရောက်နိုင်ရန်နှင့် အစားအစာဘေးကင်းရေး စံနှုန်းများကိုမြင့် တင်နိုင်မည် ဖြစ်သည်။
လောလောဆယ်တွင် BAP Farm သည် အကန့်အသတ်ရှိသည်။ အထူးသဖြင့် SAUDI စျေးကွက်သို့တင် ပို့ရန်အတွက် ဤစနစ်ကို ငါးမွေးမြူရေးကန်များတွင် အကောင်အထည်ဖော်လျှက်ရှိပါသည်။ BAP Guideline နှင့်အညီ ကွင်းဆက်အားလုံးကို ငါးလုပ်ငန်းဦးစီးဌာနသည် ပြင်ပကျွမ်းကျင်ပညာရှင်များ (National/International Experts) နှင့် ပူးပေါင်းဆောင်ရွက်နေပါသည်။
BAP စနစ်သည် လုံခြုံစိတ်ချရပြီး တာရှည်တည်တံ့သော ငါးမွေးမြူရေးထုတ်လုပ်မှုအတွက် အရေးကြီး သော အခန်းကဏ္ဍတစ်ခုဖြစ်သည်။ ၎င်းသည် အစားအစာဘေးကင်းရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် လူမှုရေးတာဝန်ယူမှုတို့ကို ထောက်ပံ့ပေးပြီး နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်နိုင်မှုကိုလည်း မြှင့် တင်ပေးသည်။ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် BAP စံနှုန်းများကို ကျယ်ပြန့်စွာ အသုံးပြုခြင်းသည် လူများစားသုံးရန် ဘေးအန္တရာယ်ကင်းသော အစားအစာထုတ်လုပ်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည် ဖြစ်သည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။