သခွားသီးများ၏ ခါးသွားတတ်ခြင်း ပြဿနာ
ခါးနေသော သခွားသီးများကို စိုက်ပျိုးသူများနှင့် စားသုံးသူများ တခါတရံ ကြုံတွေ့ဖူး စားမိဖူးကြမည် ထင်ပါသည်။ များသောအားဖြင့် အသီးများ ပုံမှန်မဟုတ်ဘဲ ခါးသွားတတ်ခြင်းကို အခြားအသီးများထက် ဗူး၊ ဖရုံ၊ သခွားမျိုးရင်းဝင် အပင်များ (Cucurbitaceae Family) တွင် ပို၍ တွေ့ရတတ်ပါသည်။
ကျွန်တော်တို့ မြန်မာများကတော့ ထိုသို့ ခါးနေသော သခွားသီးများကို “မြွေကျော်သီး” များဟု သိနားလည်ထားကြပါသည်။ မည်သူက မည်သို့ စတင်တွေ့ရှိခေါ်ဝေါ်သတ်မှတ်ယူဆ သုံးစွဲခဲ့သည် မသိပါ။ မြွေကျော်သွားသောအပင်မှ အသီးများ အမှန်တကယ် ခါးသွားတတ်သလား ဆိုသည်မှာ စိတ်ဝင်စားစရာတစ်ခုပင်ဖြစ်ပါသည်။ မြွေကျော်သီးမို့ ခါးသွားတတ်ခြင်းသည် မဖြစ်နိုင်ဟု ပြောဖို့လည်း ခက်ပါသည်။ ခါးသွားသောအသီးများကို မြွေကျော်သီးများလို့ တင်စားခေါ်ဝေါ် သုံးစွဲတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
သခွားသီးများ ခါးသွားတတ်ခြင်းနှင့် ပတ်သက်၍ တွေ့ရှိချက် ယူဆချက်များလည်း များစွာတွေ့ရသော်လည်း အသီးများခါးသွားတတ်ခြင်း၏ ဇစ်မြစ်ကို သိပ္ပံပညာရှင်များ လည်း အတိအကျ အတည်မပြုနိုင်သေးပေ။ အသီးများခါးသွားတတ်ခြင်းသည် ဗူး၊ ဖရုံ၊ သခွားမျိုးရင်းဝင်းအပင်များတွင် သဘာဝအလျောက်ဖြစ်ပေါ်လာတတ်သော Cucurbitacins (Terpenoid compounds) ဒြပ်ပေါင်းနှစ်မျိုးဖြစ်သည့် Cucurbitacin B နှင့် Cucurbitacin C ကြောင့်ဖြစ်သည့်ဟု Rymal et al (၁၉၈၄) နှင့် Richard Jauron (၂၀၀၆) တို့မှ ဖော်ပြထားသည်ကို တွေ့ရသည်။ ၎င်း Cucurbitacin ဒြပ်ပေါင်းကို ပိုးမွှားရောဂါများ ကျရောက်မှု ခုခံနိုင်ရန် သခွားပင်များမှ ထုတ်ပေးသည်ဟု ဆိုသည်။ Cucurbitacin ထုတ်လုပ်မှုကို အခါးဓာတ်ကိုဖြစ်စေသော ဗီဇများမှ ထိန်းချုပ်ထားပြီး ရာသီဥတုလွှမ်းမှုနှင့် များစွာ ဆက်စပ်နေကြောင်းလည်း တွေ့ရသည်။ သုတေသီများ တွေ့ရှိထားကြသည်မှာ Elaterase ခေါ် အင်ဇိုင်းတစ်မျိုးမှ အခါးဓာတ်ဖြစ်စေသော Cucurbitacin ကို အခါးဓာတ် မဖြစ်ပေါ်စေသော ဒြပ်ပေါင်းများသို့ ပြောင်းပေးခြင်းဖြစ်သည်။
အေးသော ရာသီဥတုတွင် သခွားပင်များသည် elaterase အင်ဇိုင်းထုတ်လွှတ်မှုကို နည်းပါးပြီး အခါးဓာတ်ဖြစ်စေသော Cucurbitacin ဖြစ်ပေါ်မှု ပို၍ များတတ်သည်။ များသောအားဖြင့် Cucurbitacin ဒြပ်ပေါင်းသည် အပင်၏ အစိတ်အပိုင်း အားလုံးတွင် ဖြစ်ပေါ်နိုင်သော်လည်း အမြစ်များတွင် ပါဝင်မှု အများဆုံး ဖြစ်နေတတ်သည်။ Cucurbitacin ဒြပ်ပေါင်းသည် အပိုင်း၏ ပင်ပိုင်းဆိုင်ရာကြီးထွားမှုအစိတ်အပိုင်းများမှ အသီးထဲသို့ ပြန့်နှံ့သွားသည်ဟု ယူဆချက်များလည်း တွေ့ရသည်။ Cucurbitacin ပါဝင်မှုရာခိုင်နှုန်း များလေလေ အသီး၏ အခါးဓာတ် ပိုများလေလေဖြစ်သည်။ အသီးတစ်လုံး၏ အစိတ်အပိုင်းတွင်တောင်မှ တချို့ သုတေသီက အသီး၏ အလယ်ပိုင်းတွင် ပို၍ ခါးတတ်သည်ဟု ယူဆပြီး တချို့သုတေသီများက အသီး၏ အညှာဘက် အဖျားပိုင်းနှင့် အခွံ၏ အောက်ဘက်ပိုင်းတို့တွင် အခါးဓာတ်ပိုများသည်ဟု ဆိုသည်။
အသီးများ ခါးသွားတတ်ခြင်းသည် အပင်များ မျိုးစပ် မျိုးစေ့ ထုတ်လုပ်ချိန်အတွင်း အခါးမျိုးရိုင်းများ (Bitter-fruited wild types) ဖြင့် မမျှော်လင့်ဘဲ မျိုးစပ်သွားခြင်း (Chance Outcross) မှ ထွက်ပေါ်လာခြင်းလည်း ဖြစ်နိုင်ဖွယ်ရှိသည်ဟု ယူဆသည်လည်း တွေ့ရသည်။ တချို့ကလည်း မျိုးထွန်းခြင်း (Mutation) နှင့် မျိုးဗီဇပြောင်းလဲမှု (Genetic Change) တို့ကြောင့်ဟုလည်း ယူဆကြသည်ကို တွေ့ရပြန်သည်။
သခွားသီးများ ခါးသွားတတ်ခြင်းနှင့် ပတ်သက်၍ အခြားယူဆချက်များထဲမှ ယူဆချက်တစ်ခုမှာ အပူချိန် အတက်အကျ ကွာဟမှု ဖြစ်သည်။ သခွားပင်အတွက် သင့်တော်သော အပူချိန်၏ထက်အောက် ၂၀ ဒီဂရီကွာဟလျှင် အသီးများခါးသွား တတ်သည်။ အေးသောရာသီဥတုအခြေအနေတွင် အသီးခါးမှုဖြစ်နိုင်သကဲ့သို့ ပူလွန်းသောအခြေအနေတွင်လည်း အသီးများ ခါးသွားတတ်သည်။ အသီးများ ခါးသွားရခြင်း နောက်ဖြစ်နိုင်ခြေများမှာ အပင်မှ ရေရရှိမှု ပုံမမှန်ခြင်းနှင့် လုံလောက်သော အာဟာရဓာတ်တို့ မရရှိခြင်းတို့လည်း ပါဝင်နေသည်။
ခါးသွားသော အသီးများသည် ဆေးပညာရှုထောင့်မှကြည့်လျှင် စားသုံးရန် အန္တရာယ်ရှိ နေသည်ကိုလည်း တွေ့ရသည်။ ၎င်းအသီးများကို ၃ ဂရမ်မျှ စားမိရုံဖြင့် ပျို့အန်ချင်သလို အော်ဂလီဆန်ဖြစ်ခြင်း (Nausea)၊ ဗိုက်အောင့်ခြင်း (Stomach Cramps) နှင့် ဝမ်းလျောခြင်း (Diarrhea) တို့ဖြစ်တတ်သည်ဟု Herrington (၁၉၈၃) ဆိုသူ တင်ပြထားသည်ကိုလည်း တွေ့ရသည်။ ထို့ကြောင့် မြွေကျော်သီးခေါ် ခါးနေသော သခွားသီးများသည် ကျန်းမာရေး ရှုထောင့်မှ ကြည့်လျှင် စားသုံးသူများအတွက် အန္တရာယ်ရှိသောကြောင့် သတိပြု ဆင်ခြင်နိုင်ရန်နှင့် အသီးများ ခါးသွားတတ်ခြင်း၏ သိပ္ပံဆိုင်ရာ သုတေသနတွေ့ရှိချက်ယူဆချက်များကို ဗဟုသုတဖြစ်ဖွယ် မျှဝေရေးသား ဖော်ပြလိုက်ပါသည်။ ။
ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)
ကျမ်းကိုး
၁။ Bitter principles of the Cucurbitaceae (Rhem and Wessels, 1957)
၂။ Intense bitterness in commercial zucchini (Herrington, 1983)
၃။ Squash containing toxic cucurbitachin compounds occurring in California and Alabama (Rymal et al, 1984)
၄။ Bitterness in Cucumbers (Dennis Pittenger, 1983)
၅။ Bitter Cucumbers (Richard Jauron, 2006)
၆။ What causes bitter cucumber (Heather Rhoades)
၇။ Curbing Bitterness in Cucumbers (Chantal Guillemin, 2011)
Daw Cho Wai Lwin
လွန်ခဲ့သော ၃ နှစ် ကအပင်ဖြန်းဆေး
Daw Cho Wai Lwin
လွန်ခဲ့သော ၃ နှစ် ကသခွားပင်အတွက်ဖြန်းဆေး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
15ရက်သားပါမှိုဆေးနှင့်ဂျာပေါင်းသတ်ဆေးဘာအရင်ဖြန်းသင့်လဲး
ဝင်းဇော် • ဖြေကြားချက် 1 ခု
ခရမ်းချဥ်ပင်မှာဖြစ်တဲ့ နှောင်းပင်နာကျရောဂါ ၊ ခါးရိရောဂါ ၊ဒေါင်းနီးရွက်ခြောက် ၊ပင်စည်နက်ရောဂါ အတွက် ( Metalaxyl )မက်တယ်လက်စီ ကိုအခြားမည်သည့်ဆေးနဲ့မှ မရောစပ်ဘဲ တစ်မျိုးထဲ အသုံးပြုမယ်ဆိုရင် ဖြစ်လာမယ့်ရောဂါတွေကို ကာကွယ်ကုသနိုင်စွမ်းရှိမရှိသိချင်ပါတယ်ဗျာ။ နားလည်သိကျွမ်းတဲ့ ဆရာကြီးများ ကျေးဇူးပြုပြီး ကျနော့ကိုပြောပြပေးကြပါဗျာ ။
Kyaw Soe Naing • ဖြေကြားချက် 2 ခု
မြေပဲမစိုက်ခင် ဂျစ်ပဆင်ကိုဘယ်အချိန်ထည့်ရတာလည်းရှင့် မြေပဲစိုက်ပြီးမှထည့်ရင်အစိုဓာတ်မလုံလောက်မှာစိုးလို့ပါရှင့် ကျွန်မတို့ဒေသမှာမြေပဲကိုရေသွင်းလေ့မရှိလို့ပါ
Hnin Nu Wai • ဖြေကြားချက် 2 ခု
မာလာဝတီ ခရမ်းချဉ်မျိုးပါ အခုလိုပုံပါအတိုင်း အပွင့်ရဲ့အဆစ်ကနေဝါပြီးကြွေနေလို့ပါ
ရှိုင်းထက်အောင် • ဖြေကြားချက် 4 ခု
မြေ၁ဧကနဲ့ဒဿမ၈၀ဆိုရင် ထုံးအိတ်ခန့်မှန်းခြေဘယ်လောက်ထည့်ရလည်းရှင့်
Hnin Nu Wai • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
More from HanPhyoAung
အားလုံး