သစ်ခွများကို ပွင့်စေခြင်း (၂)

27/09/2019 15:05 PM တွင် ဦးဖရက်သိန်းဖေ ဦးဖရက်သိန်းဖေ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စင်ဘီဒီယမ်မျိုးစု

စင်ဘီဒီယမ် Cymbidium သစ်ခွများ ပန်းပွင့်လှုံ့ဆော်ရာတွင် ညအပူချိန်ချပေးခြင်းဖြင့် အောင်မြင်စွာ ပြုလုပ်နိုင်သည်။ နေ့ပူ၊ ညချမ်း အခြေအနေမှာ အကောင်းဆုံးဖြစ်သည်။ မြောက်သမပိုင်း နိုင်ငံများ၌ ဆောင်းကာလ၊ ခရစ်စမတ်အချိန်၊ ပန်းဈေးကောင်းချိန်တွင် သြစတြေးလျကဲ့သို့ အီကွေတာတောင်ပိုင်းမှ သစ်ခွများ၊ အမြောက်အများ တင်ပို့ရောင်းချလျက် ရှိသည်။

ဒင်ဒရိုဘီယမ်အုပ်စု

မျိုးစိတ် (၁၀၀) ကျော်ရှိသော ဒင်ဒရိုဘီယမ်မျိုးစုတွင် မတူကွဲပြားသော ပန်းပွင့်သဘာဝများ ရှိနေသည်။ အအေးပိုင်းဒေသမှ ဒင်ဒရိုဘီယမ်နိုဘီလီ Dendrobium Nobile ကဲ့သို့သော အပင်များ ပန်းပွင့်၊ သန္ဓေတည်ရန်မှာ (၅၅) ဒီဂရီဖာရင်ဟိုက် (၁၃) ဒီဂရီစင်တီဂရိတ် တွင် တောက်လျှောက်ထားရန် ဖြစ်သည်။ ဤအပင်မျိုးတွင် အလင်းတာလွှမ်းမိုးမှုမရှိပေ။ အကယ်၍ ယင်းတို့ကို (၆၄) ဒီဂရီဖာရင်ဟိုက် (၁၈) ဒီဂရီစင်တီဂရိတ် တွင် ထားပါက မည်သည့်အခါမှ ပန်းပွင့်မဘာဘဲ ပင်ပိုင်းကြီးထွားမှုဘဝတွင်သာ ရှိနိုင်မည်။ Dendrobium Phalaenopsis  အုပ်စုမှာကား နေ့တာတိုပြီး၊ ပူသောဝန်းကျင်၌သာ ပန်းပွင့်သန္ဓေတည်နိုင်သည်။ ဆိုလိုသည်မှာ နေ့အလင်းတာ (၉) နာရီနှင့်ဝန်းကျင် အပူချိန် (၆၄) ဒီဂရီဖာရင်ဟိုက် (၁၈) ဒီဂရီစင်တီဂရိတ် တွင် (၆) ပတ်အတွင်း ပန်းပွင့်သန္ဓေတည်နိုင်သည်။

ဦးဖရက်သိန်းဖေ


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်