သစ်ခွများကို ပွင့်စေခြင်း (၃)

23/10/2019 13:00 PM တွင် ဦးဖရက်သိန်းဖေ ဦးဖရက်သိန်းဖေ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဖာလေနော့ဆစ်မျိုးစု

   မျက်မှောက်ခေတ် သစ်ခွလောကတွင် ပန်းပွင့်နေသော အိုးနှင့် အပင် Flowerpot plant အမြစ်၊ အတွင်ကျယ်ဆုံးမျိုးစုမှာ ဖာလေနော့ဆစ် Phalaenopsis ဟု ခေါ်သော လိပ်ပြာသစ်ခွ ဖြစ်သည်။ အစေ့ဖောက်ပြီး (၁၈) လမတိုင်မီ ပန်းပွင့်ဖြင့် လှပနေသော ထိုသစ်ခွမှာ လူကြိုက်များသည်။ ပန်းပွင့်လှုံ့ဆော်ရန် လွယ်ကူ၊ သေချာခြင်းကလည်း အောင်မြင်မှု၏ အကြောင်းတစ်ရပ် ဖြစ်သည်။

   ဤမျိုးစုမှ သစ်ခွမျိုးစိတ်များ၏ ပန်းပွင့်ခြင်းမှာ နေ့တာအတို၊ အရှည်နှင့် ပတ်သက်မှုမရှိပေ။ ပန်းပွင့်သန္ဓေတည်ခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းမှာ ညအပူချိန်ကျရန်သာ ဖြစ်သည်။ နေ့အပူချိန်နှင့် ညအပူချိန် ကွာခြားရန်လိုအပ်သည်။ ညအပူချိန် (၂၈) ဒီဂရီစင်တီဂရိတ် (၈၂) ဒီဂရီဖာရင်ဟိုက်ထက်အေးသော ဝန်းကျင်၌သာ ပန်းပွင့်သန္ဓေတည်နိုင်သည်။ 

   အရွယ်ရောက်သော ယင်းသစ်ခွများကို ညအပူချိန် အေးသော၀န်းကျင်ပေး၍ လွယ်ကူစွာ ပန်းပွင့်သန္ဓေတည်စေနိုင်သည်။ တောင်ခြေရင်း၊ ပင်လယ်ရေမျက်နှာပြင်နှင့် နီးအောင်၊ နိမ့်သော နေရာတွင် စိုက်ပြီး၊ အရွယ်ရောက်လာသော အပင်များကို တောင်ပေါ်ဒေသသို့ ရွှေ့ထားလိုက်ပါက ညအပူချိန်ကျပြီး ပန်းပွင့်သန္ဓေတည်လာသည်။ ထိုသို့ ပန်းပွင့်သန္ဓေတည်ပြီးသော အပင်များကို တောင်အောက်မူလနေရာသို့ ပြန်ချပြီး ပန်းပွင့်စေနိုင်သည်။ 

   ဖော်ပြခဲ့ပြီးသော သစ်ခွမျိုးစု (၄) ခုလုံးမှာ ကမ္ဘာ့သစ်ခွလောကတွင် အထင်ရှားဆုံး သစ်ခွမျိုးစုများတွင် ပါဝင်နေသော သစ်ခွများဖြစ်သည်။ ကက်တလေယာမှာ သစ်ခွများ၏ဘုရင်မ Queen of Orchid ဟု ထင်ရှားလူသိများသည်။ ကမ္ဘာအရပ်ရပ် သစ်ခွစိုက်ပျိုးသူများနှင့် ရင်းနှီးနေသော မျိုးစုဖြစ်သည်။ မြန်မာနိုင်ငံသား သစ်ခွစိုက်ပျိုးသူများနှင့် ရင်းနှီးပြီးဖြစ်သည်။ ဤမျိုးစုမှလွဲ၍ ကျန်မျိုးစု (၃) ခုဖြစ်သော ဖာလေနော့ဆစ်၊ ဆင်ဘီဒီယမ်နှင့် ဒင်ဒရိုဘီယမ် မျိုးစုများမှာ မြန်မာ့သဘာ၀သစ်ခွများအဖြစ် မျိုးစိတ်အချို့ကို တွေ့ရှိရသည်။

   သစ်ခွများ ပန်းပွင့်ခြင်းအပေါ် သက်ရောက်သော အခြားအကြောင်းများကို ဆက်လက်ဖော်ပြပါမည်။

ဦးဖရက်သိန်းဖေ


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်