ဥယျာဥ်စိုက်ခင်းတွေမှာ အသုံးပြုနိုင်တဲ့ ဟင်းသီးဟင်းရွက်ပြုတ်ရည်

22/08/2023 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

မိမိရဲ့အိမ်မှာ ဟင်းလျာတွေချက်ဖို့ အသီးအရွက်တွေကို ပြုတ်တဲ့အခါမျိုးမှာ ကျန်ရှိတဲ့အရည်တွေကို အလွယ်တကူမစွန့်ပစ်ဘဲ အကျိုးရှိရှိ ပြန်လည်အသုံးပြုလို့ ရပါတယ်။ အာဟာရဓာတ်တွေ ပြည့်ဝနေတဲ့အတွက် ဟင်းသီးဟင်းရွက်ပြုတ်ရည်ကို ဥယျာဥ်စိုက်ခင်းတွေမှာ ပြန်လည်အသုံးပြုဖို့လည်း စဥ်းစားသင့်ပါတယ်။ ဘာလို့ဆို ပြုတ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေဟာ ရေထဲကို အာဟာရဓာတ်တွေ ထုတ်လွှတ်လိုက်တာကြောင့် သဘာဝမြေသြဇာအရည်ကို ဖန်တီးပေးနိုင်သလိုဖြစ်ပြီး အပင်တွေအတွက် အကျိုးရှိစေတာမို့ပါ။ အဆိုပါ ဟင်းသီးဟင်းရွက်ပြုတ်ရည်ကို စိုက်ခင်းမြေဆီလွှာပေါ်လောင်းနိုင်သလို အာဟာရဓာတ်ကြွယ်ဝစေဖို့ အပင်ရဲ့ အရွက်တွေအပေါ်တိုက်ရိုက်ဖျန်းတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ 

ဟင်းသီးဟင်းရွက်ပြုတ်ရည်ဆိုပေမဲ့ ကြက်ဥ၊ ခေါက်ဆွဲ စတာတွေကို ပြုတ်ပြီးလို့ကျန်ရှိတဲ့ အရည်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေဆိုရင်တော့ အနည်းဆုံး ၁၀ - ၁၅ မိနစ်ခန့် ပြုတ်မယ်ဆိုရင် လုံလောက်ပါတယ်။ အသုံးပြုတဲ့အခါ ဟင်းရွက်ပြုတ်ရည်ကို ရိုးရိုးရေနဲ့ ရောစပ်နိုင်သလို သူ့ချည်းသက်သက်ပဲလည်း အသုံးပြုနိုင်ပါတယ်။ အပူဓာတ်ကျန်နေတာမျိုး မဖြစ်စေဖို့အတွက် သာမန်အခန်းအပူချိန်မှာ အေးသွားတဲ့အထိ အသေအချာထားရှိပြီးမှသာ အသုံးပြုသင့်ပါတယ်။ ဆားများစွာပါရှိတဲ့ ဟင်းသီးဟင်းရွက်ပြုတ်ရည်ကိုတော့ အပင်တွေမလောင်းမိစေဖို့ သတိပြုရမှာ ဖြစ်ပါတယ်။ 

ယခုဆောင်းပါးမှာတော့ အပင်တွေကို ဟင်းသီးဟင်းရွက်ပြုတ်ရည် လောင်းပေးတဲ့အခါရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အသီးအရွက်ပြုတ်ရည်ကို အသုံးပြုနည်းအပါအဝင် အပင်တွေကို ဘေးကင်းစေဖို့ ဘယ်လိုသတိထား ဆောင်ရွက်ရမလဲဆိုတာပါ မျှဝေပေးသွားမှာပါ။

အပင်တွေမှာ ဟင်းသီးဟင်းရွက်ပြုတ်ရည်ကို အသုံးပြုတဲ့အခါ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ?

၁။ အာဟာရဓာတ်များ ထောက်ပံ့ပေးနိုင်တယ်

အပင်တွေဟာလည်း သက်ရှိတွေ ဖြစ်ကြပါတယ်။ လူသားတွေလိုပဲ သူ့တို့ဟာလည်း ကောင်းစွာအသက်ရှင်နေထိုင်နိုင်ဖို့ အာဟာရဓာတ်နဲ့ သတ္တုဓာတ်တွေ လိုအပ်ပါတယ်။ အပင်တွေကို အာဟာရဓာတ်တွေကျွေးတဲ့အခါ အချိန်အပိုင်းအခြားအလိုက် ထပ်ခါထပ်ခါ ကျွေးပေးဖို့လိုအပ်ပါတယ်။ ယေဘုယျအားဖြင့် အပင်တိုင်းမှာက အာဟာရဓာတ်တွေ ပါနေတာဆိုတော့ အပင်တွေလိုအပ်တဲ့ အာဟာရဓာတ်ကို ပေးဆောင်နိုင်ဖို့ရာ နည်းလမ်းကောင်းတစ်ခုကတော့ အခြားအပင်တွေရဲ့သဘာဝစွန့်ပစ်ထွက်ကုန်တွေကနေ ရရှိလာတဲ့ အာဟာရဓာတ်တွေကို ကျွေးပေးခြင်းဖြစ်ပါတယ်။  

စွန့်ပစ်သဘာဝပစ္စည်းများကို မြေဆွေးပြုလုပ်အသုံးပြုခြင်းဟာ အကောင်းဆုံး ဥပမာတစ်ခုဖြစ်ပါတယ်။ အပင်ဟောင်းတွေ ပြိုကွဲပျက်စီးသွားတဲ့အခါ လက်ရှိရှင်သန်ကြီးထွားနေတဲ့ အပင်တွေကို အာဟာရဓာတ်ထောက်ပံ့နိုင်ဖို့ အပင်ဟောင်းတွေကို ပြန်လည်အသုံးပြုနိုင်တာမျိုး ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်အရည်လည်း ထိုနည်း၎င်းပါပဲ။ ဟင်းသီးဟင်းရွက်ပြုတ်ရည်မှာဆိုရင် ကယ်လ်စီယမ်၊ အိုင်းယွန်းနဲ့ နိုက်ထရိုဂျင်ကဲ့သို့ အပင်တွေအတွက် အရေးပါတဲ့အာဟာရဓာတ်တွေ ပါဝင်နေတာကြောင့် အသုံးပြုမယ်ဆိုရင် အကျိုးရှိစေမှာ အမှန်ပါပဲ။

(က) နိုက်ထရိုဂျင်ဓာတ် ထောက်ပံ့နိုင်ခြင်း

အပင်တစ်ပင်ရဲ့ အဓိကအာဟာရလိုအပ်ချက်တစ်ခုကတော့ နိုက်ထရိုဂျင်ဓာတ် ဖြစ်ပါတယ်။ စိုက်ပျိုးထားတဲ့ မြေဆီလွှာထဲမှာ နိုက်ထရိုဂျင်ပမာဏ အလုံအလောက်ရှိနေပါက အပင်ရဲ့ အရွက်နဲ့ ပင်စည်တွေ အဝါရောင်ဖြစ်လာတာမျိုး၊ ကြီးထွားမှုရပ်တန့်သွားတာမျိုးနဲ့ အာဟာရချို့တဲ့လာတာမျိုးတွေကို ရှောင်ရှားဖို့ရာ ကူညီပေးနိုင်မှာဖြစ်ပါတယ်။

အပင်တွေဟာ မြေဆီလွှာကနေ နိုက်ထရိုဂျင်ဓာတ်ကို ရရှိပြီးတဲ့နောက်မှာ နိုက်ထရိတ်အဖြစ်သို့ ပြောင်းလဲလိုက်ပါတယ်။ အဆိုပါ အပင်တွေ (သို့မဟုတ်) သတ္တဝါတွေ သေဆုံးပြီးတဲ့နောက် ပြိုကွဲဆွေးမြည့်သွားတဲ့အခါ နိုက်ထရိတ်ဓာတ်တွေဟာ ရိုးရိုးနိုက်ထရိုဂျင်ပုံစံကို ပြန်လည်ပြောင်းသွားပြီး အခြားကြီးထွားရှင်သန်နေတဲ့ အပင်တွေအတွက် အာဟာရဓာတ် ရရှိနိုင်တာဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်ပြုတ်ရည်ဟာ အပင်တွေအတွက် နိုက်ထရိုဂျင်ဓာတ်ကို ပေးစွမ်းနိုင်ပါတယ်။ အသီးအရွက်တွေကို ပြုတ်လိုက်တဲ့အခါမှာ နိုက်ထရိတ်ဓာတ်ကို ရေထဲမှာ ပျော်ဝင်သွားစေပါတယ်။ အပင်တွေကို ဟင်းသီးဟင်းရွက်ပြုတ်ရည်နဲ့ လောင်းလိုက်မယ်ဆို နိုက်ထရိတ်ဓာတ်တွေက နိုက်ထရိုဂျင်နဲ့ အောက်ဆီဂျင်အဖြစ်သို့ ပြိုကွဲသွားစေမှာဖြစ်ပြီး ဥယျာဉ်စိုက်ခင်း (သို့မဟုတ်) အိမ်တွင်းအလှစိုက်အပင်တွေမှာ အကျိုးရှိရှိ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

(ခ) ကယ်လ်စီယမ်ဓာတ်ထောက်ပံ့နိုင်ခြင်း

အပင်တွေအတွက်လိုအပ်တဲ့ အခြားအာဟာရဓာတ်တစ်မျိုးကတော့ ကယ်လ်စီယမ်ဓာတ်ဖြစ်ပါတယ်။ ကယ်လ်စီယမ်ဓာတ်ဟာ အပင်ကနေ ဆဲလ်တွေထုတ်လုပ်ဖို့နဲ့ ကြီးထွားလာစေဖို့ ကူညီပေးတာ ဖြစ်ပါတယ်။

ကယ်လ်စီယမ်ဓာတ်ချို့တဲ့တဲ့ အပင်တွေဟာ ကျန်းမာရေးနဲ့ အသီးအနှံဖြစ်ပေါ်မှုမှာ ပြဿနာရှိနိုင်ပါတယ်။ ဥပမာအားဖြင့်- ခရမ်းချဉ်ပင်မှာ ကယ်လစီယမ်ချို့တဲ့တဲ့အခါ အသီးထိပ်ပုပ်/ ဖင်မဲပုပ်ခြင်း (blossom end rot) ပြဿနာ ဖြစ်ပေါ်နိုင်ပါတယ်။ အဲ့ဒီလိုဖြစ်လာတဲ့အခါ ခရမ်းချဥ်ပင်ပေါ်က အသီးအားလုံးနီးပါး ပုပ်သွားမှာဖြစ်ပါတယ်။ ယေဘူယျအားဖြင့် အသီးရဲ့ထိပ်ပိုင်းဟာ ကောင်းမွန်နေပေမဲ့လည်း အောက်ခြေမှာလုံးဝပုပ်ပြီး မည်းလာတာမျိုး တွေ့ရမှာဖြစ်ပါတယ်။ 

အစိမ်းရောင်ရှိတဲ့ အရွက်စား ဟင်းသီးဟင်းရွက် (leafy vegetable) တွေမှာဆိုရင် ကယ်လ်စီယမ်ဓာတ် ပါဝင်မှုမြင့်မားပါတယ်။ ၎င်းတို့ကို ပြုတ်တဲ့အခါ (သို့မဟုတ်) ရေနွေးငွေ့နဲ့ ပေါင်းခံလိုက်တဲ့အခါ ကယ်လ်စီယမ်ဓာတ်တွေ ရေထဲကို စိမ့်ထွက်လာမှာ ဖြစ်ပါတယ်။ အဆိုပါ ကယ်လ်စီယမ်ဓာတ် ပါဝင်နေတဲ့ အရည်ကို မြေဆီလွှာထဲထည့်ပေးခြင်းဖြင့် အပင်များကို ကောင်းကျိုးပြုနိုင်ပြီး ဆဲလ်တွေ ပိုမိုကြီးထွားလာစေကာ ကျန်းမာသန်စွမ်းတဲ့ အသီးအနှံတွေဖြစ်ပေါ်လာအောင် အားပေးကူညီနိုင်မှာ ဖြစ်ပါတယ်။

(ဂ) အိုင်းယွန်းဓာတ် ထောက်ပံ့ပေးနိုင်ခြင်း

အိုင်းယွန်းဓာတ်ဟာ အပင်တွေမှာ ကလိုရိုဖီးလ် (Chlorophyll) ဖြစ်ပေါ်ဖို့ကူညီပေးနိုင်ပါတယ်။ ကလိုရိုဖီးလ်ဟာ အပင်တွေ သူတို့ကိုယ်သူ အာဟာရ ရရှိစေဖို့အတွက် အစာချက်လုပ်ရာမှာ ကူညီပေးနိုင်တာလည်း ဖြစ်ပါတယ်။ ထို့အပြင် ကလိုရိုဖီးလ်ဟာ အပင်များစွာမှာရှိနေတဲ့ အစိမ်းရောင်ခြယ်ပစ္စည်းတွေ ဖြစ်ပေါ်ဖို့အတွက်လည်း လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ 

ယေဘုယျအားဖြင့် ဟင်းသီးဟင်းရွက်များစွာမှာက သံဓာတ်ပါဝင်မှု မြင့်မားပါတယ်။ အဆိုပါအသီးအရွက်တွေကို ပွက်ပွက်ဆူအောင်ပြုတ်လိုက်ခြင်းဖြင့် ရေထဲမှာ သံဓာတ်တွေ စိမ့်ဝင်သွားပါလိမ့်မယ်။ အပင်တွေကို အစာကျွေးဖို့အတွက် အဆိုပါအရည်ကို အသုံးပြုခြင်းဟာ ၎င်းတို့ကို အာဟာရဓာတ် ရရှိစေပြီး အပင်တွေမှာ အစိမ်းရင့်ရောင်ရှိနေစေဖို့ ထိန်းသိမ်းကူညီပေးနိုင်တာ ဖြစ်ပါတယ်။ 

၂။ မြေသြဇာအရည်အဖြစ် လုပ်ဆောင်ပေးနိုင်တယ် 

ဟင်းသီးဟင်းရွက်ပြုတ်ရည်ကို အသုံးပြုခြင်းက ပမာဏများသွားလည်း လောင်တာမျိုးမရှိဘဲ ဘေးကင်းစေပါတယ်။ ယေဘုယျအားဖြင့်တော့ အစိုင်အခဲဓာတ်မြေသြဇာတွေဟာ အပင်ဆီကို အာဟာရဓာတ်ပိုမိုရောက်ရှိနိုင်တာကြောင့် မြေသြဇာအရည်ထက် ထိရောက်မှုရှိတယ်ဆိုပေမဲ့  မြေသြဇာအရည်ဟာလည်း မြေဆီလွှာမှာ အဆင့်ဆင့် စစ်ထုတ်ပြီးမှ အပင်ကိုပေးတာကြောင့် ဘေးကင်းမှုရှိတာ ဖြစ်ပါတယ်။ ထို့အပြင် ဟင်းသီးဟင်းရွက်ပြုတ်ရည်ဟာ သဘာဝအတိုင်းရောစပ်ထားပြီးသား အာဟာရဖျော်ရည် ဖြစ်တာကြောင့် ပိုဘေးကင်းစေတာလည်း ဖြစ်ပါတယ်။ 

အာဟာရပြည့်ဝတဲ့ ဟင်းသီးဟင်းရွက်ပြုတ်ရည်ကို ပုံမှန်အသုံးပြုလို့ရပြီး အများကြီးအသုံးပြုမိရင်တောင်မှ အပင်တွေကို အန္တရာယ်မဖြစ်စေနိုင်ပါဘူး။ ရေအမြဲတမ်းဝပ်နေအောင် မလောင်းမိဖို့ဘဲ သတိပြုရပါမယ်။ ဟင်းရွက်ပြုတ်ရည်ဟာ သဘာဝမြေသြဇာဖြစ်ပြီး အာနိသင်မပြင်းထန်တာကြောင့် စိတ်ချစွာအသုံးပြုနိုင်ပါတယ်။ ဓာတ်မြေသြဇာတွေ အလွန်အကျွံထည့်မိတဲ့အခါ အပင်တွေ လောင်တာမျိုး ဖြစ်နိုင်ပေမဲ့လည်း သဘာဝမြေသြဇာအရည်ကို လောင်းပေးခြင်းဖြင့် အပင်ကိုထိခိုက်မှုမရှိဘဲ ကျန်းမာသန်စွမ်းစေမှာ ဖြစ်ပါတယ်။ မီးဖိုချောင်က ဟင်းသီးဟင်းရွက် အကြွင်းအကျန်များကိုလည်း ပြန်လည်အသုံးပြုနိုင်တာကြောင့် ကုန်ကျစရိတ်သက်သာပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလည်း လျော့နည်းစေနိုင်ပါတယ်။ 

၃။ ရေကို ထိန်းသိမ်းရာတွင် အထောက်အကူ ဖြစ်စေနိုင်ခြင်း 

ရေဟာ တန်ဖိုးရှိတဲ့ သဘာဝအရင်းအမြစ်တစ်ခုဖြစ်တာကြောင့် ကျွန်ုပ်တို့အနေနဲ့ ၎င်းကို ပိုမိုထိရောက်စွာအသုံးပြုနိုင်မှသာ အကျိုးရရှိနိုင်မှာ ဖြစ်ပါတယ်။ စွန့်ပစ်လိုက်ရမယ့် ရေကို ပြန်လည်အသုံးပြုခြင်းဟာ ပတ်ဝန်းကျင်အတွက်လည်း ကောင်းမွန်စေပြီး အပင်တွေအတွက်လည်း ပိုမို အကျိုးများစေနိုင်ပါတယ်။ 

ဟင်းသီးဟင်းရွက်ပြုတ်ရည်ကို အသုံးပြုခြင်းဟာ ရေကိုသာမက အာဟာရဓာတ်ကိုပါ တပြိုင်နက်တည်း အပင်ကိုပေးနိုင်တာကြောင့် ထိရောက်မှုရှိပြီး အသုံးပြုရတာလည်း လွယ်ကူပါတယ်။

ဇင်ထူးနိုင် 

Ref: https://gardeningmentor.com/ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်