စာအုပ်စင်ကဏ္ဍ

12/07/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အဆင့်(၁) ပထမဦးစွာ Greenway ဖုန်းဆော့ဝဲလ်ကို Play store မှ Download ရယူပါ။ သို့မဟုတ် Greenway ဆော့ဝဲလ်ရှိထားသော ဖုန်းမှ Zapya ဖြင့် ကူးယူပါ။ ထို့နောက် ဖုန်းဆော့ဝဲလ်ကို အသုံးပြုရန်အတွက် အင်တာနက်လိုင်း ဖွင့်ထားပါ။

အဆင့်(၂)မှတ်ပုံတင်ခြင်း(Registration) လုပ်ငန်းစဉ်ကို ဆောင်ရွက်ပါ။

အဆင့်(၃) ထို့နောက် Greenway ဆော့ဝဲလ်ထဲသို့ ဝင်ရောက်ပါ။ ပုံတွင် ပြထားသည့်အတိုင်း ပင်မစာမျက်နှာတွင် စာအုပ်စင်ဟူသော ကဏ္ဍအားဝင်ရောက်ရန်  “စာအုပ်စင်”ဟူသော အဝိုင်းလေးကို နှိပ်ပေးပါ။

အဆင့်(၄)ပုံတွင်ပြထားသည့်အတိုင်း စာအုပ်များကိုတွေ့ရပါမည်။

အဆင့်(၅) စာအုပ်အမျိုးအစားကိုနှိပ်၍ မိမိဖတ်ရှုလိုသော စာအုပ်အမျိုးအစားများကိုရွေးချယ်နိုင်ပေသည်။

အဆင့်(၆) စာရေးဆရာများကိုလည်းရွေးချယ်၍ ဖတ်ရှုနိုင်သည်။

အဆင့်(၇) ပုံတွင်တွေ့ရသကဲ့သို့ မိမိဖတ်ရှုလိုသည်ကို ရွေးချယ်ပြီးပါကFacebookတွင်ဝေမျှနိုင်သည်။ စာအုပ်အရွယ်အစားများ(MB,KB)ကိုလဲဖော်ပြထားသည့်အတွက် စာအုပ်အရွယ်အစားကို သိရှိနိုင်ပြီး အောက်တွင်စာအုပ်နှင့်ပတ်သက်သော အကြောင်းအရာအချို့လဲဖော်ပြထားပါသည်။ မိမိဖတ်ရှုရန်အတွက် (Download)ဆွဲလိုပါက “စာအုပ်ရယူမည်"ကိုနှိပ်ပါ။

အဆင့်(၈) “စာအုပ်ရယူမည်"ကိုနှိပ်ပြီးပါက ပုံတွင်တွေ့ရသကဲ့သို့ အဝါရောင်အတန်းလေး ပြီးဆုံးသည့်အထိ ‌ခေတ္တစောင့်ရပါမည်။ 

အဆင့်(၉)မိမိဖတ်ရှုလိုသော စာအုပ်အားရယူပြီးဖြစ်ပါက  "စာအုပ်ဖတ်မည်" ဟူသော ခလုတ်အားနှိပ်ရပါမည်။ ထိုအခါ မိမိဖုန်းတွင်ရှိသော စာအုပ်ဖတ်နိုင်သည့် ဆော့ဝဲလ်ကို ရွေးချယ်၍ဖတ်ရှုရမည်ဖြစ်ပါသည်။

 သတိပြုရမည်မှာ စာအုပ်ဖတ်ရန်အတွက်

၁.PDF viewer

၂.Google PDF view

၃.PDF Reader 

၄.WPSoffice စသော ဆော့ဝဲလ်များ ရှိရန်လိုအပ်ပါသည်။ စာအုပ်များကို တစ်ခါရယူပြီးပါက မိမိဖုန်းထဲတွင်အချိန်မရွေးပြန်လည် ဖတ်ရှုနိုင်ပေသည်။

 




(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်



Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်