ဖုံးတုံးလုံးတုံး လောက်စာလုံး

13/11/2019 15:30 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မနေ့က ကျွန်တော်ရေးဖို့ကျန်ခဲ့တဲ့ “ဖုံးတုံးလုံးတုံး လောက်စာလုံး” ဆိုတာကို သိသူများမယ်လို့ထင်ပါသည်။

“ဖုံးတုံးလုံးတုံး”ဆိုတာက စပါးပင်ရဲ့ အနှံမထွက်မီ အနှံသန္ဓေတည်တဲ့ကာလ (တနည်းအားဖြင့်) မှို့ကပ်သည်မှ အနှံမထွက်မီကာလ ရက်အားဖြင့် ၃၅ ရက်ခန့်ကြာအတွင်း စပါးပင်သားတက်တွေ ဗိုက်ဖေါင်းနေတာကို မြင်တွေ့နေရပြီဆိုရင် အဲ့လယ်ကွက်ရှိ တမန်းပြင် “လောက်စာလုံး” လုံးလို့ရသည့် အခြေအနေရှိရင် ထွက်မယ့် အနှံတွေဆက်လက်နို့ရည်ခဲ ရင့်မှည့်လျှင် စပါးခင်းအောင်မယ်လို့ ပြောလိုရင်းဖြစ်ပါတယ်။ 

"လောက်စာလုံး" ဆိုတာကော သိကြပါရဲ့လား?။

“လောက်လေး”နှင့် ပစ်တာမှာသုံးတဲ့  ရွှံ့လုံးအခြောက်ကလေးပါ။

“လောက်လေး”ဆိုတာကော သိကြပါရဲ့လား?။

ငှက်ပစ်ဖို့၊ တစ်ခုခုကို ခြောက်လှန့်ပစ်ခတ်ဖို့ စပါးခင်းမှာ စာကလေးငှက်တွေစားနေရင်၊ ပြောင်းဖူးခင်းမှာ ကြက်တူရွေးတွေကျနေရင် ကြွက်၊ မြွေ၊ ခွေးစသည့် ဘာကိုမဆို အဝေးကလှမ်းပစ်တဲ့နေရာမှာ သုံးဖို့ ဆွဲပစ်လို့ရအောင် သားရေပင်(ခေါ်)မျှော့ကို နှစ်ဖက်အခွရှိ လက်ကိုင်အရွယ်သစ်သားမှာတပ်ပြီး သုံးလို့ရတဲ့ ပစ္စည်းလေးပါ။ 

ကျွန်တော်ဒီထက်မရှင်းတတ်တော့ပါ။

အဲသည် “လောက်စာလုံး” လုံးလို့ရဖို့ဆိုရင် လယ်မြေ ရွှံ့စေးမြေသည် ရေမရှိသော်လည်း လက်နဲ့လိုသလို ရွှံ့လုံး(လောက်စာလုံး) လုံးလို့ရသည့် အနေအထား အစိုဓာတ်ရှိနေရင် စပါးခင်းအောင်တယ်လို့ ရှေးကဆိုစမတ်ပြုခဲ့ကြခြင်း ဖြစ်နိုင်ကြောင်းပါခင်ဗျာ။

ဆင်းသီဟ


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်