အုန်းတစ်ပင်မှ ပင်စည်/ကိုင်းများစွာ ဖြာထွက်ခြင်း

15/01/2018 16:21 PM တွင် HanPhyoAung HanPhyoAung မှ ရေးသား

ပုံမှန်အားဖြင့်တော့ အုန်းသီးတစ်လုံးက အပင်တစ်ပင် (အညွန့်တစ်ညွန့်) ထွက်ပြီး ပင်စည်တစ်ခုတည်းပဲ ဖြစ်လာလေ့ရှိပါတယ်။ အုန်းသီးမှာ သရက်ကဲ့သို့ အုန်းသီးတစ်လုံးကနေ အပင်များစွာပေါက်တဲ့အလေ့အထ (polyembryonic behavior) ရှိသော်လည်း အပင်ကြီးရောက်မှ အုန်းတစ်ပင်ထဲကနေ ပင်စည်/ကိုင်းများစွာ ဖြာထွက်ခြင်းကတော့ အတော်တွေ့ရနည်းတဲ့ ပုံမမှန်တဲ့ လက္ခဏာတစ်ခုပါ။ အင်္ဂလိပ်လိုတော့ Abnormal/Forked branching လို့ ပညာရှင်တွေ ခေါ်ဝေါ်သတ်မှတ်ကြပါတယ်။ တချို့ပင်စည်တစ်ခုတည်းကနေ ကိုင်းများစွာဖြာထွက်တာ တွေ့ရသလို တချို့ ပင်စည်တစ်ခုတည်းကနေ အပင်အတော်ကြီးမှ ပင်စည်နှစ်ခုခွပြီး ထွက်သွားတာတွေလည်း ရှိတတ်ပါတယ်။ ပင်စည်နှစ်ခုခွပြီးထွက်သွားတဲ့ အပင်မျိုးကိုတော့ Dichotomous branching လို့ သုံးပါတယ်။

အုန်းပင်မှာ ပင်စည်/ကိုင်းများစွာ ဖြာထွက်ခြင်းဟာ အပင်ကြီးထွားနေတဲ့ ကာလတစ်လျှောက်လုံး ဖြစ်ပေါ်နိုင်ပြီး ပင်စည်ရဲ့ ဘယ်အစိတ်အပိုင်းကမဆို ထဖြစ်တတ်ကြောင်း စာပေတွေမှာ တွေ့ရပါတယ်။ ဖြစ်ရအကြောင်းအရင်းတွေကတော့ အပင်ငယ်စဉ်မှာ အပင်ရဲ့ကြီးထွားနေဆဲအစိတ်အပိုင်း (growing point) ဒဏ်ရာရခဲ့လျှင် ပင်စည် (bole) ဆဲလ်ကွဲပွားမှုကြောင့် adventitious buds ဖြစ်လာပြီး ကိုင်းဖြာသွားတတ်ပါတယ်။ တခြားယူဆကြတာတွေကတော့ အပင်ထိပ်ဖျားပိုင်း (terminal bud) ကို အုန်းပိုး (rhinoceros beetle) ကျရောက်မှုကြောင့်ဖြစ်စေ၊ မိုးကြိုးပစ်လို့ဖြစ်စေ၊ ရောဂါကျလို့ဖြစ်စေ၊ မီးဒဏ်သင့်လို့ဖြစ်စေ၊ မုန်တိုင်းဒဏ်ကြောင့်ဖြစ်စေ ဒဏ်ရာရခဲ့မယ်ဆိုရင်လည်း ဖြစ်နိုင်ကြောင်း သုံးသပ်ထားတာတွေ တွေ့ရပါတယ်။ များသောအားဖြင့်တော့ ကိုင်းများစွာ ဖြာထွက်နေတဲ့အုန်းပင်ရဲ့ အသီးတွေဟာ အရွယ်အစားသေးပြီး ရောင်းတမ်းဝင် စံမမီတတ်ကြပါဘူး။ ကိုင်းများစွာဖြာထွက်နေတဲ့ အုန်းပင်က အသီးတွေကို ယူပြီး အပင်ပြန်ဖောက်စိုက်ရင် အလားတူ ကိုင်းများစွာ ဖြာထွက်လာမယ့် အပင်တွေ ရနိုင်မလားဆိုတာကို သုတေသနပညာရှင်တွေ မေးခွန်းထုတ်ခဲ့ကြသော်လည်းပဲ ဆောင်ရွက်ထားသောသုတေသနရလဒ်ကိုတော့ မတွေ့ရသေးပါ။

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)

ကျမ်းကိုး

၁။ Abnormal branching in coconut

၂။ Coconut (FAO)

၃။ Branched coconut palms and their fertility (Furtado)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်