ဗျာမနေနဲ့ ပြောဟ
ပျိုးခွက် ပျိုးဗန်းဝယ်လို့ မလောက်ရင် ကျုပ်ကတော့ နှီးတစ်စည်းနဲ့ အရွက်လိုက်ကောက်တာပဲဗျို့၊ အရွက်ကတော့ ပေါပေါများများရသလေ
ဦးလှသန်း သရက်ခြံဆို ပိုတောင်ရသေး..
အရွက်တွေ လိပ် နှီးနဲ့ထိုး
စပ်ထားတဲ့ မြေကြီးထည့်
မျိုးစေ့ထည့်ပြီး
ကျုပ် ပျိုးအိမ်ထဲ ပျိုးထားလိုက်တာပဲ၊
ပြောင်းစိုက်ရင် အလုံးလိုက် မသွားရုံ ကျင်းထဲ တန်းထည့်လိုက်ရုံဆိုတော့
နှီးကလည်းဗျာ အိမ်တိုင်းလောက်ရှိနေတာကို..
ပြောင်းရွက် ငှက်ပျောရွက် တွေ လည်း ပေါနေတာ ရတာပေါ့။

ပျိုးမဲ့ အပင် အတိုင်းပေါ့၊ ပျိုးပင်က ကြီးတဲ့ မျိုးဆိုရင် အထုတ်ကြီးကြီး ထုပ်၊ ပြီး စင်ပေါ်တင်ထားရင် သူ့ဘာသာ အပင်လေးပေါက်လာရော
စိုက်ခါနီးကျ ရေဖြတ် နေပြသေးတယ်လေ အဲ့ချိန်ကျ အဲ့အလုံးလိုက်လေး မ ပြီး စိုက်ရုံဆိုတော့ ငွေလည်းမကုန် အဆင်လည်း ပြေတာပေါ့၊
မင့်ဟာက ဟုတ်သား အချိန်တော့ ပေးရမှာပေါ့၊ တစ်ခုလိုချင်တာပဲ တစ်ခုတော့ ပေးရမှာပေါ့
တစ်ခုမကဘူး . ပစ်စရာလည်းမရှိဘူး၊ တန်းစိုက်ရင်လည်း အရွက် က မြေထဲမှာ မြေသြဇာဖြစ်မှာရယ်။ ပျိုးမနုတ်ပဲစိုက်လို့ရလို့ အပင်လည်း မနာဘူး။ အများကြီး ရတာကို
အေး ငါလည်း သရက်ရွက် ကောက်ပြီး ရောင်းစားတော့မဟေ့
ဦးလှသန်းကြီးကလည်း ကျုပ်တော့ ပေးကောက်ပါဦး…..
မရဘူးဟေ့ မရဘူး.. ငါ့မင်္ဂလာဆောင်မင်းမလာလို့ ပေးကို မကောက်တာဟေ့…..
ဟားဟား ဟားဟား
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မြားနီနည်းပညာပေးရေးအဖွဲ့