ပီလောပီနံတွင်ကျရောက်ဖျက်စီးတတ်သော မွှားပင့်ကူနှင့် ပိုးစေးနှဲ

21/04/2026 19:30 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ဒေသအများစုမှာ‌တော့ ပီလောပီနံပင်တွေဟာ ပုံမှန်အားဖြင့် ရောဂါနဲ့ ပိုးမွှားဒဏ်ကို ခံရလေ့မရှိပါဘူး။ 

သို့ပေမဲ့လည်း အချို့သောဒေသတွေမှာတော့ အောက်ပါအတိုင်း ပိုး ရောဂါတွေရဲ့ ကျရောက်ဖျက်ဆီးခြင်းကို ခံရနိုင်ပါတယ်။ 

မွှားပင့်ကူ (Spider Mites) 

မွှားပင့်ကူဟာ အထူးသဖြင့် မိုးနည်းပြီးခြောက်သွေ့သော ရာသီဥတုမျိုးမှာ ကျရောက်တတ်တဲ့ အဖျက်ပိုးတစ်မျိုး ဖြစ်ပါတယ်။ ၎င်းတို့ဟာ အလွန်သေးငယ်တာကြောင့် သာမန်မျက်စိနဲ့ မြင်နိုင်ရန် ခဲယဉ်းသော်လည်း အရွက်များရဲ့ အောက်မျက်နှာပြင်မှာ စုပြုံခိုအောင်းကာ အပင်ရဲ့ အာဟာရအရည်များကို စုပ်ယူစားသောက်ကြတာ ဖြစ်ပါတယ်။ ပိုးကျရောက်တဲ့အခါ ပထမဦးစွာ အရွက်မျက်နှာပြင်ပေါ်မှာ အဝါရောင် အစက်အပြောက်ငယ်များ စတင်ပေါ်လာပြီး ရောဂါပြင်းထန်ပါက အရွက်တစ်ခုလုံး အဝါရောင်ပြောင်းကာ ခြောက်သွေ့ကြွေကျသွားတတ်ပါတယ်။ ၎င်းဟာ အပင်ရဲ့ အစာချက်လုပ်တဲ့ (Photosynthesis) လုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်တာကြောင့် ဥအထွက်နှုန်းကို သိသိသာသာ လျော့နည်းစေပါတယ်။

ကာကွယ်နှိမ်နင်းဖို့ရာအတွက်ဆိုရင် မွှားပင့်ကူဟာ ပူပြင်းခြောက်သွေ့မှုကို ကြိုက်နှစ်သက်တာကြောင့် စိုက်ခင်းအတွင်း အစိုဓာတ် လုံလောက်စွာရှိနေဖို့ရာ ရေသွင်းပေးခြင်း သို့မဟုတ် မြေဖုံးခြင်း (Mulching) တို့ကို ပြုလုပ်ပေးသင့်ပါတယ်။ မွှားပင့်ကူများကို ပြန်လည်စားသောက်သည့် အကျိုးပြုပိုးတောင်မာများနဲ့ နကျယ်ကောင်များကို မထိခိုက်စေဖို့ရာ ပိုးသတ်ဆေး အလွန်အကျွံသုံးစွဲခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ပိုးကျရောက်မှု ပြင်းထန်ပါက ပင့်ကူသတ်ဆေး (Acaricide) တစ်မျိုးမျိုးကို အရွက်အောက်မျက်နှာပြင်သို့ ထိထိရောက်ရောက် ရောက်ရှိစေရန် စနစ်တကျ ပက်ဖျန်းနှိမ်နင်းသင့်ပါတယ်။

ပိုးစေးနှဲ (Mealybugs) 

ပိုးစေးနှဲဟာလည်း ပီလောပီနံပင်ရဲ့ ကြီးထွားမှုကို သိသိသာသာ ထိခိုက်စေနိုင်တဲ့ အဖျက်ပိုးတစ်မျိုး ဖြစ်ပါတယ်။ ၎င်းတို့ဟာ အဖြူရောင်ဖယောင်းမှုန့်များနဲ့ ဖုံးအုပ်ထားသကဲ့သို့ ရှိနေတတ်ပြီး အပင်ရဲ့ အညွန့်သစ်များနဲ့ အရွက်နုများပေါ်မှာ စုပြုံကပ်တွယ်ကာ အပင်ရဲ့အာဟာရ အရည်များကို စုပ်ယူစားသောက်ကြတာ ဖြစ်ပါတယ်။ ပိုးကျရောက်တဲ့ အညွန့်နဲ့ အရွက်နုတွေဟာ ပုံမှန်အတိုင်း မကြီးထွားနိုင်တော့ဘဲ တွန့်လိပ်သွားခြင်း၊ အဆစ်များ စိပ်သွားခြင်းနဲ့ အပင်ပုသွားခြင်းတို့ကို  ဖြစ်ပေါ်စေတတ်ပါတယ်။ ထို့ပြင် ၎င်းတို့စွန့်ထုတ်လိုက်သော ချိုမြိန်သည့် စစ်ထုတ်ရည်များကြောင့် မှိုရောဂါများပါ ဆက်လက်ဖြစ်ပွားနိုင်ပြီး အပင်ကို အားအင်ကုန်ခမ်းသွားစေနိုင်ပါတယ်။

ထို့ကြောင့် ပိုးမွှားကင်းစင်စေရန်အတွက် မျိုးကိုင်းများကို မစိုက်ပျိုးမီ သတ်မှတ်ထားသော ပိုးသတ်ဆေးရည် (ဥပမာ - Thiamethoxam) တစ်မျိုးမျိုးမှာ စနစ်တကျ နှစ်စိမ်၍ စိုက်ပျိုးသင့်ပါတယ်။ ပိုးစေးနှဲများကို ပြန်လည်စားသောက်နှိမ်နင်းပေးသော သဘာဝရန်သူများဖြစ်တဲ့ ပိုးတောင်မာ (Ladybird beetles) နဲ့ နကျယ်ကောင်များကို စိုက်ခင်းအတွင်း ထိန်းသိမ်းစောင့်ရှောက်ပေးခြင်းဖြင့် ပိုးမွှားဦးရေကို ထိန်းချုပ်နိုင်ပါတယ်။ ပိုးမွှားများကို သယ်ဆောင်ပေးတတ်သော ပုရွက်ဆိတ်များကို နှိမ်နင်းခြင်းနဲ့ ရောဂါရနေသော အပင်အစိတ်အပိုင်းများကို ဖယ်ရှားမီးရှို့ခြင်းတို့လည်း ပြုလုပ်ပေးနိုင်ပါတယ်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်