" စိုက်ပျိုးပညာမျှဝေရာ" အစီအစဉ် ဖြစ်ပါတယ်။
ဒီအစီအစဉ်ကို PC Myanmar မှ ENI ဖောင်ဒေးရှင်း၏ အကူအညီဖြင့် မကွေး၊ မင်းလှ နှင့် မြို့သစ်ဒေသများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းအတွက် ထုတ်လွှင့်ခြင်းဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မြေဆီလွှာရေအသုံးချရေးနှင့် စိုက်ပျိုးရေးအင်ဂျင်နီယာဌာနခွဲ၌ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေဆဲဖြစ်တဲ့ ဆရာမ ဒေါက်တာစုစုဝင်းက စိုက်ပျိုးရေးတွင် ရာသီဥတုဖောက်ပြန်မှု၊ မြေဆီလွှာညံ့ဖျင်းမှု၊ ပိုးမွှားရောဂါကျရောက်မှုတို့ကြောင့် မြေတွင်းအာဟာရဓာတ်ပါဝင်မှုတွေလျော့နည်းလာခြင်း မတည်မြဲလာခြင်းတို့ဖြစ်ရတဲ့ ပြဿနာအကြောင်းတရားတွေကို ဆွေးနွေးသွားပြီး ဘယ်လိုပြုပြင်မှုတွေလုပ်သင့်ကြောင်းကို ဆွေးနွေးပေးသွားပါတယ်။
အစိမ်းရောင်လမ်း ဦးကြီး/အန်တီ တို့ လေ့လာနိုင်စေရန် တင်ဆက်ပေးလိုက်ပါတယ်ရှင်။ ရေဒီယိုအစီအစဉ်မှလည်း ဆရာကြီး/ဆရာမကြီးများ၏ ဆွေးနွေးချက်များဖြင့် စိုက်ရေးပျိုးရေးအဆင်ပြေကြပါစေရှင်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more