ဆလပ်ရိုး (သို့) အော်စွန်း

06/01/2022 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဒီအပင်ကို မန္တလေးမှာ အော်စွန်း လို့ ခေါ်ကြတယ်။ တောင်ကြီးဖက်မှာတော့ ဆလပ်ရိုး လို့ခေါ်ကြတယ်၊  အော်စွန်း ၂ မျိုးရှိတယ် အစိမ်းနဲ့ အနီမျိုး ၊ အစိမ်းမျိုးက လူသိများပါတယ်။ 

ဆလပ်ပင်ဆိုတာကို လူတိုင်းသိတဲ့အပင်၊ အရွက်ကိုစားရတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုး၊ အခုတော့ ဒီမျိုးစိတ်က အရွက်ကိုသာမက ပင်စည်ကိုပါစားလို့ရတဲ့အပင်ဖြစ်တယ်။ ဆလပ်ပင်တွေက ဒေစီပန်း နေကြာမျိုးရင်း Asteraceae ဝင်အပင်တပင်ဖြစ်တယ်။ 

ဥယျာဉ်စိုက်ပျိုးသူတွေက ဒီအပင်ကို အရွက်နဲ့ ထူသောပင်စည်အတွက် ရည်ရွယ်ပြီးစိုက်ခဲ့ကြတာဖြစ်တယ်။ တရုတ်ပြည်မကြီးမှာ ဒီအပင်ကို woju လို့ခေါ်ကြတယ်။ ဒီအပင်က တရုတ်ပြည်သာမက ထိုင်ဝမ်မှာလည်း ကျော်ကြားတယ်။ အစိမ်းဖျော့ဖျော့ရှိသော အရွက်များက နုညံလှတယ်။ ပင်စည်ကို အစိမ်းစားလို့ရတယ်။ ဒါ့အပြင် ချက်စားခြင်း၊ အချဉ်တည်​​ခြင်း၊ ကင်ခြင်း၊ လှော်၊ မွှေကြော်ခြင်းအမျိုးမျိုးလုပ်စားလို့ရပါတယ်။ အော်စွန်းဆိုတာ (vitamins) ဗီတာမင် ကြွယ်ဝသော ဟင်းသီးဟင်းရွက်ဖြစ်တယ်။ 

အော်စွန်းသုပ် 

ရှမ်းပြည်ရောက်ရင် စားဖြစ်သော အသုပ်ပါ၊ ရိုးရာအစားအစာလည်း ဖြစ်တယ်၊ အော်စွန်းဝယ်ပြီးရင် အပေါ်ကအရွက်တွေကိုဖယ်၊ ရင့်သော ရိုးတံတွေကိုလည်း ဖြတ်ထုတ်ပါ၊ ရိုးတံအပေါ်က အခွံကိုဖယ်ပြီးအတွင်းမှာ နုသော အစိမ်းရောင်အသားကိုတွေ့ရမယ်။ ဒီအတွင်းသားကို အမျှင်လေးတွေရအောင် အထူးကိရိယာနဲ့  ခြစ်ယူရတယ်။ ကျန်တာကတော့ အသုပ်သုပ်သလိုပါဘဲ၊ ပဲကြာဆံ၊ ကြက်သွန်နီ ဆီကျက်၊ သံပုရာသီး၊ ငရုတ်သီးစိမ်း၊ မြေပဲလှော်နဲ့ ငံပြာရည် ပုစွန်ခြောက်မှုန့် တွေနဲ့ သုပ်စားရမှာပါ၊ သားသတ်လွတ် သုပ်စားကြသလို အသားတမျိုးမျိုး၊ ပင်လယ်စာ၊ ပုစွန်တွေနဲ့လည်း သုပ်စားကြတယ်။ ဟော်တယ်ကြီးတွေ စားသောက်ဆိုင်ကြီးတွေမှာတော့ ချဥ်ချဥ်စပ်စပ် အော်စွန်းသုပ်က လူကြိုက်များတဲ့ ဟင်းအမည်တမျိုးပါ။ 

ကဲ.. အော်စွန်းသုပ် စားဖူးပြီလား?

References. Wikipedia

ကိုသက်နိုင်ဦး

ဟုမ္မလင်း


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်