ဟင်းသီးဟင်းရွက် အမျိုးအစားခွဲခြားခြင်း

20/09/2019 11:45 AM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

 

() အဓိက စိုက်ပျိုးနေသော ဟင်းသီးဟင်းရွက်များကို ရုက္ခဗေဒအရခွဲခြားလျှင်

 

  • မုန်ညင်း၊ မုန်လာအုပ်စု (CRUCIFERAE)

  • ကြက်သွန်အုပ်စု (ALLIACEAE)

  • ဘူး၊ ဖရုံအုပ်စု (CUCURBITACEAE)

  • အာလူး၊ ခရမ်းချဉ်အုပ်စု (SOLANACEAE)

  • ပဲမျိုးနွယ်အုပ်စု (LEGUMINACEAE)

 

() အပူအအေးလိုအပ်ချက်အရ ခွဲခြားလျှင် အအေးကြိုက်သော ဟင်းသီးဟင်းရွက်အများစုကို အခြေခံအားဖြင့် တောင်ပေါ်ဒေသများ တွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ကြပြီး မြေပြန့်ဒေသများတွင် ရာသီ ဥတု အေးမြသော ဆောင်းရာသီတွင်သာ စိုက်ပျိုးနိုင်ကြ ပါသည်။

 

  • ဥပမာ - ကွမ်းသီးသဏ္ဍန် ဂေါ်ဖီထုပ်၊ မုန်ညင်းထုပ်၊ နိုကိုဥ၊ သကြားမုန်လာ၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ တရုတ်နံနံ၊ ဘရိုကိုလီ(ပန်းဂေါ်ဖီအစိမ်း)

 

အနွေးဓာတ်ကြိုက်သော ဟင်းသီးဟင်းရွက်အုပ်စုများကို အခြေခံအားဖြင့် မြေပြန့်ဒေသ များတွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ကြပြီး တောင်ပေါ်ဒေသတွင် နွေဦးရာသီမှာ စိုက်ပျိုးကြပါသည်။

 

  • ဥပမာ- သခွား၊ မုန်လာဥဖြူ၊ ပဲတောင့်ရှည်၊ ဟင်းနုနွယ်

 

() ဟင်းသီးဟင်းရွက်ကို အခြေခံအားဖြင့် အသုံးပြု၍ ရနိုင်သော အစိတ်အပိုင်းအလိုက် ခွဲခြား ကြပါသည်။

 

  • အရွက်စားသုံးသောအပင်များမှာ
    ဥပမာ- မုန်ညင်း၊ကန်စွန်းရွက်၊ကိုက်လန်၊ကန်စွန်းဥရွက်၊နံနံ၊ ဟင်းနုနွယ်၊Spinach၊ ဒန့်သလွန်

  • အသီးစားသုံးသောအပင်များမှာ
    ဥပမာ-ခရမ်းသီး၊ခရမ်းချဉ်သီး၊ဘူး၊ဖရုံ၊သခွား၊သခွားမွှေး၊ ဖရဲသီး

  • အမြစ်ပိုင်းကို စားသုံးရသောအပင်များမှာ
    ဥပမာ- မုန်လာဥဖြူ၊ မုန်လာဥနီ၊ ကြက်သွန်၊ ကြက်သွန်ဖြူ၊ အာလူး

  • အပွင့်ကိုစားသုံးရသောအပင်များမှာ
    ဥပမာ-ပန်းဂေါ်ဖီအစိမ်း၊ ပန်းဂေါ်ဖီ၊ ဖရုံပွင့်၊ မုန်ညင်းဖြူပွင့်၊ ပေါက်ပန်းဖြူပွင့်၊ ငှက်ပျောဖူး

  • အစေ့ကိုစားရသောအပင်များမှာ
    ဥပမာ- ပဲပင်ပေါက်၊ ပဲပုပ်စေ့၊ ပဲတောင့်ရှည်စေ့၊ ရွှေပဲသီးစေ့

 

စိုက်ပျိုးရေးဦးစီးဌာန

 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်