ချယ်ရီပန်းပွဲတော်ဖြစ်အောင် ကြိုးစားကြရအောင်

29/01/2021 12:45 PM တွင် ကျော့နန္ဒာစိုး ကျော့နန္ဒာစိုး မှ ရေးသား

    ခုလိုဆောင်းရာသီက အထင်ကရပန်းတစ်မျိုးဖြစ်ပြီး တစ်နှစ်မှာတစ်ကြိမ်သာပွင့်တဲ့ ချယ်ရီလေးတွေ ဖူးပွင့်ကြတဲ့အချိန်ပါ။ အပန်းဖျော့၊ အပန်း၊ အဖြူ ဆိုပြီးအရောင်အသွေးပြည့်စုံလှပတဲ့ ချယ်ရီတွေဟာဆိုရင် အအေးပိုင်းဒေသတွေ၊ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးဘက်နဲ့ ချင်းပြည်တွေမှာ အများဆုံးပေါက်ရောက်ကြပါတယ်။

    ချယ်ရီပန်းတွေပွင့်တဲ့ ဒေသဘက်တွေမှာတော့ ပန်းလိုချင်လို့ ကိုင်းချိုးသွားတဲ့အခြေအနေတွေ ရှိနေတဲ့အတွက် တစ်ချို့ဒေသခံတွေအနေနဲ့ သဘာဝအလှတရားလျော့ကျသွားမှာ စိုးရိမ်နေမှုတွေတွေ့နေရပါတယ်။  

    ယခင်တစ်ချိန်ကနဲ့ယှဉ်ရင်တော့ ဒီခေတ်မှာချယ်ရီလေးတွေဖူးပွင့်ကြတယ်ဆိုတာ ချယ်ရီတွေဝေဆာတဲ့မြို့တော့ မဟုတ်တော့ပါဘူး။

    ယခင်အချိန်က တောင်ကြီးမြို့အနီးတစ်ဝိုက် တောင်ပေါ်တွေနဲ့ မြို့ပေါ်လမ်းမပေါ်တွေမှာဆိုရင် ချယ်ရီတွေဟာ တစ်မြို့လုံးဝေဆာအောင် ဖူးပွင့်ခဲ့ကြဖူးပါတယ်။ ရာသီဥတုပြောင်းလဲလာမှု၊ တောမီးတွေရှို့မှုတွေကြောင့် တစ်ဖြည်းဖြည်းနဲ့ ချယ်ရီပင်တွေနည်းလာတာကလည်း သက်သေတေပါပဲ။ 

    ချယ်ရီတွေလှပစွာပွင့်တဲ့ ကိုးရီးယား၊ ဂျပန်တို့လိုနိုင်ငံများတွေမှာဆိုရင် ချယ်ရီပန်းပွင့်တဲ့အထင်ကရမြို့တွေမှာ ပန်းတွေကိုမခူးယူဘဲ ပန်းပွဲတော်အနေနဲ့တောင် လာရောက်ကြည့်ရှုရင်း အပန်းဖြေကျတာမျိုးရှိပါတယ်။

    လှပတဲ့ချယ်ရီပွင့်လေးတွေကို အပင်ပေါ်မှာ သဘာအတိုင်းမြင်နေရတာကလည်း စိတ်ချမ်းသာစရာတစ်ခုပဲမဟုတ်ပါလား? အာလုံးသိကြတဲ့အတိုင်း တချို့သောအလှအပတွေက မြင်နေရရုံနဲ့တင် စိတ်ကျေနပ်စရာ ကောင်းနေတာမျိုးပါ။

    ဒါကြောင့် ချယ်ရီပင်တွေကိုမခုတ်ဘူး၊ နွေရာသီတောမီးရှို့မှုများမရှိဘူးဆိုရင် တောင်ပေါ်ဒေသတစ်လျှောက်မှာ ချယ်ရီတွေဝေဆာပြီး အရမ်းလှပနေမှာပဲဖြစ်ပါတယ်။ 

    အပင်ပေါ်မှာကြာကြာရှင်သန်နိုင်တဲ့ ချယ်ရီပန်းလေးတွေကို ခူးလိုက်ပြီး ညှိုးသွားမှာမျိုး မလုပ်မိကြပါစေနဲ့နော်။ လှပလှတဲ့ချယ်ရီပန်းလေးတွေက အပင်ပေါ်မှာပဲ မြတ်မြတ်နိုးနိုးအလှဆင်ဖို့ ထိုက်တန်ကြပါတယ်။

    လက်ရှိပေါက်ရောက်နေတဲ့ အပင်များကိုလည်းထိန်းသိမ်းရင်း နောက်ထပ်ချယ်ရီပင်တွေအများကြီးစိုက်ပျိုးပြီး သဘာဝပတ်ဝန်းကျင်နဲ့ အလှတရားများကိုတန်ဖိုးထား အလှဆင်နိုင်ကြပါစေ။

    ပန်းကိုလိုချင်လို့ ကိုင်းကို ချိုးယူ/ခုတ်ယူသွားတဲ့အဖြစ်မျိုး လျော့နည်းအောင် အားလုံးပူးပေါင်းထိန်းသိမ်းနိုင်ကြစေဖို့ ရည်ရွယ်ရေသားလိုက်ရပါတယ်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်