ဗမာကြက်အရှင်စျေးကွက်ကောင်းလို့ မွေးမြူသူများလာ

21/01/2026 09:02 AM တွင် AMIA AMIA မှ ရေးသား

ပြည်တွင်းမွေးမြူရေးကဏ္ဍမှာ ဒေသကြက် (ခေါ်)  ဗမာကြက် အရှင်ရောင်းစျေးကွက် ကောင်းလာတဲ့အတွက် ဒေသကြက်မွေးမြူမှုနှုန်းများလာတယ်လို့ မွေးမြူရေးလုပ်ကိုင်သူတွေဆီက သိရပါတယ်။

လက်ရှိမှာ ဒေသကြက် ( ခေါ်)  ဗမာကြက် အရှင်ရောင်းစျေး တစ်ပိဿာကို အနိမ့်ဆုံး ၂၀၀၀၀ ကျပ်အထိ စျေးပေးဝယ်ယူမှုရှိပြီး နေရာဒေသအလိုက် စျေးနှုန်း ကွာခြားမှု ရှိတယ်လို့သိရပါတယ်။

အသားအတွက် ဝယ်ယူရာမှာ ဗမာကြက်ကို တစ်ပိဿာအောက် ကြက်တွေက ဝယ်လိုအားများပြီး စျေးကောင်းရရှိပေမယ့် တစ်ပိဿာနဲ့ အထက်ရှိတဲ့ ကြက်ကတော့ ဝယ်ယူမှုနည်းပြီးစျေးရရှိမှုလည်း နည်းတယ်လို့သိရပါတယ်။

"ဗမာကြက်က ၅၀သားတို့ ၆၀ သားတို့ဆို အဝယ်များတယ်။ တစ်ပိဿာ မဟုတ်ဘူးနော် ၈၀ နဲ့ ၉၀ သား ဆိုရင်တောင်  ဝယ်သူက သိပ်မဟုတ်ချင်ဘူး။ ပြီးတော့ တိုက်ပြီးသား ကြက်ဆိုရင်လည်းမဝယ်ချင်ဘူး။ စျေးကောင်းတာမှန်ပေမယ့် မွေးတဲ့သူကလည်း ညဏ်လေးနဲ့ ယှဥ်မွေးမှ အဆင်ပြေတယ်။ စျေးကောင်းတော့ မွေးသူတော့ များလာပါတယ်" လို့ ဒေသကြက် မွေးမြူရေးလုပ်ကိုင်သူ ကိုမိုးကျော်က ပြောပါတယ်။

ဒေသကြက်ကို မိသားစုစားဝတ်နေရေးအတွက် တပိုင်တနိုင်မွေးမြူကြသူရှိသလို စီးပွားဖြစ်မွေးမြူကြသူတွေလည်းရှိကြောင်း သိရပါတယ်။

ဒေသကြက်ကို မွေးမြူသူတွေထဲမှာမှ အသားစျေးကွက်ကို ရောင်းချကြတာရှိသလို အရောင်အဆင်း အရည်အသွေးကောင်းတဲ့ ကြက်မျိုးတွေကိုတော့ အသားစျေးကွက်ထဲ မရောင်းချဘဲ ကြက်အုပ်ပြတ် ရောင်းချခြင်း၊ တိုက်ကြက်အဖြစ် ရောင်းချခြင်းတွေ ​ပြုလုပ်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

"အသားစျေးနဲ့ ရောင်းရမယ့်ကြက်လည်းရှိတယ်။ တချို့ကြက်ကျ ကြက်မျိုးကောင်းတယ်။ တိုက်လို့ရတဲ့ ကြက်မျိုးဆိုရင် စျေးပိုကောင်းတယ်။ သူကျ ပိဿာစျေးမဟုတ်တော့ဘူး။ ကြက်ရဲ့ ခွတ်လက်အပေါ်မူတည်ပြီး စျေးအမျိုးမျိုးရှိတယ်။ သိန်းချီတန်တဲ့ ကြက်တွေ ရှိတယ်။" လို့ စီးပွားဖြစ် ဒေသကြက်မွေးမြူရေးလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိ အသားစျေးကွက်မှာတော့ ဗမာကြက်သားတစ်ပိဿာ ( အရိုးအသားအရော)  ၃၅၀၀၀ ကျပ်စျေးရှိပြီး အသားသီးသန့်ဆိုပါက ကျပ် ၄၀၀၀၀ အထက်ရှိနိုင်ကြောင်းသိရပါတယ်။

ဗမာကြက်ဥ စျေးနှုန်းကတော့ တစ်လုံးကို ၁၀၀၀ ကျပ် အနည်းဆုံးရောင်းချမှုရှိပြီး ပစ္စည်းရှားတဲ့အတွက် ဝယ်လိုအားကောင်းတယ်လို့သိရပါတယ်။

ဒေသကြက်မွေးမြူမှုမှာ  စားကျက်အတွက် မြေကွက်အကျယ်ရှိဖို့လိုအပ်ပြီး အစားအတွက် ဆန်နဲ့ ဆန်ကွဲ၊ စပါး၊ ထမင်းစတာတွေကို ကျွေးမွေးနိုင်ကြောင်း ၊ စားကျက်မြေကျယ်ပါက အစာကျွေးတဲ့အပိုင်းကို လျှော့ချနိုင်တယ်လို့သိရပါတယ်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်