ကြက်အရှင်ဖမ်းစျေး တစ်ပိဿာကို ၅,၀၀၀ နီးပါး ဈေးပြန်ကျ

25/11/2025 09:43 AM တွင် AMIA AMIA မှ ရေးသား

စျေးနှုန်းဆက်တိုက်မြင့်တက်ခဲ့သော အသားတိုးကြက်အရှင်ဖမ်းစျေးကွက်သည် ယခု နိုဝင်ဘာလ တတိယပတ်မှစပြီး ဈေးပြန်ကျသွားကြောင်း မွေးမြူရေးနှင့် ကြက်သားပေါက် ရောင်းဝယ်ရေး လုပ်ကိုင်သူများဆီက သိရသည်။ 

အသားစျေးကွက်ထဲကို အသားတိုးကြက် ဝင်ရောက်မှု ပြန်များလာသည့်အတွက် ကြက်အရှင်ဖမ်းစျေး ပြန်လည်ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရသည်။ 

ကြက်အရှင်စျေးနှုန်းမှာ နယ်မြေဒေသအလိုက် တစ်ပိဿာကို ၃,၀၀၀ ကျပ်မှ ၅,၀၀၀ ကျပ်လောက်အထိ ဈေးပြန်ကျသွားခြင်းဖြစ်သည်ဟု စျေးကွက်အရ သိရသည်။

"ကြက်ကြီးတွေ စျေးကွက် ပြန်ဝင်တာများလာလို့ ဈေးပြန်ကျသွားတာပါ။ ကြက်တွေငယ်စဉ်မှာ ရောဂါတွေဝင်လို့ သေတာတွေ ရှိနေရင်းပဲ ကျန်တဲ့ကြက်တွေက ကြီးလာပြီး စျေးကွက်ထဲ ထုတ်ကြတော့ အဝင်ပြန်များလာတာပါ" ဟု ကြက်ပေါက်နှင့် မွေးမြူရေးအစာ ရောင်းဝယ်ရေး လုပ်ကိုင်သူ တစ်ဦးက ပြောသည်။

အသားတိုးကြက် အရှင်စျေးနှုန်းသည် ယခင် အောက်တိုဘာလမှစ၍ နိုဝင်ဘာလ ဒုတိယပတ်လောက်အထိ ဈေးဆက်တိုက် မြင့်တက်ခဲ့ပြီးနောက် ယခုလက်ရှိမှာတော့ ဈေးပြန်ကျဆင်းသွားခြင်းဖြစ်သည်။ 

စျေးကွက်ထဲကို ကြက်ကြီးဝင်ရောက်မှုများပြီး ဈေးပြန်ကျသွားသည့်အတွက် မွေးမြူရေးလုပ်ကိုင်သူများမှာ တွက်ချေမကိုက်ကြောင်း၊ ယခုအထိ ကြက်ခြံတွေမှာ ရောဂါပိုးဝင်ရောက်မှုရှိနေပြီး ကြက်ငယ်သေဆုံးမှုများနေဆဲဖြစ်လို့ ကြက်ကြီးအရှင်ဖမ်းစျေး ကျဆင်းတာ မွေးမြူသူတွေအတွက် အဆင်မပြေခဲ့ကြောင်း မွေးမြူရေး လုပ်ကိုင်သူများက ပြောသည်။

"ကြက်ခြံတွေမှာ ရောဂါပိုးဝင်နေတော့ အချိန်မီ မကုသနိုင်ရင် သေတယ်။ တချို့ဆို ခြံလိုက် ပြုတ်တာရှိတယ်။ ဒါပေမဲ့ အခုကြက်ခြံဖမ်းစျေးက ပြန်ကျသွားတော့ အဆင်မပြေတော့ဘူး" ဟု ကြက်မွေးမြူရေး လုပ်ကိုင်သူတစ်ဦးက ပြောသည်။

လက်ရှိ အသားတိုးကြက် မွေးမြူရေးခြံများတွင် ကြက်များ ရောဂါဖြစ်ပွားမှုရှိပြီး ကြက်ပေါက်ရက်သားကာလမှာပင် သေဆုံးမှု ရှိနေဆဲဖြစ်သည်ဟု သိရသည်။ ကြက်အရှင်စျေးနှုန်းကတော့ နေရာဒေသအလိုက် စျေးနှုန်းကွာခြားမှုရှိနေပြီး လက်ရှိ အမြင့်ဆုံးစျေးနှုန်းကတော့ တစ်ပိဿာကို ၁၅,၅၀၀ ကျပ်ဝန်းကျင်သာ ဖြစ်သည်ဟု သိရသည်။ 

ကြက်အရှင် ဈေးနှုန်းသည် စစ်ကိုင်းစျေးကွက်မှာ အောက်တိုဘာလ ပထမပတ်က တစ်ပိဿာကို ၁၃,၅၀၀ ကျပ်သာ ရှိခဲ့ပြီး နိုဝင်ဘာလ ၁၁ ရက်တွင် အမြင့်ဆုံး တစ်ပိဿာကို ၁၉,၅၀၀ ကျပ်အထိရှိကာ လက်ရှိ နိုဝင်ဘာ ၂၄ ရက်မှာတော့ အမြင့်ဆုံးစျေးနှုန်း တစ်ပိဿာကို ၁၅,၅၀၀ ကျပ်အထိ ပြန်ကျသွားခြင်းဖြစ်သည်။ မန္တလေးစျေးကွက်မှာတော့ ကြက်အရှင်ဖမ်းစျေး ၁၄,၀၀၀ ကျပ်ဝန်းကျင်ရှိပြီး မော်လမြိုင်မှာ ၁၂,၇၀၀ ကျပ်၊ ဘားအံမှာ ၁၃,၀၀၀ ကျပ်၊ သထုံနှင့် ကျိုက်ထိုမှာ ၁၃,၁၀၀ ကနေ ၁၃,၂၀၀ ကျပ်ရှိပြီး ကျောက်ဆည်မှာ ၁၄,၀၀၀ ကျပ်၊ မိတ္တီလာမှာလည်း ၁၄,၀၀၀ ကျပ်ဝန်းကျင်သာ ဈေးရှိသည်ဟု သိရသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်