ဟင်းခတ်အမွှေးအကြိုင် ကုဆိုင်

07/02/2022 15:30 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အင်္ဂလိပ်အမည် - Chive

ရုက္ခဗေဒအမည် - Allium schoenoprasum

ကုဆိုင်ဟာ ကြက်သွန်အမျိုးအနွယ်ထဲမှာ ပါဝင်ပြီး နှစ်ရှည်ပင်အမျိုးအစား ဖြစ်ပါတယ်။

အကြော်အလှော်တွေနဲ့ ပတ်သက်တဲ့ အစားအစာတွေထဲမှာ ကုဆိုင်ကို ထည့်သွင်းအသုံးပြုကြလေ့ရှိပါတယ်။ အများသိတဲ့ထဲကဆိုရင်တော့ ကိုရီးယားဂင်မ်ချီတွေလုပ်ရင် ထည့်သွင်းအသုံးပြုရတဲ့ထဲမှာ ပါပါတယ်..။ ရနံ့ သင်းပြီး စားကောင်းတဲ့အတွက် စားသုံးတဲ့သူတွေလည်း နှစ်သက်ကြတဲ့ ဟင်းခတ်အမွှေးအကြိုင် အပင်တစ်မျိုး ဖြစ်ပါတယ်။

ကုဆိုင်ရဲ့ မူရင်းဒေသတွေကတော့ ဥရောပ၊ အာရှနဲ့ မြောက်အမေရိကဒေသတွေပဲ ဖြစ်ပါတယ်။ အရသာအားဖြင့် အနည်းငယ်စပ်တဲ့ အနေအထားရှိပြီး အထူးသဖြင့် ဥရောပနိုင်ငံတွေရဲ့ အစားအစာတွေမှာ ထည့်သွင်း စားသုံးလေ့ ရှိကြပါတယ်။

ကုဆိုင်ကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ စားရုံသာမက ဥယျာဉ်ခြံမြေတွေမှာဆိုရင်  ပိုးမွှားကာကွယ် နှိမ်နင်းဖို့အတွက်လည်း အသုံးပြုကြလေ့ရှိပါတယ်။ ကုဆိုင်ဟာ အပင်အမြင့်အားဖြင့် ၁ ပေကနေ ၁.၆ ပေ လောက်အထိ ရှည်လျားနိုင်ပါတယ်။ ဘေးဘက်ကိုတော့ ၁ ပေကနေ ၂ ပေလောက်အထိ ဖြန့်ကျက်ကြီးထွား နိုင်ပါတယ်။ ကျောက်သားပေါများတဲ့ စားကျက်မြက်ခင်းတွေနဲ့ စိုစွတ်တဲ့ မြက်ခင်းပြင်တွေမှာ ပေါက်ရောက်လေ့ ရှိပါတယ်။

မြေဆီလွှာအနေနဲ့ဆိုရင် သမမျှတပြီး အက်စစ်ဓာတ်အနည်းငယ်ဆန်တဲ့ အနေအထားကို ကြိုက်နှစ်သက်ပါတယ်။ သူ့ရဲ့ ပန်းပွင့်အရောင်တွေကတော့ ပန်းရောင်၊ ခရမ်းရောင်၊ အနီရောင်နဲ့ အဖြူရောင်ဆိုပြီး ရှိကာ နွေရာသီမှာ ပန်းပွင့်လေ့ရှိပါတယ်။ ကုဆိုင်ပင်ရဲ့ နောက်ထပ်ထူးခြားတဲ့အချက်ကတော့ လိပ်ပြာနဲ့ ငှက်တွေကို ဆွဲဆောင်နိုင် တာပဲ ဖြစ်ပါတယ်။

မျိုးစေ့ကနေစိုက်ပျိုးမယ်ဆိုရင် အညှောင်ပေါက်ဖို့ ရက်သတ္တပတ်အနည်းအထိ အချိန်ပေးရတတ်ပါတယ်။ မျိုးစေ့အညှောက်ပေါက်ပြီး အပင် ကြီးထွားရှင်သန်နိုင်ဖို့အတွက် မြေဆီလွှာရဲ့ အသင့်တော်ဆုံး အပူချိန်ကတော့ ၁၅ ဒီဂရီစင်တီဂရိတ် ကနေ ၂၁ ဒီဂရီစင်တီဂရိတ်အတွင်း ဖြစ်ပါတယ်။ ကုဆိုင်ပင်ဟာ နေရောင်ခြည်ကောင်းစွာ ရရှိတဲ့နေရာကို ကြိုက်နှစ်သက်ပါတယ်။ အစိုဓာတ်ကောင်းကောင်းရှိပြီး မြေဆီကြွယ်ဝကာ ရေစိမ့်ဝင်မှုကောင်းတဲ့ မြေကိုနှစ်သက်ပါတယ်။

စိုက်ပျိုးမယ့်မြေနေရာ ရွေးချယ်ထားပြီးပြီဆိုရင် သဘာဝမြေဆွေးတွေကို မြေအနက် ၄ လက်မကနေ ၆ လက်မလောက်အထိ  နှံ့စပ်သွားအောင် ရောပေးထားသင့်ပါတယ်။ မျိုးစေ့ကနေ စိုက်ပျိုးမယ်ဆိုရင် ၂ လက်မ အကွာအဝေးခြားကာ မြေအနက်အားဖြင့် ၁ လက်မရဲ့ ၄ ပုံ ၁ ပုံ အနက်လောက်မှာထားပြီး စိုက်သင့်ပါတယ်။ ပြီးရင်တော့ အပေါ်ယံကနေ မြေသားခပ်ပါးပါးပြန်ဖုံးပေးထားရပါမယ်။ ကုဆိုင်ဟာ ရေငတ်ဒဏ်ကို ကောင်းကောင်းခံနိုင်ရည်ရှိပြီး ပြုစုစောင့်ရှောက်ရမှုလည်းနည်းပါတယ်။ သို့ပေမယ့် အထွက်နှုန်းကောင်းကောင်း ရဖို့အတွက်ဆိုရင်တော့ စိုက်ပျိုးရာသီတစ်လျှောက်လုံး ရေကို တသမတ်တည်းလောင်းပေးဖို့ လိုအပ်ပါတယ်။

 ရေလောင်းတဲ့အခါမှာလည်း မြေဆီလွှာကို ကောင်းစွာစိုစွတ်တဲ့အထိ လောင်းပေးသင့်ပါတယ်။ အပင်ငယ်စဥ်မှာတော့ ပေါင်းမြက်ကင်းဝေးစေဖို့ အပင်ခြေရင်းမှာ မြေဖုံးပေးထားတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။ မိမိစိုက်ပျိုးတဲ့မြေနေရာဟာ အာဟာရဓာတ်မကြွယ်ဝဘူးဆိုရင် နွေနှောင်းပိုင်း (သို့မဟုတ်) နွေရာသီအစောပိုင်းမှာ နိုက်ထရိုဂျင်ဓာတ် ကြွယ်ဝတဲ့ မြေဩဇာတွေကျွေးပေးသင့်ပါတယ်။

ကုဆိုင်ပင်တွေကို ရွှေ့ပြောင်းစိုက်ပြီး ရက် ၃၀ ခန့်မှာ အရွက်တွေကို ခူးဆွတ်ရိတ်သိမ်းနိုင်ပါတယ်။ အစေ့တိုက်ရိုက် စိုက်ပျိုးထားတယ်ဆိုရင်တော့ ချစိုက်ပြီး ရက်ပေါင်း ၆၀ ခန့်အကြာမှာ ရိတ်သိမ်းနိုင်ပါတယ်။ ရိတ်တဲ့အခါမှာ မြေပြင်ကနေ ၁ လက်မ (သို့မဟုတ်) ၂ လက်မ ခန့်ခွာပြီးရိတ်သိမ်းနိုင်ပါတယ်။ စိုက်ပျိုးတဲ့ ပထမနှစ်အတွင်းမှာဆိုရင် ၃ ကြိမ်မှ ၄ ကြိမ်အထိ ရိတ်နိုင်ပါတယ်။

ကုဆိုင်ပင်ရဲ့ပန်းပွင့်တွေကိုလည်း စားသုံးနိုင်ပြီး အရသာအားဖြင့်လည်း ကောင်းပါတယ်။ စီးပွားဖြစ်စိုက်ပျိုးပြီး သိုလှောင်မယ်ဆိုရင်တော့ လေအလုံပိတ်ထားပြီး အေးခဲနေတဲ့ အိတ်တွေ၊ အခန်းတွေထဲမှာ သိုလှောင်တာက ပိုပြီး သင့်တော်ပါတယ်။ ဘာလို့လဲဆိုတော့ ကုဆိုင်ကို အခြောက်ခံထားပြီးမှ သိုလှောင်မယ်ဆိုရင် သူ့ရဲ့ အနံ့အရသာ တွေကို လျော့နည်းသွားစေနိုင်တာကြောင့် ဖြစ်ပါတယ်။

ဇင်ထူးနိုင်

References

-        http://www.almanac.com/

-        http://www.picturethisai.com/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်