စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေအပေါ် ရာသီဥတုတွေပြောင်းလဲခြင်းရဲ့ သက်ရောက်မှုများ

31/07/2024 13:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

ပြောရရင်တော့ အများကြီးပေါ့ လက်တွေ့ခံစားကြရတာကလည်း အများကြီးပါပဲ။ လက်ရှိခံစားနေရတဲ့ အခြေအနေတွေကို စိုက်ပျိုးမွေးမြူရေးရှုထောင့်ကနေ ကြည့်လိုက်မယ်ဆိုရင် ဘာတွေကို ခံစားနေကြရပါသလဲခင်ဗျာ။

သိသာထင်ရှားတဲ့ အချက်တွေအနေနဲ့ဆိုရင်

(၁) ရေကြီးတာ

စိုက်ခင်းတွေမှာတင်မက ခုဆို မြို့တွင်း မြို့ပြင်နဲ့ တောင်ပေါ်ဒေသတွေပါ ရေတွေကြီးနေတာကို လက်တွေ့ခံစားနေကြရပါတယ်။ ဒါဟာ လူတွေကြောင့်လည်းဖြစ်သလို သဘာဝကိုက ပြောင်းလဲနေတဲ့ ရာသီဥတုကို လူတွေက အရှိန်အဟုန်မြင့်ပေးလိုက်တာကြောင့်လည်း ပါပါတယ်။  ရေကြီးတော့ စိုက်ပျိုးမွေးမြူရေးတွေ မှာ လုပ်ရကိုင်ရ ခက်ခဲမယ်၊ ကုန်ကျစရိတ်ပိုများမယ်။ မြေသားတိုက်စားမှုတွေဖြစ်မယ်။ ပင်လယ်ရေနဲ့နီးတဲ့ ဒေသတွေဆို ဆားငန်ရေတွေ ဝင်မယ်။ ရေတွေ မသန့်မရှင်းဖြစ်ကုန်မယ်။ ပြီးတော့ လူနေမှုအဆောက်အအုံတွေမှာ ပျက်စီးထိခိုက်မှုတွေ အများကြီးဖြစ်နိုင်ပါတယ်။

(၂) မိုးခေါင်ရေရှားတာ

တစ်ဖက်မှာလည်း ရေကြီးနေသလို တစ်ဖက်မှာလည်း ရေရှားပါးပြတ်လပ်တာမျိုး ကြုံရနိုင်ပါတယ်။ ဒါဟာ ရာသီဥတုပြောင်းလဲမှုတွေရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ရေရှားပါးမှုဖြစ်တဲ့အတွက်ကြောင့်မို့ စားနပ်ရိက္ခာဖူလုံရေးမှာ စိုက်ပျိုးမွေးမြူရေးမှာလည်း အခက်အခဲ အကြပ်အတည်းတွေကို ရင်ဆိုင်ရမှာပါ။ အပူချိန်ကလည်း ပြင်းလာတယ်။ ရေကလည်း ရမနေဘူးဆိုရင် အစားအစာဖြစ်တွေ ထုတ်လုပ်ဖို့အတွက် အဆင်ပြေတဲ့ အခြေအနေတော့ မဟုတ်တာ အမှန်ပါပဲ။

(၃) သီးနှံမျိုးနဲ့ တိရစ္ဆာန် မျိုးကောင်းမျိုးသန့်များ 

တောင်သူလယ်သမား မွေးမြူရေးသမားတွေက မျိုးကောင်းလေးတွေဆို ဥ ထားတတ်ကြပေမဲ့ ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်တဲ့ မျိုးတွေကို ပြန်လည်ရှာဖွေကြရတာ၊ မျိုးပြောင်းလိုက်တော့ စိုက်ပျိုးနည်း မွေးမြူနည်းလမ်း အသစ်တွေကို ရှာဖွေ ရပြန်ပါတယ်၊ အရင်းအနှီးအရလည်း စိုက်ထုတ်ကြရပြန်တယ်။  စိုက်ပျိုးမွေးမြူပြီးတော့ မျိုးကို ရောင်းချဖို့အတွက် ဈေးကွက်ရှာရတာမျိုး နဲ့ ထိန်းသိမ်းပုံနည်းစနစ်တွေကိုလည်း ပြောင်းလဲ လေ့လာကြရပြန်ပါတယ်။ ဒီနေရာမှာ မျိုးတွေက ကိုက်ညီမှုရှိတာတွေ တွေ့ရင် တော်ပါသေးရဲ့ လုံးဝမှ မျိုးတွေက အဆင်မပြေပါဘူးဆိုရင်တော့ ကိစ္စတုံးပါလေရော။

(၄) ဖျက်ပိုးအသစ်တွေ၊ ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိအသစ်တွေ နဲ့ ပေါင်းမြက် ပြဿနာတွေ

မျိုးအသစ်တွေသုံးတိုင်းလည်း အားလုံးပြည့်စုံသွားတာမဟုတ်တဲ့အတွက်ကြောင့်မို့ သူ့မှာပါလာတဲ့ ကိစ္စရပ်တွေအားလုံးက စိုက်ပျိုးမွေးမြူရေးသမားတွေ ခေါင်းပေါ်ကျလာပြန်ပါတယ်။ ဒါတွေအားလုံးကို စဉ်းစားဆုံးဖြတ် ကိုင်တွယ်ရတာကြောင့်မို့ အထွက်နှုန်းမှာ စိန်ခေါ်မှုတွေဖြစ်လာပါတယ်။ 

ဒီလို စိန်ခေါ်မှုတွေမှာ ကျဆုံးခဲ့ပါတယ်ဆိုရင် ဘာတွေရွေးချယ်ကြမလဲဆိုတာ တကယ့်စဉ်းစားစရာပါပဲ။ 

နောက်ထပ် စဉ်းစားစရာတစ်ခုကတော့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်တဲ့ သူတစ်ယောက်အနေနဲ့ ကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကနေလည်း ပတ်ဝန်းကျင်ကိုဘယ်လိုတွေ ထိခိုက်နိုင်သလဲဆိုတာကိုလည်း ဆန်းစစ်ကြည့်ရအောင်။

ဒါတွေကတော့ ရာသီဥတုပြောင်းလဲမှုနဲ့အတူ ကိုယ်တွေရဲ့ စိုက်ပျိုးထုတ်လုပ်မှုကို ထိခိုက်လာစေနိုင်တဲ့အချက်တွေဖြစ်ပါတယ်။

မြေသားတိုက်စားမှုများ

သီးနှံတစ်မျိုးတည်းကိုပဲ ထွန်ယက်စိုက်ပျိုးတဲ့စနစ်လိုမျိုးလည်း လုပ်တယ်။ မြေသြဇာဆိုလည်း လူတွေပြုလုပ်ဖန်တီးထားတဲ့မြေသြဇာတွေကိုသုံးတယ်။ ဆိုရင် မြေကြီးမှာ အော်ဂဲနစ်ပစ္စည်းပါဝင်မှုတွေက တစ်ဖြည်းဖြည်းနည်းလာတယ်။ မြေသားတွေ သိပ်လာမယ်။ ဆိုတော့ ရေထိန်းစွမ်းအားက မကောင်းတော့သလို အမြစ်တွေထိုးဖောက်ဝင်ရောက်ပြီး ကြီးထွားနိုင်မှုကလည်း နည်းပါးလာတယ်။ ဆိုတော့ တစ်ခုခုဆိုရင် အမြစ်ကလည်း မကုပ်ထားနိုင်တဲ့အတွက် မြေသားတိုက်စားမှုတွေကလည်း များပြားလာမှာပါ။ မြေကြီးက ရွှေမသီးနိုင်တော့တဲ့ အခြေအနေပါ။

မြေယာတွေကို ဂရုမစိုက်တာ

စက်ရုံမှာ ထုတ်ကုန်တွေထုတ်သလိုပဲ တစ်ရာသီ ပြီး တစ်ရာသီ စိုက်ပျိုး မွေးမြူထုတ်လုပ်နေလိုက်တာများ ဘေးပတ်ဝန်းကျင်ကိုတောင် မကြည့်မိတော့တဲ့အထိ၊ ပြန်လည့်ကြည့်မိတဲ့အချိန်မှာ ကိုယ့်ဘေးနားမှာ လွင်တီးခေါင်ပြင်ကြီးဖြစ်နေပြီ။ ပြန်ကြည့်လိုက်တော့ နွံပေါက်ပြီး ဝက်ချေး ကြက်ချေးတွေ အပြည့်ဖြစ်နေပြီ။ အနံ့ကလည်း မြေဆီချဉ်စုတ်စုတ်အနံ့ပဲရတယ်။ တိရစ္ဆာန် မစင်နံ့တွေပဲရတော့တယ်ဆိုတာမျိုးဖြစ်သွားကြတဲ့အထိ ထုတ်လုပ်နေကြတာကို သတိပြုဖို့ လိုပါတယ်။ ဘေးနားက သဘာဝပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝအတိုင်း ကိုယ့်ကို အကျိုးပြုနေတဲ့ အဖိုးတန်လေးတွေကိုလည်း ဂရုတစ်စိုက် သတိပြုပြီး ထိန်းသိမ်းဖို့ လိုအပ်ပါဦးမယ်။ မြေသြဇာချည်းပဲထည့်နေလို့ မြေကြီးထဲက အဏုဇီဝသက်ရှိတွေ မကျန်တော့တာမဖြစ်အောင်၊ စွန့်ပစ်ပစ္စည်းတွေ သေချာ မစီမံနိုင်လို့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းတာတွေ မဖြစ်အောင် ထိန်းသိမ်းဖို့ တာဝန်ရှိပါတယ်။ 

သွင်းအားစုတွေ ပေါပေါလောလောသုံးခြင်း

ရာသီဥတုကလည်း ဖောက်ပြန်တာကနေ နောက်ကနေ လိုက်ရတဲ့ သွင်းအားစုဆိုတာကလည်း ကွင်းဆက်ပါပဲ၊ မကောင်းလို့ ထည့်ရင်းနဲ့ ထည့်ရင်းနဲ့ပျက်သွားတဲ့ အဖြစ်မျိုး မဖြစ်အောင်လို့လည်း သတိထားဖို လိုအပ်ပါလိမ့်မယ်။ ကုန်ကျစရိတ်အားဖြင့် အများကြီး ကုန်ကျလာပြီး အထွက်မှာကျပြန်တော့လည်း နည်းပါးတာမျိုး နဲ့ကြုံလာရမှာမို့ လိုအပ်သလောက်ပဲ သုံးပြီးတော့ တစ်ခြားနေရာမှာ အစားထိုးဖြည့်သွင်းတာမျိုးလုပ်ပေးဖို့လိုမှာပါ။ ဓာတ်မြေသြဇာ သုံးမဲ့အစား အော်ဂဲနစ်မြေသြဇာလိုမျိုး နွားချေး ကြက်ချေးလို့ သဘာဝမြေသြဇာတွေကို ချိန်ဆပြီး သုံးစွဲတာမျိုးက ပိုသင့်တော်တဲ့နည်းလမ်းတွေလို့ ဆိုရမှာပါ။ 

ဆိုတော့ အခုလိုကာလမှာ ကြာကြာဝါးမဲ့သွား အရိုးကြည့်ရှောင်လိုမျိုး မဖြစ်မနေလုပ်ရင်တောင်မှ နောက်ကျနေပါပြီ။ စိုက်ပျိုးရေးရော မွေးမြူရေးမှာရော လူတွေကိုယ်တိုင်မှာရော လက်တွေ့ခံစားနေကြရတဲ့ အဖြစ်အပျက်တွေက ဒုနဲ့ဒေး မဟုတ်လားခင်ဗျာ……….

https://www.ucsusa.org/resources/climate-change-and-agriculture 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်