Compost Tea (မြေဆွေး လက်ဖက်ရည်)

20/02/2018 16:26 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြေဆွေးရေပါပဲ၊ ဦးလေးကြီးက အလုံးတွေပိုထည့်လိုက်တာပါ (စကားလုံး တွေပါ နော့)။ သိကြတဲ့အတိုင်း မြေဆွေးပုံ ပုံပြီးကြလို့ မြေဆွေးဖြစ်သွားတယ်ဆိုရင် ဦးလေးကြီးတို့က ကိုယ့်စိုက်ကွင်းထဲမှာ ထည့်ပြီး သုံးလိုက်ကြတာပါပဲ၊ လွယ် နေတာပဲကိုလေ၊ သူကကျတော့ ကိုယ့်မြေဆွေးပုံကလည်း အကုန်လုံးက မဆွေး သေးဘူး။ ကိုယ်ကလည်း အသုံးကလိုနေပြီဆိုရင် ဒီနည်းလေးကို အသုံးပြုပြီး နည်းနည်းဖြစ်ဖြစ် အကျိုးရှိသွားစေ နိုင်တာမို့ စပ်စုစိန်ဦးလေးကြီးကတော့ ပြန်ပြီး ဖောက်သည်ချ ရတာပေါ့။

လိုအပ်တာတွေကတော့ ကောင်းကောင်းဆွေးပြီးသား မြေဆွေး၊ ရေ၊ ရေပုံး၊ နဲ့ မွှေဖို့ တုတ်ချောင်းတို့ပဲ ဖြစ်ပါတယ်။ မြေဆွေးက ကောင်းကောင်းဆွေးပြီးသား ဖြစ်ရမှာ ပါ။ ကောင်းကောင်းမဆွေးဘူးဆိုရင် မှိုတွေ၊ ဘက်တီရီးယား တွေလိုမျိုး အပင်ကို ထိခိုက်စေနိုင်တာတွေလည်း ပါလာနိုင်တာမို့ ကောင်းကောင်းဆွေးတာတွေကို နည်းနည်းလောက် ရှာထားဖို့လိုပါတယ်။ မြေဆွေးပုံထဲ ပေါက်တူးနဲ့ဖြဲပြီးမှ ဆွေးတာ လေး ယူလာပေးရင် ရပါပြီ။ တစ်ဂါလံစာ လောက်ဆို ဖြစ်ပါ တယ်။

အဆင့်(၁) ။ ။ ရေ (၅) ဂါလံ ဆံ့တဲ့ ပုံးလေးထဲကို မြေဆွေး ၃ ပုံပုံ ၁ ပုံ လောက် ပြည့်အောင် ထည့်ထားပါ။

အဆင့် (၂) ။ ။ နောက်တစ်ခုကတော့ ရေရောတဲ့ ကိစ္စပါပဲ။ (၅) ဂါလံပုံး ကို အပြည့်နီးပါထည့်ပေးရမှာ။

အဆင့် (၃) ။ ။ မွှေသာမွှေပါ၊ ထားရမှာ (၃) ရက် (၄) ရက်လောက် ပြန် ထားထားရဦးမှာ အနယ်တွေ ကျလာပြီးမှ အရည်ကြည်ကိုပဲ ယူမှာဆိုတာ့ ထားနေ တဲ့ ကြားကရက်တွေမှာလည်း တတ်နိုင်သလောက် မွှေပေးဖို့ လိုပါသေး တယ်။

အဆင့်(၄)။ ။ ထွက်လာတဲ အရည်ကြည်တွေကို ရေနဲ့ ပြန်ရောပြီးမှ အလိုရှိ တဲ့နေရာမှာ သုံးလို့ရပြီပေါ့၊ ရေရာဖို့ အချိုးကတော့ ၁၀ အချိုး ၁ ပါ၊ ရေ ၁၀ ဆ ထည့်ပေးဖို့ပါ၊ အသေစောမှာစိုးလို့ ရောခိုင်းတာ....... ပြန်ထွက်လာတဲ့ အနယ်(အဖတ်) တွေကို မြေဆွေးပုံထဲ ပြန်ထည့်လိုက်လို့ရပါတယ်။ 

လွယ်ပါတယ်၊ အဆင့်ကလည်း နည်းနည်းလေးပါပဲ။ လုပ်ရတာလည်း လွယ် ပြီးတော့ အကျိုးလည်းရှိမဲ့ မသိသူကျော်သွား သိသူဖော်လောင်း ပေါ့။.......

Htunn Win Kyaw 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်