မြေဆွေးပုံတစ်ခုအတွက် အရေးပါတဲ့ လျှို့ဝှက်ချက်

03/07/2021 19:35 PM တွင် သိန်းစိုးမင်း သိန်းစိုးမင်း မှ ရေးသား

အစိမ်းရောင်လမ်းက ပေးတဲ့ မြေဆွေးပုံနည်းတွေနဲ့ ကျွန်တော်တို့ တောင်သူတွေ စမ်းကြည့်ကြဖူးမှာပါ။ အဲဒီချိန်မှာ တစ်ခါတစ်လေ မြေဆွေးမြန်မြန်ရပြီး တစ်ခါတစ်လေ တော်တော်နဲ့ မဆွေးဘဲ စိတ်ပျက်မိသွားတာ နောက်တစ်ခါ တပ်ပြီး မြေဆွေးမပုံချင်တော့တာမျိုးတွေ ဖြစ်မှာပါ။ ကျွန်တော်လည်း စိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ်မှာ ကျောင်းက သင်ပေးတဲ့ ကောက်ရိုးမြေဆွေးလုပ်နည်းနဲ့ အိမ်မှာ ပြန်လုပ်ဖူးတယ်။ တစ်နှစ်ကြာမှ မြေဆွေးရတယ်။ ပုံပြီး ကျောင်းပြန်တက်တော့ ပစ်ထားခဲ့လိုက်တာ တော်တော်နဲ့ မဆွေးဘဲ​ဖြစ်သွားပါတယ်။ ဘာတွေက အရေးကြီးလဲ​ကြည့်ရအောင်။  

၁။ ကာဗွန်နိုက်ထရိုဂျင် အချိုး

မြေဆွေးပုံတဲ့အခါမှာ နားလည်ရဖို့လိုတာ မြေဆွေးတဲ့ဖြစ်စဉ်မှာ အဏုဇီဝသက်ရှိတွေရဲ့ အခန်းကဏ္ဍက အခရာကျပါတယ်။ ဒီသက်ရှိလေးတွေက မြေဆွေးတဲ့ဖြစ်စဉ်ကို အစအဆုံး လုပ်ဆောင်ပေးတာပါ။ သက်ရှိဖြစ်တဲ့အတွက် ရှင်သန်ဖို့ အစားအစာလိုပါတယ်။​ မြေဆွေးပုံမှာ ထည့်လိုက်တာတွေအားလုံးက သူတို့အတွက် အစားအစာပါ။ ဒီတော့ အစားအစာမှာ သူတို့ရှင်သန်ဖို့အတွက် အမယ်စုံဖို့လိုပါတယ်။​၂ ခုပါ။​ တစ်ခုက ကာဗွန် သူတို့ရဲ့ အဓိကအစားအစာ (ကျွန်တော်တို့အတွက်ဆို ကာဗွန်ဟိုက်ဒရိတ် ရမယ့် ထမင်း)။ နောက်တစ်ခုက နိုက်ထရိုဂျင် အားအင်အတွက် ပရိုတင်းအတွက် (ကျွန်တော်တို့အတွက်ဆို အသားဟင်းပေါ့)။ ဒီနှစ်ခု အချိုးကျဖို့လိုပါတယ်။​ 

ပညာရှင်တွေစမ်းသပ်မှုအရ အကောင်းဆုံး အသင့်တော်ဆုံး အချိုးက ၃၀:၁ ပါ။ ကာဗွန် ၃၀ ပုံရင် နိုက်ထရိုဂျင် ၁ ပုံလိုအပ်ပါတယ်။ ကာဗွန်အချိုးအရမ်းမြင့်သွားရင် ဆွေးဖို့အချိန်ကြာမယ်။ မြန်အောင်လို့ နိုက်ထရိုဂျင်အချိုးအရမ်းမြှင့်လိုက်ရင်လည်း အနံသက်တွေ မကောင်းတော့ဘဲ ပုပ်လာတာမျိုး ဖြစ်ပါတယ်။ 

ကာဗွန် နဲ့ နိုက်ထရိုဂျင်ကို အလွယ်ပြောရရင် အညိုရောင်နဲ့ အစိမ်းရောင်လို့ သတ်မှတ်ကြပါတယ်။​ အညိုရောင်ဆိုတာ သစ်ရွက်ခြောက်တို့ ကောက်ရိုးခြောက်တို့ပါ။ အစိမ်းရောင်ဆိုတာ အရွက်စို အပင်စိုတွေပါ။​ နောက် နိုက်ထရိုဂျင်မြင့်တာတွေကတော့ ကြက်ချေး နွားချေးတို့လည်း ထည့်ပေးနိုင်ပါတယ်။ အမေရိကန်က လာသင်ပေးတဲ့ သင်တန်းတစ်ခုမှာတော့ နိုက်ထရိုဂျင်ဗုံးဆိုပြီး မြေဆွေးပုံရဲ့ အလည်တည့်တည့်ကို အသားတုံးကြီး ထည့်လိုက်တယ်။ ကိုယ့်ဆီမှာဆိုရင်တော့ ကြက်သေတို့ ဘာတို့လည်း အလယ်ဗဟိုမှာ ထည့်ထားနိုင်ပါတယ်။​ အညိုနဲ့ အစိမ်းကို တစ်လှည့်ဆီပုံပေးဖို့ လိုပါတယ်။ ၃၀:၁ အချိုးက အရေးကြီးပါတယ်။ 

၂။ အဏုဇီဝသက်ရှိ

အပေါ်မှာ ပြောခဲ့သလိုပဲ အဏုဇီဝတွေက မြေးဆွေးတဲ့လုပ်ငန်းစဉ်မှာ အဓိက ဇာတ်ကောင်ပါ။​ သူ့ကို ထည့်ပေးဖို့အတွက် အသင့်သုံး အီးအမ်ဖျော်ရည်ထည့်ပေးကြပါတယ်။ ဒါမရနိုင်ရင်လည်း အရင်လုပ်ထားတဲ့ မြေဆွေး၊ အပေါ်ယံမြေ စတာတွေလည်း ထည့်ပေးနိုင်ပါတယ်။​

၃။ အစိုဓာတ်

အစိုဓာတ်ကလည်း သက်ရှိတွေ အဏုဇီဝအသက်ရှင်သန်နိုင်ဖို့အတွက်နဲ့ ဆွေးမြေ့တဲ့ ဖြစ်စဉ်အတွက် အရေးကြီးပါတယ်။ အထဲမှာရှိတဲ့အစိုဓာတ်က မစိုလွန်း မခြောက်လွန်း အနေအထားထားဖို့လိုပါတယ်။​ ခြောက်သွေ့တဲ့ရာသီမှာ ရေလောင်းပေးဖို့ လိုသလို မိုးရာသီလိုမျိုးမှာ မိုးရေတွေ မဝင်အောင် အပေါ်ကနေ အုပ်ထားပေးဖို့ လိုပါတယ်။ 

၄။ အပေါ်အောက် လှန်ပေးဖို့

မြေဆွေးပုံပြီး ဒီအတိုင်းပစ်ထားလိုက်ရုံနဲ့ နည်းအလိုက် ၁ လ ၃ လ ၆လ ဆိုရင် မြေဆိုရပြီလို မသတ်မှတ်လိုက်ပါနဲ့။ မြေဆွေးဖြစ်စဉ်မှာ အပူတွေ ထွက်လာပါတယ်။ အပူအရမ်းလွန်ကဲသွားရင်လည်း အဏုဇီဝပိုးတွေ လုပ်ငန်းစဉ်တွေ နှေးကုန်ပါတယ်။ ဒါကြောင့် မြေဆွေးပုံကို ၂ ပတ်တစ်ခါ ဖြစ်ဖြစ် တစ်လ တစ်ခါလောက်ဖြစ်ဖြစ် အထက်အောက် လှန်ပေးတာ အစိုဓာတ်နည်းနေရင် ရေလောင်းပေးတာ။ ဆွေးမြေ့လာတဲ့ လက္ခဏာမပြရင် အသင့်သုံးအီးအမ်ဖြစ်ဖြစ် အိုင်အမ်အို ဖြစ်ဖြစ် ထည့်ဖြည့်ပေးတာတို့ လုပ်ပေးဖို့လိုပါတယ်။  

နိုင်ငံတစ်ကာမှာတော့ ဒီလိုလုပ်ပြီးရလာတဲ့ မြေဆွေးကို “ရွှေနက်” လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ အကြောင်းကတော့ ဒီလိုလုပ်ပြီးရလာတဲ့ မြေဆွေးက အဟာရဓာတ်တွေ ကြွယ်ဝရုံသာမက အပင်အတွက် မြေကြီးအတွက် ရောဂါပိုးတွေကို တိုက်ထုတ်ပေးတဲ့ အကျိုးပြအဏုဇီဝပိုးတွေပြန်ထည့်ရလည်း ရောက်တယ်။ မြေကြီးရဲ့ ဖွဲ့စည်းပုံကိုလည်း ကောင်းမွန်စေတယ်။ အစိုဓာတ်ကို ထိန်းပေးတဲ့ သစ်ဆွေးဓာတ်လည်း ထည့်ရရောက်တယ်။ ဒီအကျိုးကျေးဇူးတွေဟာ ဈေးကြီးပေးပြီး ဝယ်ရတဲ့ ဓာတ်မြေသြဇာမှာတောင် မပါလို့ “အနက်ရောင်ရွှေ” ဒါမှမဟုတ် “ရွှေနက်” လို့ တင်စားခေါ်ဝေါ်ကြပါတယ်။​ တောင်သူများအားလုံး ရတနာ ရွှေနက်ကို ပိုင်ဆိုင်ကြပါစေ။  


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်