တံတားဦးမြို့နယ်အတွင်း ပေါင်ပုပ်၊ လက်ပုပ်ရောဂါကြောင့် နွားသေဆုံးမှု များလာ

15/09/2022 09:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်အတွင်း နွားပေါင်ပုပ်၊ လက်ပုပ်ရောဂါပိုဆိုးလာပြီး သေဆုံးမှု တွေများလာလို့ တံတားဦးမြို့နယ် အိမ်ကန်ရွာမှာနေထိုင်တဲ့ ကိုမိုးမင်းခန့်က Green Way ကို ပြောပါတယ်။

“ ထပ်ဖြစ်တဲ့ အကောင်အရေအတွက် သေချာတော့မသိရသေးဘူး။ ငါးကောင်တော့ ဘေး ညောင်ပင်ဇောက်ရွာမှာ သေသွားတယ်။ ပိုဆိုးလာတယ်ဆိုတော့ အကိုတို့ဖြစ်စေချင်တာက တခြားမြို့နယ်တွေဆို မွေးမြူရေးအဖွဲ့အစည်းတွေက ကားနဲ့လာပြီး ကာကွယ်ဆေးထိုးပေးတယ်လို့ ကြားဖူးတယ်လေ။ အကိုတို့ နယ်ကိုလည်း ဒီလိုမျိုးလာပြီးထိုးစေချင်ပါတယ်” လို့ ကိုမိုးမင်းခန့်က ပြောပါတယ်။ 

ပြီးခဲ့တဲ့နှစ်တုန်းကလည်း တံတားဦးမြို့နယ်အတွင်း အခုလို ပေါင်ပုပ်၊ လက်ပုပ်ရောဂါဟာ လှိုင်း တစ်လှိုင်းလိုမျိုး ဖြစ်သွားခဲ့သေးတယ်လို့ သိရပါတယ်။

“အခုချိန်ကဒီဘက်မှာ မိုးရွာလိုက်နေပူလိုက်ဖြစ်နေတာဆိုတော့ လူတွေမှာ Covid ဖြစ်သလိုပဲ မကုနိုင်ရင်တော့ သေမှာပါပဲ” လို့ ကိုမိုးမင်းခန့်က ဆိုပါတယ်။

လက်ရှိမှာ နွားဈေးကမကောင်းတော့ ကာကွယ်ဆေးထိုးတာမျိုးတွေ ကိုယ်တိုင်မလုပ်နိုင်လို့ အကူအညီ တွေရချင်တယ်လို့ ကိုမိုးမင်းခန့်က ပြောပါတယ်။

“ကိုယ့်ဟာကိုယ်ထိုးရင်ကကျတော့ တစ်ခါထိုးရင်ကို တစ်သောင်းဝန်းကျင် လောက်ကုန်ကျတယ်။ နွားဈေးကောင်းရင်က ကိစ္စမရှိဘူး။ နွားဈေးက နွားလှရင်မှ ၂ သိန်းလောက်နဲ့ နွားမလှရင်တော့ ၁ သိန်း ၁ သိန်းခွဲလောက်ပဲရတော့တယ်”

ပြီးခဲ့တဲ့နှစ်တုန်းက ပေါင်ပုပ်၊ လက်ပုပ်ရောဂါအပြင် ခွာနာလျှာနာ ရောဂါဒဏ်လည်း ခံခဲ့ရသေးပြီး မကြာခင် ဆောင်းဝင်တော့မှာဆိုတော့ အဲ့ဒီ ခွာနာလျှာနာရောဂါကိုလည်း စိုးရိမ်တယ်လို့ ကိုမိုးမင်းခန့်က ပြောပါတယ်။

‘ နွားငယ်လေးတွေ ပေါင်ပုပ် လက်ပုပ်... ရောဂါဝင်နေလို့...ဘယ်လို ကာကွယ်ဆေး သုံးရမလဲ?’ ဆိုပြီး မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်ထဲက ကိုအောင်မိုးဆိုသူကလည်း Green Way ရဲ့ အမေး အဖြေကဏ္ဍမှာ ပြီးခဲ့တဲ့အပတ်အတွင်း မေးခွန်းလာရောက်မေးထားတာလည်း ရှိနေပါတယ်။

‘ ကျွဲ၊ နွားများတွင် အဖြစ်များသည့် ပေါင်ပုပ်၊ လက်ပုပ် ရောဂါအကြောင်း’ ဆိုပြီး ဦးဇော်(dof) ရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို Green Way မှာ ဖော်ပြဖူးပါတယ်။

အခု ဒီရောဂါပြန်ဖြစ်နေတဲ့အတွက် ဒီဆောင်းပါးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

အောက်ကလင့်ခ်ကနေဖတ်ရှုနိုင်ပါတယ်။

https://greenwaymyanmar.com/posts/hand_rot_of_cattle

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်