ထုတ်ကုန်သီးနှံတို့အတွက် စျေးကွက်

27/06/2019 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ခေတ်အဆက်ဆက်မှသည် ယနေ့အထိ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံ၍ ရပ်တည်နေရဆဲနိုင်ငံဖြစ်သည်။ လယ်ယာစိုက်ပျိုးရေးဖြင့် အသက်မွေးရပ်တည်နေကြရသည့် မြန်မာနိုင်ငံ၏ အများစုသော တောင်သူလယ်သမားတို့မှာ အခက်အခဲများနှင့် ရင်ဆိုင်ကြရသည့်အနက် လက်ရှိအခြေအနေတွင် စိုက်ပျိုးရေးထွက်ကုန်များအတွက် သေချာခိုင်မာသော စျေးကွက်တို့ ပျောက်ကွယ်နေခြင်းပင် ဖြစ်သည်။ တောင်သူတို့၏ စိုက်ပျိုးသီးနှံများအတွက် စျေးကွက်မရှိခြင်း၊ ထိုက်သင့်သည့် စျေးနူန်းမရရှိခြင်း၊ စသည့်အကြောင်းတရားတို့ကြောင့် စိုက်ပျိုးရေးကဏ္ဍမှာ တဖြည်းဖြည်းနှင့် ဆုတ်ယုတ်လာပြီလောဟု တွေးစရာဖြစ်လာသည်။ တောင်သူတို့၏ သားသမီးမျိုးဆက်များက လယ်ယာစီးပွားရေးကို စွန့်ခွာကြသည်။ စားဝတ်နေရေး အတွက် ဇာတိဒေသကို စွန့်ခွာကာ အခြားအလုပ်အကိုင်းများဆီသို့ ကူးပြောင်းကြသည်။

တောင်သူတို့ စိုက်ပျိုးထုတ်လုပ်သည့် ထွက်ကုန်အများစုမှာ စျေးကွက်တစ်ခုတည်းကိုသာ မှီခိုကာ စိုက်ပျိုးထုတ်လုပ်ကြခြင်း ဖြစ်သည့်အတွက် ၎င်းတို့ မှီခိုထားသည့် စျေးကွက်က ဝယ်ယူခြင်းမရှိသည့်အခါ (သို့မဟုတ်) ထုတ်လုပ်ထားသလောက် ဝယ်ယူခြင်း မရှိသည့်အခါ (သို့မဟုတ်) စျေးနှိမ်ဝယ်ယူသည့်အခါ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားတို့မှာ ထိခိုက်ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့ကြရသည်။ တစ်ဖက်တွင်လည်း ပတ်ဝန်းကျင်နိုင်ငံများမှ တောင်သူလယ်သမားများနှင့် စိုက်ပျိုးထုတ်လုပ်မှုချင်း ယှဉ်ပြိုင်နိုင်စွမ်း မရှိသည့်အတွက် ထုတ်ကုန်သီးနှံများ၏ ထုတ်လုပ်နိုင်မှုပမာဏ ထုတ်ကုန်သီးနှံများ အရည်အသွေး ထုတ်ပိုးမှုပုံစံ၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်မှု စသည်တို့တွင် နောက်ကျကျန်ခဲ့သည့်အတွက် စျေးကွက်တွင်လည်း ဝယ်သူကသာ အကဲသာသည့် အခြေအနေတို့နှင့် ရင်ဆိုင်ကြရသည်။

တောင်သူတို့၏ အခက်အခဲနောက်တစ်ခုမှာ မျိုးကောင်းမျိုးသန့် ရရှိရေးဖြစ်သည်ဟူ၍လည်း သိရသည်။ စိုက်ပျိုးသီးနှံများ အတွက် မျိုးများကို အိမ်နီးချင်းသီးနှံများမှ တင်သွင်းကြရပြီး အရည်အသွေးအာမခံချက်မရှိသည့်အတွက် ထိခိုက်ဆုံးရှုံးမှုများ တွေ့ကြုံကြရသည်။ စျေးကွက်အာမခံမရှိခြင်း၊ မျိုးစေ့အာမခံမရှိခြင်းတို့အပြင် နောက်တစ်မျိုးမှာ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးစသည့် စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများ၏ အရည်အသွေးနှင့် စပ်လျဉ်း၍ အာမခံချက်မရှိခြင်း ဖြစ်သည်ဟု တောင်သူတို့က ဆိုကြသည်။ စျေးကွက်အတွင်း အချို့တရားမဝင်ရောင်းချနေကြသည့် စိုက်ပျိုးရေးသုံး ဆေးဝါးများကြောင့် စိုက်ပျိုးမြေများ ပျက်စီးမှုဖြစ်ပေါ်ရသည်ဟုလည်း ဆိုကြသည်။  စိုက်ပျိုးရေးကဏ္ဍအတွက် နောက်ထပ်အခက်အခဲတစ်ခုမှာ လုပ်သားရှားပါးမှုပြဿာနာဖြစ်သည်။  လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် လုပ်ကိုင်သည်ထက် ပို၍ဝင်ငွေကောင်းသော ၊ ပို၍သက်သာသော လုပ်ငန်းများဆီသို့ ကူးပြောင်းသွားကြခြင်းကြောင့် လုပ်သားရှားပါးမှုဖြစ်ပေါ်လာပြီး လုပ်အားခကြီးမြင့်မှုကြောင့် ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်များလည်း မြင့်တက်လာရသည်။

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း မြန်မာလယ်ယာစီးပွားရေး ကဏ္ဍ၏ အခက်အခဲများအတွက်  အစိုးရဘက်မှ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားတို့အကြား အချိတ်အဆက်အားကောင်းကောင်းနှင့် ပူးပေါင်းဖြေရှင်းသွားကြဖို့လိုအပ်သည်ဟု ယူဆမိသည်။ စိုက်ပျိုးရေးထွက်ကုန်တစ်ခုစီအတွက် စျေးကွက်တစ်ခုတည်းကိုသာ မှီခိုထုတ်လုပ်နေရမှုမှ လွတ်မြောက်နိုင်ရန် စျေးကွက်သစ်များ ရှာဖွေရေး၊ သီးနှံစျေကွက်များ၏ အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန် စျေးကွက်သတင်းများ ဖြန့်ဝေရေး၊ အရည်အသွေးပြည့်ဝကောင်းမွန်သော သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် နည်းပညာနှင့် အခြားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးစသည်တို့အတွက် သက်ဆိုင်ရာတို့မှ ဆောင်ရွက်ပေးသကဲ့သို့ ကာယကံရှင်တောင်သူများအနေဖြင့်လည်း ဥစ္စာရင်လို ဥစ္စာရင်ခဲဆိုသကဲ့သို့ ဉာဏ်နှင် ဝီရိယတို့ကို အားထည့်စိုက်ထုတ်နိုင်ပါမှ နိုင်ငံတကာ စျေးကွက်တွင် ယှဉ်နိုင်မည်ဟု ယုံကြည်မိပါကြောင်း။

မြန်မာ့အလင်းသတင်းစာ (၂၇.၆.၂၀၁၉)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်