မြန်မာနိုင်ငံတွင်တွေ့ရှိရသော သီးနှံအမျိုးအစားအလိုက် စိုက်ပျိုးဖြစ်ထွန်းရာ မြေအမျိုးအစားများ

14/12/2022 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မြန်မာနိုင်ငံတွင်ရှိသော မြေအမျိုးအစားများအလိုက် တွေ့ရှိနိုင်သော တိုင်းနှင့်ပြည်နယ်များနှင့် စိုက်ပျိုးနိုင်သော သီးနှံအမျိုးအစားများကို ဖော်ပြပေးလိုက်ပါသည်။

(၁) နုန်းမြေ

နုန်းမြေကို ဧရာဝတီတိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အများဆုံး တွေ့ရပါသည်။ နုန်းမြေ တွင် မြေပဲ၊ နှမ်း၊ ဆေး၊ ငရုတ်၊ ပြောင်း၊ ကြံ၊ ပဲမျိုးစုံ နှင့် ဟင်းသီးဟင်းရွက် စသည့်သီးနှံများ စိုက်ပျိုး နိုင်ပါသည်။

(၂) လယ်မြေ 

လယ်မြေကို ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတို့တွင် တွေ့ရပါသည်။ လယ်မြေတွင် စပါး၊ မြေပဲ၊ နှမ်း၊ ပြောင်း၊ ဝါ၊ ဂုန်လျှော်၊ ကြံ၊ ငရုတ် နှင့် ဟင်းသီးဟင်းရွက် စသည့်သီးနှံများ စိုက်ပျိုး နိုင်ပါသည်။

(၃) ဂဝံမြေ 

ဂဝံမြေကို ကရင်၊ မွန်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီ၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးတို့ တွင် တွေ့ရပါသည်။ ဂဝံမြေတွင် ရာဘာ၊ ဆီအုန်း၊ ဒူးရင်း၊ နာနတ်၊ သီဟိုဠ်သရက်၊ ငှက်ပျော၊ အုန်း၊ စသည့်သီးနှံများ စိုက်ပျိုးနိုင်ပါသည်။

(၄) ဝါညိုတောမြေ

ဝါညိုတောမြေကို ကရင်၊ မွန်၊ ရှမ်း ပြည်နယ် နှင့် တနင်္သာရီ၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် တွေ့ရပါသည်။ ဝါညိုတောမြေတွင် ရာဘာ၊ နာနတ်၊ လက်ဖက်၊ နှင့် ဥယျာဉ်ခြံသီးနှံများစသည့် သီးနှံများ စိုက်ပျိုးနိုင်ပါသည်။

(၅) မြေနီ 

မြေနီကို ရှမ်းပြည်နယ်၊ ကယားပြည်နယ် နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် တွေ့ရပါသည်။ မြေနီတွင် ယာစပါး၊ ပဲပုပ်၊ မြေပဲ၊ လက်ဖက်၊ နှမ်း၊ ကော်ဖီ၊ ဟင်းသီးဟင်းရွက် နှင့် ဥယျာဉ်ခြံသီးနှံ စသည့်သီးနှံများ စိုက်ပျိုးနိုင်ပါသည်။

(၆) နီညိုတောမြေ

နီညိုတောမြေကို ကယားပြည်နယ် နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှအပ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် တွေ့ရပါသည်။ နီညိုတောမြေတွင် ရာဘာ၊ သရက်၊ နာနတ်၊ လက်ဖက်၊ ကော်ဖီ၊ ဥယျာဉ်ခြံသီးနှံများနှင့် သစ်တောများကို စိုက်ပျိုးနိုင်ပါသည်။

(၇) မြေနီသဲဝန်း 

မြေနီသဲဝန်းမြေအမျိုးအစားကို စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် တွေ့ရပါသည်။ ဤမြေမျိုးတွင် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲမျိုးစုံ၊ ဝါ၊ ကြံ၊ ငရုတ်၊ နှံစားကပြ ာင်း နှင့် ဟင်းသီးဟင်းရွက် စသည့် သီးနှံများ စိုက်ပျိုးနိုင်ပါသည်။

(၈) စနယ်မြေစေး 

စနယ်မြေအမျိုးအစားကို စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တွေ့ရပါသည်။ ဤမြေ မျိုးတွင် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ဝါ၊ ကြံ၊ ပဲမျိုးစုံ၊ ငရုတ် နှင့် နှံစားပြောင်းစသည့် သီးနှံတို့ကို စိုက်ပျိုး နိုင်ပါသည်။

Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်