ရှေးဟောင်းနည်းဖြစ်တဲ့ ငါးကို စိုက်ပျိုးမြေထဲတိုက်ရိုက်ထည့်စိုက်ခြင်း

09/12/2021 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ငါးရဲ့ဈေးက မြေဩဇာဈေးထက်အဆပေါင်းများစွာသက်သာနေတဲ့အခါ….. 

ငါးကို စိုက်ပျိုးမြေထဲ တိုက်ရိုက်ထည့်တာမျိုးတွေ အခြားနိုင်ငံတွေရဲ့ ဘိုးဘေးတွေခေတ်မှာ ရှိခဲ့ကြပါသတဲ့။ (အောက်ပါပုံထဲကလို) အကြောင်းကတော့ မြေဩဇာဈေးတွေအဆမတန်များလွန်းတာကြောင့်  ဖော့စဖောရပ်ဓာတ်ကို ငါးပုပ်ခြင်းကနေ ရယူခဲ့ကြတာမျိုးပါ။ ငါးက မြေထဲမှာဆွေးမြေ့သွားတဲ့အခါ သဘာဝမြေဆီမြေနှစ်တွေရရှိပြီး စိုက်ပျိုးထားတဲ့ အာလူးပင်အတွက် အညှောင့်ပေါက်ကောင်းသလို အထွက်နှုန်းကိုလည်း ကောင်းစေတာဖြစ်ပါသတဲ့ခင်ဗျာ။

ဒီလိုရှေးကျတဲ့နည်းလမ်းတစ်ခုကို ဥရောပနိုင်ငံတွေဖြစ်တဲ့ နော်ဝေလို နိုင်ငံမှာ ယခုအချိန်ထိ အသုံးပြုဆဲပါ။ ခုအချိန်မှာတော့ ဒီလို ငါးအကောင်လိုက် မြေထဲထည့်ပြီး စိုက်ပျိုးတဲ့စနစ်က အရည်အသွေးမြင့်ပြီး ဈေးကောင်းတဲ့ အာလူးတွေကို ထုတ်လုပ်ပေးနိုင်နေပါတယ်တဲ့ဗျ။

 

(Buhay Bukid ဆိုတဲ့ ဖေ့ဘုတ်စာမျက်နှာက ပို့စ်လေးတစ်ခုကို အစိမ်းရောင်လမ်းပရိတ်သတ်တွေအတွက် ဗဟုသုတဖြစ်စေဖို့ရာ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။)

ဒီလိုနည်းလမ်းက ငါးပေါတဲ့အရပ်ဒေသမှာတော့ အဆင်ပြေပေမယ့် ငါး မပေါတဲ့နိုင်ငံတွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။

ငါးမှ မဟုတ်ပါဘူး ငါးလိုဓာတ်သဘော အသားဓာတ်ရှိတဲ့ မည်သည့်အရာမဆို အဆင်ပြေပါတယ်။ တီထွင်ကြံဆနိုင်ဖို့ပါပဲ။ ကျွန်တော်တို့စီမှာ ပေါပေါရတဲ့  ပဲဖတ် လိုအရာမျိုးတွေလည်း အသုံးပြုလို့ရပါတယ်။

ဒီဆောင်းပါးလေးကိုပြန်လည်ဖော်ပြပေးလိုက်ရတဲ့ အကြောင်းကတော့ ကျွန်တော်တို့နိုင်ငံကတောင်သူတွေလည်း ကိုယ့်ဒေသမှာရှိတဲ့ပေါများတဲ့အရာတွေ ဈေးသက်သာတဲ့အရာတွေနဲ့ မြေဩဇာတွေပြုလုပ်သုံးစွဲနိုင်ကြဖို့ပါ။

စိုက်ပျိုးရေးကို လုပ်ငန်းရှင်လို အရှုံးအမြတ်တွက်ပြီး လုပ်နိုင်ကြပါစေခင်ဗျာ

ကိုယ်တိုင်ပြုလုပ်လို့ရတဲ့မြေဩဇာပြုလုပ်နည်းတွေကိုလည်း ဆော့ဝဲထဲက "အပင်အာဟာရ" ကဏ္ဍမှာလေ့လာနိုင်ကြောင်း သတင်းကောင်းပေးအပ်လိုက်ပါတယ်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်