လက်ရှိ အယ်လ်နီညိုနဲ့ အိုင်အိုဒီ အခြေအနေ

03/11/2023 15:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

၂၀၂၃-၂၄ ခုနှစ် အယ်လ်နီညိုနှင့် IOD အခြေအနေတို့ကို တိုင်းတာခန့်မှန်းရာမှာ အခုဖြစ်နေတဲ့ အယ်လ်နီညိုကတော့ ၂၀၂၃ ခုနှစ်အကုန်၊ ၂၀၂၄ ပထမ ၃ လ/၄ လလောက်အထိဆက်ပြီး ဖြစ်နေနိုင်မယ်လို့ ကမ္ဘာ့မိုးလေဝသဌာနများက ကြိုတင်ခန့်မှန်းချက်တွေ ထုတ်ပြန်ထားကြပြီးဖြစ်ပါတယ်။ အယ်နီညိုရဲ့ လတ်တလောဖြစ်နေတဲ့ အခြေအနေက ပိုပြီးအားကောင်းလာမလား၊ အားပျော့နေမလား၊ အားအသင့်အတင့်ပဲလားဆိုတာကိုတော့ အီကွေတာဝန်းကျင်က ပင်လယ်ရေမျက်နှာပြင်အပူချိန်တွေကို တိုင်းတာပြီးခန့်မှန်းတာဖြစ်ပါတယ်။

အဲ့သလိုခန့်မှန်းကြရာမှာ

  • အီကွေတာမြောက်ဘက် ၁၀° နဲ့ အီကွေတာတောင်ဘက် ၁၀°ကြားက အရှေ့လောင်ဂျီတွတ် ၁၅၀°နဲ့ အရှေ့လောင်ဂျီတွတ် ၁၈၀° ကြားကို Nino-4
  • အီကွေတာမြောက်ဘက် ၁၀° နဲ့ အီကွေတာတောင်ဘက် ၁၀°ကြားက အရှေ့လောင်ဂျီတွတ် ၁၇၀°နဲ့ အနောက်လောင်ဂျီတွတ် ၁၂၀° ကြားကို Nino-4&3
  • အီကွေတာမြောက်ဘက် ၁၀° နဲ့ အီကွေတာတောင်ဘက် ၁၀°ကြားက အနောက်လောင်ဂျီတွတ် ၁၂၀°မှ မက္ကဆီကိုပင်လယ်ကွေ့ကြားခန့်မှန်း အနောက်လောင်ဂျီတွတ် ၇၈° အထိကို Nino-1&2 ဆိုပြီး ပင်လယ်ရေမျက်နှာပြင်အပူချိန်တွေကို ဧရိယာပိုင်းခြားတိုင်းတာတာဖြစ်ပါတယ်။

Nino1, 2, 3, 4 ဧရိယာတွေမှာ ဖြစ်ပေါ်လာတဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန် ၀.၅ ဒီဂရီအထက်ကို မြင့်တက်လာရင် အယ်လ်နီညိုစောင့်ကြည့်အခြေအနေ၊ ၀.၅ ဒီဂရီအောက်ကိုကျလာရင် လာနီညာစောင့်ကြည့်အခြေအနေလို့ သတ်မှတ်ပြီး အယ်လ်နီညို/လာနီညာဖြစ်နိုင်ချေတွေကို ဆက်လက်စောင့်ကြည့်ကြတာဖြစ်ပါတယ်။

မက္ကဆီကိုပင်လယ်ကွေ့မှ အနောက်ဘက်ပစိဖိတ်သမုဒ္ဒရာတလျောက်က ပင်လယ်ရေမျက်နှာပြင်အပူချိန်တွေအပြင် အိန္ဒိယသမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်ကိုလဲ စောင့်ကြည့်ပြီး INDIA OCEAN DIPOLE - IOD အခြေအနေတွေကို POSITIVE IOD/NEUTRAL IOD နဲ့ NEGATIVE IOD အခြေအနေများအဖြစ် ထုတ်ပြန်ကြေညာပါတယ်။

အယ်လ်နီညိုနဲ့ IOD POSITIVE ဖြစ်နေတဲ့ကာလအတွင်း မြန်မာနိုင်ငံရဲ့ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက မိုးလေဝသဖြစ်စဉ်တွေကို ပြန်ကြည့်တဲ့အခါ - 

အယ်နီညိုအားပိုကောင်းလာတဲ့ ဖြစ်စဉ်ကြောင့် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုအခြေအနေအစား - ရန်ကုန်တိုင်း၊ ပဲခူးတိုင်းအတွင်းမှာ ထူးကဲတဲ့ ရေကြီးရေလျှံဖြစ်စဉ်တွေ(ပဲခူး၊ လှည်းကူး၊ ဥက္ကံ၊ မတ္တရာနဲ့ မြစ်ငယ်၊ ရွှေစာရံစတဲ့ဒေသတွေမှာ)နှစ်ပေါင်း ၆၀ အတွင်း မိုးသည်းထန်ပြီး ဆည်ရေတွေ လျှံကျတာကြောင့် ထူးထူးခြားခြားရေကြီးခဲ့တာနဲ့ 

မုတ်သုံဆုတ်ခွာရက်က ပုံမှန်ထက် ၄ ရက်ခန့်နောက်ကျဆုတ်ခွာခဲ့ပြီး မုတ်သုံဆုတ်ခွာချိန် အရှေ့လေစီးကြောင်း(ကုန်သည်လေစီးကြောင်း)အားကောင်းလာပြီး အရှေ့ဘက်က မိုးတိမ်များဝင်လာတာ၊ အနောက်တောင်လေပျော့ပျော့နဲ့ အရှေ့လေတို့ထိတွေ့ရာက လေဝဲများဖြစ်ပေါ်ပြီးပိုအားကောင်းလာရာက ဆိုင်ကလုန်းမုန်တိုင်း HAMOON ဖြစ်လာတာတွေ့ရပါတယ်။

အရှေ့လေအားကြောင်းခြင်းနဲ့ မြောက်ဘက်က လေဖိအားများရပ်ဝန်း၊ ဆိုင်ကလုန်းလက်ဝဲရစ်လေစီးကြောင်းကို ဆန့်ကျင်တဲ့ wind-shear တွေ အားကောင်းနေတာကြောင့် ဆိုင်ကလုန်း HAMOON မြန်မာနိုင်ငံကိုမဝင်ပဲ ဘင်္ဂလားဒေ့နိုင်ငံ ကမ်းရိုးတန်းကိုသာ ဖြတ်ကျော်ဝင်ရောက်ခဲ့တာအပြင် မုန်တိုင်းကြောင့် မိုးသည်းထန်တဲ့ ဒေသများလဲ နည်းပါးသွားခဲ့တာ မြန်မာနိုင်ငံအတွက် အလွန်ကံကောင်းသွားတာပါ။

BoM-A က နိုဝင်ဘာလ ၈ ရက်နေ့မှာ အယ်လ်နီညို+IOD အခြေအနေတွေကို အသစ်တကြိမ်ထပ်မံထုတ်ပြန်ပေးသွားပါလိမ့်မယ်။

နောက်ဆုံးရရှိတဲ့ အယ်လ်နီညိုနဲ့ IOD POSITIVE အခြေအနေများ

အောက်တိုဘာလ ၂၄ ရက်နေ့မှာ ဩစတေးလျမိုးလေဝသဗျူရို(BoM-A)က နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ အယ်လ်နီညိုအခြေအနေတဖြည်းဖြည်းပိုအားကောင်းလာသလို IOD Positive ကလဲ အားကောင်းကောင်းနဲ့ဆက်ပြီးရှိနေတာတွေ့ရပါတယ်။ 

ရက်ဝေးကြိုတင်ခန့်မှန်းချက်တွေမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း အယ်လ်နီညို(NINO 3.4)အပူချိန်အမြင့်ဆုံး-အားအပြင်းဆုံးဖြစ်ချိန်မှာ IOD အပူချိန်က ကျဆင်းလာမယ်လို့ တွေ့ရတာကြောင့် ၂၀၂၄ ဇန်နဝါရီလမှ ဖေဖေါ်ဝါရီ၊ မတ်လတွေအထိ အာရှ - အရှေ့တောင်အာရှနဲ့ အိန္ဒိယတိုက်တွေမှာ အယ်လ်နီညိုရဲ့သက်ရောက်မှု အများဆုံးခံကြရမယ့်ကာလလို့ ခန့်မှန်းနိုင်ပါမယ်။ ပူပြင်းခြောက်သွေ့မယ်၊ တောမီးလောင်ကျွမ်းမှုတွေများနိုင်မယ်၊ ဒေသတချို့မှာ ရေရှားပါးပြတ်လပ်မှုတွေ ကြုံတွေ့ရနိုင်ပါတယ်။

အဲ့ဒီတော့ကာ ..

  • ၂၀၂၃-၂၄ ခုနှစ် အယ်လ်နီညိုက ပင်လယ်ရေမျက်နှာပြင်အပူချိန်တွေ ထပ်ပြီးမြင့်တက်လာနိုင်မဲ့ အခြေအနေအရ ဇန်နဝါရီလမှာ အားအသင့်အတင့်မှ အားကောင်းနိုင်မယ်လို့တော့ခန့်မှန်းရပါတယ်။ 
  • အယ်လ်နီညိုအားအကောင်းဆုံးဖြစ်လာနိုင်မဲ့ ဒီဇင်ဘာလမတိုင်ခင် နိုဝင်ဘာလ ၁ ရက်မှ ၁၄ ရက်ကာလအတွင်း တောင်တရုတ်ပင်လယ်မှာ မုန်တိုင်းဖြစ်လာနိုင်ချေ ၂၀% ရှိနေပြီး၊ ဘင်္ဂလားပင်လယ်အော်အတွင်းမှာတော့ မုန်တိုင်းဖြစ်နိုင်ချေ ၃၀% ရှိနေပါတယ်။

နိုဝင်ဘာလကုန် မိုးလွန်ကာလအတွင်း အယ်လ်နီညိုကြောင့် ထူးခြားတဲ့ မိုးလေဝသအခြေအနေဘယ်လိုဖြစ်လာနိုင်မယ်ဆိုတာစောင့်ကြည့်ရင် မိုးစပါးရိတ်သိမ်းတဲ့အချိန်တွေ အနှောင့်အယှက်မဖြစ်ပါစေနဲ့လို့တော့ ဆုတောင်းမိပါကြောင်း။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်