၂၀၂၀ ခုနှစ်တွင် ယခင်နှစ်များကထက် ဖားဈေးကွက်ကျဆင်းနေကြောင်း စီးပွားဖြစ် ဖားမွေးမြူသူများကပြောသည်။
တစ်နှစ်ထက် တစ်နှစ် ရာသီဥတုက ပြောင်းလဲလာတယ်။ ရာသီဥတုက ပူတုန်းကလည်း အတော်ပူတယ်။ ဒေသဖားတွေ ဟိုးအရင်တုန်းကလို မပေါများတော့ဘူး။ လယ်ကွင်းထဲ ဖားရိုက်၊ ဖားကောက်သူတွေ အသိဆုံးပါ။ ကိုယ့်နိုင်ငံက လုံလောက်အောင်မှ မထုတ်လုပ်နိုင်တော့ ပြည်ပကဝင်လာတဲ့ဖားတွေလည်း ရှိတယ်။ ပြည်တွင်းမှာ ကိုယ်တိုင် ဖားသားဖောက်မွေးတတ်တဲ့သူကလည်း နည်းနေသေးတယ်။
ဟု ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ကဒပ္ပနကျေးရွာ ဖားမွေးမြူရေးခြံမှ ဦးမိုးရဲဝင်း (SALMON) က ပြောသည်။
မူလဖားဈေးကွက် ခိုင်မာမှုမရှိသည့်အပြင် ဟိုတယ်၊ ထမင်းဆိုင်၊ စားသောက်ဆိုင်များ အရောင်းအဝယ် နည်းပါးနေခြင်းကြောင့် ပြည်တွင်းရှိ ဖားမွေးမြူရောင်းချသူများ တွက်ချေမကိုက်ကြခြင်း ဖြစ်သည်။
သည်လိုပဲ ကိုယ်မွေးတာလေး ကိုယ့်ဘာသာဈေးကွက်ရှာ။ ထမင်းဆိုင်၊ ဟင်းဆိုင်၊ ဟိုတယ်တွေကို ပို့နေကြရတာ။ မွေးမြူတဲ့ မြေ၊ ရေ၊ နေရာတွေက ငှားမွေးရတာမို့၊ ဈေးကွက် တစ်ခုခုများအတိမ်းအစောင်းဖြစ်တာနဲ့ အရှုံးပေါ်ရောပဲ။
ဟု ဦးမိုးရဲဝင်း က ဆက်လက်ပြောသည်။
ဈေးကွက်အတွင်း ဖားအသား(အစို) တစ်ပိဿာလျှင် ကျပ် (၄၀၀၀) ကျပ်မှ ကျပ် (၆၀၀၀) ဈေးနှုန်းဖြင့် ရောင်းဝယ်ဖောက်ကားနေကြောင်း သိရသည်။
Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more
Greenovator