COVID ဒုတိယလှိုင်းကာလအတွင်း အသားတိုးကြက်သား ခြံဖမ်းဈေး တစ်ပိဿာလျှင် ၁၇၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်းသွားကြောင်း ကိုယ်တိုင်မွေးမြူထုတ်လုပ်နေသူများထံမှ သိရသည်။
ဝယ်လိုအားက အရင်ဈေးကွက်ထက် ၄၀ %လောက်ပဲ ရှိတော့တယ်။ ၆၀ % ကပြုတ်ကျသွားတယ်။ စားသောက်ဆိုင်တွေပိတ်တယ်။ ဟိုတယ်၊ မိုတယ်တွေ လူအဝင်အထွက်ပါးတဲ့အချိန်ဆိုတော့ ကြက်သားဝယ်လိုအားက ပြုတ်ကျသွားတာ။ ကြက်သားဈေးက ခြံဖမ်းဈေး အခုဆိုရင် တစ်ပိဿာကိုမှ ၁,၆၀၀၊ ၁,၇၀၀ လောက်ပဲ ရှိတယ်။ ဒီလပိုင်းမှာတော့ တောက်လျှောက် ဆက်ပြီးရှုံးသွားဦးမှာပါ။
ဟု မြန်မာနိုင်ငံ အသားတိုးကြက်မွေးမြူထုတ်လုပ်သူများအစုအဖွဲ့ ဥက္ကဌ ဒေါက်တာကျော်ဝင်းက ပြောသည်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလကုန်မှ စတင်၍ ကြက်သားဈေးနှုန်းများ ပြန်လည်မြင့်တက်လာရန် မွေးမြူသူများ မျှော်လင့်ထားကြကြောင်း သိရသည်။
ဈေးကွက်အခုလိုဖြစ်နေတော့ ပြည်ပ (ထိုင်းနိုင်ငံ) ကနေ ကြက်ပေါက်တင်သွင်းနေတာကို အောက်တိုဘာလတစ်လ ရပ်ဆိုင်းထားမယ်လို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အတည်ပြုထားတယ်။ နောက်ပြီး အခုလတ်တလောမှာ ကြက်သားဈေးတအားကျနေတာကြောင့် မွေးမြူသူတွေဘက်ကလည်း ကြက်သားထုတ်လုပ်မှုကိုလည်း လျော့ချလာကြမှာရယ်ကြောင့် ကြက်ဈေးက ပြန်တက်လာဖို့ရှိတယ်။ ဒီအောက်တိုဘာလတော့ ပြန်မတက်လောက်သေးဘူး။ နိုဝင်ဘာလလောက်မှာ ပြန်တက်လောက်မယ်လို့ ခန့်မှန်းထားတယ်။
ဟု ဦးကျော်ဝင်းက ဆက်လက်ပြောသည်။
ယခုကဲ့သို့ အသားတိုးကြက် ခြံဖမ်းဈေးများ ကျဆင်းသွားခြင်းကြောင့် ကြက်မွေးမြူထုတ်လုပ်သူများအနေဖြင့် ကြက်အကောင်ရေ (၁,၀၀၀) လျှင် ငွေ (၁၅) သိန်းဝန်းကျင်အထိ ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့နေရကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more