သီးနှံတစ်မျိုးတည်း ဆက်တိုက်စိုက်ရင် ဘာတွေဖြစ်လာနိုင်သလဲ

22/09/2020 17:00 PM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    သီးနှံတစ်မျိုးတည်း ဆက်တိုက်စိုက်ပျိုးခြင်းကတော့ ကျွန်တော်တို့တောင်သူတွေရဲ့ မိရိုးဖလာလုပ်ငန်းတစ်ခုလို့တောင် ပြောလို့ရပါတယ်။ ဘာလို့ဆိုရင် တောင်သူအများစုဟာ မြေနေရာတစ်ခုတည်းမှာပဲ ဘိုးဘွားလက်ထက်ကတည်းက နှမ်းစိုက်လို့ အခုထိလည်း နှမ်းပဲ ဆက်တိုက်စိုက်နေတာမျိုးတွေ ရှိနေဆဲပါပဲ။ ဒီလိုမြေနေရာတစ်ခုတည်းမှာ သီးနှံတစ်မျိုးတည်း ဆက်တိုက်စိုက်ခြင်းဟာ ကောင်းကျိုးအနည်းငယ်ရှိပေမယ့် မကောင်းတဲ့အပိုင်းက ပိုများနေလို့ ဆိုးကျိုးတွေကိုသာ ဖော်ပြပေးလိုက်ရပါတယ်ဗျ။

ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်မရှိခြင်း

    မြေနေရာတစ်ခုတည်းမှာ သီးနှံတစ်မျိုးတည်းကို ဆက်တိုက်စိုက်ခြင်းက နှစ်စဉ်ကျရောက်လျှက်ရှိတဲ့ ပိုးမွှားရောဂါတွေကို နှိမ်နင်းဖို့ ခက်ခဲလာပါတယ်။ ဥပမာ ငရုတ်ကို နှစ်စဉ်စိုက်တယ်ဆိုကြပါစို့။ ဒီငရုတ်မှ ာနှစ်စဉ်ကျရောက်နေတဲ့ စုပ်စားပိုးကို ဖျန်းနေကျဆေးပဲသုံးပြီးနှိမ်နင်းတာမို့ စုပ်စားပိုးတွေက ဆေးဒဏ်ကို ခံနိုင်ရည်ရှိလာတတ်ပါတယ်။ ဒါ့ကြောင့်လည်း သီးလှည့်စိုက်ကြည့်ပါဆိုတာမျိုးကို အကြံပေးလာကြတာပေါ့။ နောက်တစ်ချက်က သီးနှံတစ်မျိုးတည်း စိုက်ထားခြင်းကြောင့် တစ်ပင်ကို ပိုးမွှားရောဂါစဖြစ်ရင် တစ်ခင်းလုံးကူးဆက်သွားဖို့ အရမ်းလွယ်ပါတယ်ဗျ။

စိုက်ပျိုးမြေများ ပျက်ဆီးခြင်း

    သီးနှံတစ်မျိုးတည်းကို မြေဆီလွှာတစ်ခုတည်းမှာ ဆက်တိုက်စိုက်ပျိုးတဲ့အခါ တချို့သောအာဟာရဓာတ်တွေက အချိန်ကြာလာသည်နှင့်အမျှ ကုန်ခမ်းသွားတတ်ပါတယ်။ အခုလိုမြေကြီးက အာဟာရချို့တဲ့လာတဲ့အခါမှာ သဘာဝမြေဩဇာအပြင် ဓာတုမြေဩဇာအမြောက်အများကိုလည်း ထည့်ပေးရပါတယ်။ ဓာတုမြေဩဇာတွေ များလာတဲ့အခါမှာတော့ မြေကြီးကကျန်းမာရေးချို့တဲ့လာပြီး တချို့မြေတွေဟာဆိုရင် ဘာသီးနှံမှ စိုက်မရတော့အောင် ဖြစ်သွားတတ်ပါတယ်။ မြေဆီဩဇာချို့တဲ့စေပြီး မြေဆီလွှာတိုက်စားမှုဒဏ်ကိုလည်း ခံနိုင်ရည်ရှိမှာကျဆင်းလာပါတယ်ဗျ။

ပိုးသတ်ဆေးအများအပြားသုံးရခြင်း

    သီးနှံဆက်တိုက်စိုက်ပျိုးခြင်းဟာ ပိုးကျရောက်မှုလွယ်ကူတာကို တွေ့ရပါတယ်ဗျ။ ပိုးတွေကို နှိမ်နင်းဖို့ဆိုပြီး ပိုးသတ်ဆေးတစ်မျိုးပြီးတစ်မျိုး သုံးလေ့ရှိကြပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းက ကုန်ကျစရိတ်များသလို ပိုးသတ်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားကြရပါတယ်။ ရေမှာပျော်ဝင်ပြီး စိမ့်ဝင်သွားတဲ့ ပိုးသတ်ဆေးတွေကြောင့် ရေနေသတ္တဝါတွေအတွက် ကြီးမားတဲ့ဆိုးကျိုးတွေ ဖြစ်ပေါ်စေပါတယ်။

မြေဩဇာအများအပြားကျွေးရခြင်း

    သီးနှံတစ်မျိုးတည်း ဆက်တိုက်စိုက်ခြင်းက စိုက်ပျိုးမြေရဲ့ အာဟာရတွေကို ကုန်ခမ်းစေပြီး မြေကြီးကိုပျက်ဆီးစေပါတယ်။ ဒါကြောင့် ဓာတ်မြေဩဇာတွေ အမြောက်အများ ပြန်လည်ဖြည့်တင်းပေးရပြီး ကုန်ကျစရိတ်များသလို မြေကြီးနဲ့  သဘာဝပတ်ဝန်းကျင်အတွက်လည်း ကောင်းတဲ့အချက်တော့ မဟုတ်ပါဘူး။ 

ရေနှင့်လေထု ညစ်ညမ်းစေခြင်း

    သီးနှံတစ်မျိုးတည်းကို ဆက်တိုက်စိုက်တဲ့အခါမှာဆိုရင် နှစ်စဉ်သုံးနေကျဖြစ်တဲ့ ဓာတုပိုးသတ်ဆေးတွေ၊ ဓာတ်မြေဩဇာတွေကိုပဲ ဆက်သုံးလေ့ရှိကြပါတယ်။ ဒီလိုသုံးခြင်းက နှစ်တွေကြာလာတဲ့အခါမှာ ရေထုနဲ့ လေထုညစ်ညမ်းမှုတွေကို ဖြစ်ပေါ်စေပါတယ်။ နိုက်ထရိုဂျင်ဓာတ်မြေဩဇာတွေက မြေဆီလွှာထဲမှာ နိုက်ထရိတ်အဖြစ်ပြိုကွဲပြီး မြေကြီးထဲမှာ အလွယ်တကူ ရွှေ့လျားသွားလာကြပါတယ်။ အဲ့ဒီနိုက်ထရိတ်တွေဟာဆိုရင် မြေကြီးထဲမှတဆင့် ဆယ်စုနှစ်များစွာတည်ရှိနေတဲ့ မြေအောက်ရေထဲရောက်ရှိသွားပြီး မြေအောက်ရေညစ်ညမ်းမှုတွေကို ဖြစ်ပေါ်စေပါတယ်ဗျ။

    ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးမှာဆိုရင် မြေကြီးက အသက်ပါပဲ။ မြေကြီးမရှိရင် စိုက်ပျိုးရေးလုပ်ကိုင်ဖို့မလွယ်သလို ရှိပြီးသားမြေနေရာကလည်း မြေဆီမြေဩဇာကောင်းပြီး ကျန်းမာတဲ့မြေဖြစ်ဖို့လိုပါတယ်။ ဒါမှလည်း ရေရှည်စိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ်။ရေရှည်တည်တဲ့စွာ စိုက်ပျိုးရေးလုပ်ကိုင်မယ်ဆိုရင်တော့ မြေနေရာတစ်ခုတည်းမှာ သီးနှံတစ်မျိုးတည်း ဆက်တိုက်စိုက်ခြင်းကို ရှောင်ရှားဖို့လိုပါတယ်ဗျ။ ၎င်းအစား သီးလှည့်စိုက်ခြင်း၊သီးညှပ်စိုက်ခြင်း၊သီးထပ်စိုက်ခြင်းတွေလုပ်သင့်တယ်လို့ လေးစားစွာအကြံပြုလုပ်ရပါတယ်ဗျ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်